PART 10♡︎(Uni&Za)

246 28 0
                                    

Unicode

တခါတလေတော့လဲ သာမန်လူသားတယောက်ဖြစ်ချင်မိတယ်။ အခုလိုမျိုး ကမ္ဘာကျော် အဆိုတော်တယောက် ဖြစ်နေရတာ မွန်းကြပ်မိတယ်။ အပြင်တခါထွက်ရင် မျက်နှာကို Maskတပ်လိုက် မျက်မှန်တပ်လိုက် ဦးထုပ်အောက်စိုက်ဆောင်းပီးထွက်ရတာ။ မလွတ်လပ်တော့ဘူး Fanတွေသတိထားမိရင် ပြဿနာဖြစ်နိုင်တာမို့ ဒီလိုမျိုး ထွက်ရတာ။

အခုလဲ ကိုယ်ချစ်ရသူနဲ့ First Dateလေးလုပ်ချင်ပေမဲ့ အပြင်ထွက်ရင် အခက်အခဲဖြစ်မှာသိလို့ မသွားရဘူး။ သူကတော့အရာရာနားလည်ပေးနိုင်ပေမဲ့ ကိုယ်ကတော့ သွားချင်တယ်။ တခြားချစ်သူစုံတွဲတွေလို ပျော်ပျော်ရွှင်ရွှင် နဲ့ First Dateလေးကိုဖြတ်သန်းကြတာလေ။

ချစ်ရသူလက်ကိုတွဲပြီး ပထမဦးဆုံး မနက်စာလေးကို သူ့ရဲ့မျက်နှာလေးကိုကြည့်ရင်း အတူတူစားကြမယ်။ ပီးရင် သူသွားချင်တာတွေ စားချင်တာတွေ လုပ်ချင်တာတွေကို ပြုံးပြုံးလေးနဲ့ လုပ်ပေးမယ်။ ချစ်ရသူလေးရဲ့ ပျော်ရွှင်နေတဲ့ ပုံလေးတွေကို Memoriesလေးတွေအဖြစ် ကိုယ်ရဲ့ Camera ထဲမှာ သိမ်းထားမယ်။မျက်လုံးလေးတွေ မှိတ်သွားအောင်ပြုံးတဲ့ လူသားလေးကိုကြည့်ပြီး အချစ်ကားတွေပြောမယ်။

ဒါတွေက ကမ္ဘာကျော် တယောက်ဖြစ်တဲ့ ကိုယ့်အတွက်တော့ စိတ်ကူးယဥ်ဇာတ်လမ်းလေးပေါ့။
စိတ်ကူးရရုံနဲ့ ပျော်နေမိတာ။ တကယ်သာလုပ်ခွင့်ရမယ်ဆိုရင် ကမ္ဘာမှာ အပျော်ဆုံးလူသားဖြစ်မှာပဲ။ စိတ်ထဲက အတွေးနဲ့အပြင်က ဆန့်ကျင်ဘက်ဖြစ်နေသောအခါလဲ စိတ်ထဲမကောင်းဖြစ်မိပြန်ပီ။ ဒါပေမဲ့တွေးရင်းနဲ့ ညကသူလေးပြောတဲ့ စကားတွေကြားတော့လူက ပြုံးမိပြန်ပီ။
.......................................................................

သီးချင်းဆိုပီးလို့ Armyလေးတွေကို နှုတ်ဆက်ပီးတာနဲ့ စင်နောက်ကနေဆင်းလာလိုက်တော့တယ်။
လက်ကိုဆွဲထားရင်းဆင်းလာခဲ့တော့ အကုန်လုံးက ဝိုင်းစကြတော့သည်။ Staffအကိုကြီးတွေလဲ ဝိုင်းစ Hyungတို့ကလဲ အောက်ရောက်တော့ မနေနိုင်မထိုင်နိုင် ဝိုင်းစကြတော့သည်။ ဒီလိုလေးကျတော့လဲ တွေးထင်ထားတာထက် အများကြီးစိတ်အေးရတယ်။ ခါး"သီး"လုံးဝမဆန့်ကျင်ပဲ ဖော်"ရွေ"လေးဆက်ဆံပေးကြတဲ့အတွက် အကုန်လုံးကိုလဲ ကျေးဇူးတွေတင်ရပြန်ပီ။

♡︎Lᴏᴠᴇ Is Lᴏᴠᴇ♡︎Место, где живут истории. Откройте их для себя