Unicode
"Ommaသားလေး ဒီနေ့အလှဆုံးပဲ လူတွေအားလုံးထဲမှာ သားလေးကနတ်သားတစ်ပါးအလားတောက်ပနေတော့မှာပဲ"
အလှပြင်ခန်းတွင်း တကိုယ်လုံးးအဖြူရောင်တွေဝတ်ဆင်ထားပီး နတ်သားတစ်ပါးလေးအလား လှပနေတဲ့သူ့ကိုကြည့်ပီး အကုန်လုံးကကြည်နူးနေကြသည်။ မိန်းကလေးတစ်ယောက်မဟုတ်ပါပဲ မိန်းကလေးတွေထက်ပိုပီးလှပနေသယောင် ။
"အာ Ommaကလဲ Ommaလဲအရမ်းလှနေတာပါနော်"
ကဲ ဒီသားအမိနှစ်ယောက် အပြန်အလှန်အမွမ်းတင်နေကြပြန်ပီ။"သား အခုဆိုသားကလူလွတ်တစ်ယောက်မဟုတ်တော့ဘူးနော် ကလေးဆန်နေလို့မရတော့ဘူး "
"Omma ကလဲ သားလိမ္မာပါတယ် "သူမ ရဲ့တစ်ဦးတည်းသောသားလေးမင်္ဂလာပွဲများ ပျော်လဲပျော်သလို ဝမ်းလဲနည်းနေမိသည်။လက်ထပ်ပီးသွားရင် သူတို့ရင်ခွင်ထဲကနေ ထွက်သွားရတော့မှာသိလို့ သူမဝမ်းနည်းနေမိသည်။
"Omma ဘာလို့ငိုနေတာလဲဟင် မငိုပါနဲ့ သားOmmaတို့အနား အမြဲလာနေမှာပါ "
"အင်းပါ သားရယ် ကဲပါ သားပြင်ဆင်လိုက်အုံး Omma အပြင်မှာဧည့်သည့်တွေကိုကြိုဆိုလိုက်အုံးမယ်နော် "
"ဟုတ်ကဲ့"Jiminလဲ ငယ်ငယ်ထဲကနေအခုချိန်ထိ မိဘတွေရဲ့ရင်ခွင်ကနေတခါမှမခွဲခွာရဖူးတော့ သူ့ရင်ထဲဝမ်းနည်းမှုကကြီးစိုးနေလေသည်။ ဒါပေမဲ့ ဒီနေ့ကမင်္ဂလာနေ့ရက်မို့ သူပျော်ပျော်နေရမှာမို့ မျက်ရည်တွေ
သုတ်ပီး ပြန်ပြင်ဆင်တော့သည်။......................................
"ဟေ့ကောင် JungKook မင်းငြိမ်ငြိမ်လေးနေစမ်းပါဟ ငါမျက်လုံးတွေနောက်လာပီ"YG
"Hyungကလဲဗျာ မျက်လုံးနောက်ရင် ကျနော့်ကိုမ
ကြည့်နဲ့ပေါ့"ကိုသကြားပြန်အချေခံလိုက်ရလေပီ။ ဟိုကလဲ အငြိမ်ကိုမနေ ဟိုဘက်လျှောက်လိုက်ဒီဘက်လျှောက်လိုက်နဲ့ ဘေးကလူတွေအဖို့မျက်လုံးနောက်စေသည်။ သူအဝတ်အစားလဲပြင်ဆင်ပီးတာနဲ့ Jiminဆီသွားဖို့ပဲတစ်ကဲကဲလုပ်နေလို့ မနည်းတားထားရသည်။ အခုလဲ ဆပ်ပြာသည်လင်ပျောက်နေသလို လုံးဝကိုအငြိမ်မနေ။
"တော်ပြီဗျာ ကျနော်သွားကြည့်တော့မယ် "
"ဟာ ဟေ့...ဟေ့ကောင် "Yg
YOU ARE READING
♡︎Lᴏᴠᴇ Is Lᴏᴠᴇ♡︎
Romanceဘယ်လိုမှမဖြစ်နိုင်မှန်းသိပေမဲ့ ကျွန်တော် မျော်လင့်နေမိတယ်... ကျွန်တော့်မှာ ရူးမိုက်ခွင့်တော့ရှိတယ်မဟုလားJᴇᴏɴ~~~♥︎ ကိုယ်အချစ်ဆိုတာကို သိလဲမသိခဲ့ဘူး ချစ်လဲမချစ်တတ်ခဲ့ဘူး..... မင်းနဲ့မှအချစ်ဆိုတာကို သိလာခဲ့တာ ချစ်တတ်လာခဲ့တာMɪɴရယ်~~~♡︎ ဘယ္လိုမွမျဖစ္နို...