PART 20(Uni &Zaw)

191 15 0
                                    

Unicode

"တွေ့ရတာ ဝမ်းသာပါတယ် အန်ကယ် ကျွန်တော် Jeon Jung Kookပါ "

အရှေ့ကအသက်ကြီးကြီး လူကြီးတယောက်ကို လက်ဆွဲနှုတ်ဆက်ဖို့ လက်ကမ်းလိုက်တယ်။ အသက်ကကြီးနေပေမဲ့အရွယ်တင်ပီး ချောမောခန့်ညားနေတုန်း။

"အန်ကယ်က jiminရဲ့အဖေ Park Ji Young
ပါ "

လက်ပြန်ဆွဲနှုတ်ဆက်လိုက်ပီး နောက် ပြန်တိတ်ဆိတ်သွားကြပြန်ပီ။

"အန်ကယ် ဘာစားမလဲ မှာပါဗျ ကျွန်တော် ချိန်းတာ တကူးတကလာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အားလဲနာပါတယ်
အန်ကယ်..."

Mr Parkတစ်ယောက် သူ့အရှေ့က နာမည်ကြီး ကမ္ဘာကျော် အဆိုတော်တယောက် ဖြစ်တဲ့ Jungkookကို သေချာလေးအကဲခတ်ကြည့်နေမိသည်။ လူကြီးကို ချို"သာ"လေးပြောနေတာကို သဘောကျပေမဲ့ ဆက်ပီးလေ့လာရအုံးမယ်လေ...

"ဒါဆို အန်ကယ့်ကို အမေရိကာနိုတစ်ခွက် မှာပေးပါ "

"ဟုတ်ကဲ့ အန်ကယ်...Waiter!......."

Waiterကိုခေါ်ပီး အမေရိကာနိုနှစ်ခွက်ကိုမှာလိုက်သည်။ ထိုနောက် Jkဟာ သူ့အရှေ့က အန်ကယ်ကိုကြည့်ပီး စိတ်ထဲဝေဖန်နေမိသည်။

*Min အဖေက စီးပွားရေးမှာ ထိပ်တန်းဝင်နေတဲ့ လူဆိုပေမဲ့ မာနကြီးတာတို့မရှိဘူး ဒါပေမဲ့ အရှိန်အဝါကတော့ အရမ်းကြီးတယ် ဟူးးးအဆင်ပြေပါစေ...*

"ဟို...အန်ကယ် ကျွန်တော်နဲ့ Jiminက...."

သူစကားစလိုက်တော့ အပြင်ဘက်ကို ကြည့်နေတဲ့မျက်လုံးတွေ သူ့ဆီကိုရောက်လာခဲ့တယ်။ ပီးတော့

"အင်းးးအန်ကယ် သိပါတယ် သားJiလေးက အန်ကယ်တို့ရဲ့တစ်ဦးတည်းသောသားလေးမို့ ငယ်ငယ်လေးထဲ ကသူလိုချင်တာမှန်သမျှ အကုန်ဖြည့်ဆည်းပေးခဲ့တယ် သူကိုယ်တိုင်က လိုချင်တယ်လို့မပြောလာခင်မှာပဲ အ့ဒီအရာက သူ့အရှေ့ကိုရောက်နှင့်နေပီးသားဖြစ်နေစေခဲ့တယ်။ "

"ဟုတ် အန်ကယ်..."

"အန်ကယ် လိုရင်းပဲပြောတော့မယ်.... "

"ဟုတ် ပြောပါ အန်ကယ်..."

"သားလေးက ငယ်ငယ်လေးထဲက ဖျားတဲ့အချိန် အနာတရဖြစ်နေတဲ့အချိန်မှသာ သူငိုတတ်တာ ပီးတော့ အမြဲ ခလေးတယောက်လို နေတတ်တယ် "

♡︎Lᴏᴠᴇ Is Lᴏᴠᴇ♡︎Where stories live. Discover now