PART 6♡︎(Uni&Zaw)

260 43 2
                                    

Unicode

အရာအားလုံးသာမာန် ပြန်ဖြစ်သွားကြပြန်တယ်။
နေ့တနေ့ရဲ့ တာဝန်က်ု ထမ်းဆောင်ဖို့ နေမင်းကြီးဟာလဲ ပေါ်ထွက်စပြုလာခဲ့ပီ။ ဒီလိုပဲ Parkစံအိမ်တော်ကြီးမှာလဲ

"သားလေး အစောကြီးပါလား "
အိမ်ပေါ်ထပ်ကနေ ဆင်းလာတဲ့သားကို မြင်လို့အမေဖြစ်သူ က စကားဆိုလိုက်တော့ Company သွားဖို့ မနက်စာစားရင်း နဲ့ အဖေဖြစ်သူကလဲ ကြည့်မိလိုက်တယ်။

"ဟော သား Jiအစောကြီးပါလားကွ ငါ့သားလေး နေမှကောင်းရဲ့လား"

"ဟာ Appaကလဲ ဗျာ...."
မနက်စာ စားပွဝိုင်းတွင် ဝင်ထိုင်းရင်း ဆိုလာခဲ့တယ်။

"ဟုတယ်လေ သားရဲ့ သားက ကျောင်းသွားဖို့တောင် တော်တော် လေး နိုးယူရတာ ခုလို အစောကြီး ထတော့ ထူးဆန်းနေလို့ ပါ သားရဲ့ "

"Hee. Appaကလဲသားအ့လို စောစောနိုးတော့ Appaနဲ့ မနက်စာတူတူစားရတာပေါ့ ~~~"

Jmပြောတာကို သဘောကျလွန်းလို့ Mr Park ကပြုံးရင်း

"အေးပါကွာ ငါ့သားလေးက တကယ်စကားတတ် ဟုပါပီ ~~~ မိန်းမရေ လာဟေ့ မနက်စာစားရအောင် ဒီမှာ မင်းသားရောလေ တူတူစားရအောင်လို့"

မီးဖိုခန်းထဲမှာ ရှိတဲ့ မိန်းမဖြစ်သူကို လှမ်းအော်ခေါ်လိုက်တယ်။ ကင်မ်ချီ ဟင်းရည်အိုးလေး ကိုင်ပီး ထွက်လာတာတွေ့တော့

"Omma ~~~ ပူလောင်တော့မှာပဲ "
Mrs park နားအပြေးလေး သွားပီး ဟင်းရည်အိုးလေး ကို ယူလာခဲ့လေသည်။

"ရပါတယ် သားရဲ့ ...."
ပြုံးရင်းပြောလိုက်တော့

"Ommaရယ် အိမ်မှာ လဲ လုပ်မဲ့သူတွေအများကြီးကို အမေအပူလောင်မှာစိုးလို့ပါ"

"အင်းပါ သားရယ် လာ စားကြရအောင် "

မနက်စာ ထမင်းဝိုင်းလေးက တကယ့်ကို အေးချမ်းလှပါသည်။ ဒီမိသားစုလေး သုံးယောက်ဟာ တယောက်ကိုတယောက် အရမ်းချစ်ပီး အရမ်းလဲ နွေးထွေး တဲ့ မိသားစုရယ်ပါလေ။ မိသားစုတင်ပဲနွေးထွေးတာလား ဆိုတော့  မဟုပါဘူး။ အိမ်မှာ ရှိတဲ့ လူတွေအပေါ်လဲ ခွဲခြားဆက်ဆံတာမျိုး မရှိပါ။ အလုပ်သမားတွေရော  ခြံစောင့် သန့်ရှင်းရေး သမားအထိ နွေးထွေးစွာ ဆက်ဆံပေးတယ်လေ။ဒါကြောင့်လဲ သူတို့အ ​​ပေါ်မှာ သစ္စာစောင့်သိမှုရှိကြတယ်။ Jmလေးကို အကုန်လုံး ကချစ်ကြလေရဲ့။Jm လေးငယ်ငယ်ကဆို ခလေးတွေရဲ့ သဘာဝအရ နေမကောင်း ဖျားနာလာတဲ့အခါ မိဘနှစ်ပါး အပါအဝင် ရှိသမျှလူတွေ  Jmလေးဘေးနားကနေ တဖဝါးမှ မခွာကြပါဘူး။ အမြဲတမ်း ဘေးနားမှာနေပီး အရိပ်တကြည့်ကြည့်ရှိနေပေးခဲ့ကြလေတယ်။ သူတို့ရဲ့ သခင်ကြီး နဲ့ သခင်မကြီးက သူတို့အပေါ်မှာ ကောင်းပေးသလို သူတို့က သားဖြစ်တဲ့Jmလေးအပေါ် ပြန်ကောင်းပေးတယ် ဆိုတာထက် Jmလေးကို အရမ်းချစ်လို့သာ ဂရုစိုက်ပေးခဲ့ကြခြင်းသာ။

♡︎Lᴏᴠᴇ Is Lᴏᴠᴇ♡︎Where stories live. Discover now