PART 1♡︎(Uni\Zaw)

542 42 4
                                    

မဟာနေမင်းကြီးဟာ တဖြေးဖြေးနဲ ထွက်ပေါ်စပြုလာလေပီ ။နေမင်ကြီးဟာ သူရဲ့တနေ့တာတာဝန်ကို ထမ်းဆောင်ရန် အတွက် ထွက်လာခဲ့လေပီ။ နေမင်းကြီးကြောင့် ကျေးငှက် သရကာလေးတွေရဲ့ တဆာဆာ အော်မြည်သံလေးတွေဟာ သီချင်း တပုဒ်ကို သီဆိုနေကြသည့်အလား။ထို့အတူ ပန်းပွင့်လေးတွေဟာ ပျော်ရွှင်လမြူးထူးစွာဖြင့် လှလှပပလေး နဲ့ ပွင့်လန်းလာကြသည်။ တဖန် လူသားတွေဟာ မနက်ခင်းရောက်ပီဆိုလျှင် ကိုယ်စီ ကိုယ်စီ ကိုယ့်ရဲ့ တာဝန်အသီးသီး
ကိုထမ်းဆောင်ရန်အတွက် နိုးထကြရတော့တယ်။

တောင်ကိုးရီယားနိုင်ငံ Seoul မြို့နယ် ရဲ့ ကြီးကျယ် ခမ်းနားလှသော စံအိမ်တော်ကြီးရှ လူတွေဟာ လဲ ကိုယ့်ရဲ့ တာဝန်အသီသီး ကိုထမ်းဆောင်နေကြလေပီ။ တခြားလူတွေဟာ သူတို့ရဲ့ တာဝန် အသီးသီး ထမ်းဆောင်နေကြနေချိန်မှာ အိမ်တော်ကြီးရှိ တဦးတည်းသော သခင်လေးဖြင့် နှစ်နှစ် ခြိုက်ခြိုက် အိပ်စက်နေဆဲပင်။ နေရောင်ခြည်လေးတွေဟာ ဘယ်လို ပင် အခန်းထဲထိ ဝင်ရောက် ကျီစားပါစေ ထိုလူသားလေးဟာ အိပ်မောကျနေဆဲပါပဲ။ ~~~အင်းလေ ညကအိပ်တဲ့အချိန်ကလဲ 1:00Am ဖြစ်နေလေပီ။

Park Jimin ဟာ Parkစံအိမ်တော်ကြီးရဲ့ တဦးတည်းသော သားလေးတဦးပင် ။မိဘ တွေကလဲ တဦးတည်းသော သားလေးကို သဲသဲလှုပ် အလိုလိုက်ထားလေရဲ့ ။ တဦးတည်းသော သူငယ်ချင်းဖြစ်သူကလဲ အရမ်းဂရုစိုက်တတ်တော့ Park Jimin ဘဝဟာ လူသားတိုင်း အားကျရတဲ့ ဘဝတခု ပါပဲ ။

ဒီနေ့က တက္ကသိုလ် ကျောင်းပထမဆုံးတက်ရမည့်နေပင်ဖြစ်သည်။ ချမ်းသာတဲ့ သူဌေးသားလေးဖြစ်ပေမဲ့ မာနကြီးတာ ၊မောက်မာတွေလဲမရှိပါ ။
လူတိုင်းပေါ်မှာ ခင်မင်တတ်တယ် ၊ စာနာ သနားတတ်တယ် ၊ ကိုယ်ချင်းစာစိတ်နဲ့မေတ္တာ တရားထားတတ်တဲ့ ချစ်စရာ လူသားလေးတယောက်ပါလေ။ ဒီနေ့က ပထမဆုံး ကျောင်းတက်ရမယ်ဆိုတာ သိပေမဲ့ လဲ ကိုယ့်အမြတ်အနိုးရဆုံး လူသားလေးရဲ့ Concert ရှိတယ်ဆိုတော့ ဘယ်တတ်နိုင်ပါ့ မလဲလေ ။

ဟုပါတယ် Jmလေးဟာ Bangtan Seoyeondam
အဖွဲ့ရဲ့ Fan တယောက်ဖြစ်ပါတယ်။ အဖွဲ့ထဲမှာအသက်အငယ်ဆုံးဖြစ်တဲ့ Jeon Jungkookဆိုတဲ့လူသားလေး ကို အမြတ်နိုးရဆုံး ပါလေ။ ညက Concertပီးတော့ တဖွဲ့လုံးက V_live ကနေ Liveထပ်လွင့်နေတော့ Jmကလဲ မအိပ်သေးပဲ ဆက်ကြည့်နေလိုက်တာ ညနက်သွားလေးရဲ့။

♡︎Lᴏᴠᴇ Is Lᴏᴠᴇ♡︎Where stories live. Discover now