Unicode
"ဟဲ့ ငါ့အတွဲလေး နောက်လထဲ စေ့စပ်ကြတော့မှာတဲ့"
"ဟင် တကယ်လားဟ သူတို့နှစ်ယောက်လုံး တကယ့်ကြည်နူးစရာတွေရယ် ငါလဲဒီအတွဲလေးကိုချစ်တာမပြောနဲ့ "
"အေးဟယ် Jungkook လေးက jiminလေးကိုသိပ်ချစ်တာပဲနော်"
"အမှန်ပဲဟ အခုနောက်ပိုင်း သူတို့သတင်းတွေကြားရတာကို ပျော်စရာကြီးဟာ"
သူတို့ပြောတာလဲမမှားပါဘူး။ အခုတလော jungkook
တို့ဟာ ဆိုရှယ်မီဒီယာတွေရှေ့ရော TVအစီအစဥ်တွေထဲမှာပါ နာမည်ကြီးနေကြတဲ့စုံတွဲဖြစ်လာခဲ့တော့သည်။ မြင်သူတိုင်းအားကျကြည်နူးရတဲ့ သူတို့အတွဲလေးဟာ နောက်လထဲမှာပဲ စေ့စပ်ပွဲကျင်းပကြတော့မှာ သေချာတာကတော့ jiminလေးရဲ့မွေးနေ့မှာပဲစေ့စပ်ပွဲတခါထဲလုပ်ကြမယ်ထင်ပါတယ်။အခုဆို jiminလေးရဲ့ပထမနှစ်ကျောင်းကလဲပီးတော့မယ်။ jungkookကလဲ နောက်ပိုင်း sheduleတွေပိုများလာတော့သည်။ သူတို့ရဲ့relationship ကြားမှာ အချိန်မပေးနိုင်လို့အေးစက်သွားတယ်ဆိုတာက လုံးဝမရှိပါဘူး။ တယောက်နဲ့တယောက် ဘယ်လောက်ဝေးဝေး တယောက်ကိုတယောက်ဘယ်လောက်ချစ်တယ် ဆိုတာကို သိနေကြတယ် ခံစားမိကြတယ် ။တယောက်နဲ့တယောက်လဲ နားလည်မှုရှိပီး ယုံကြည်ကြတယ်လေ။
"ဒီအစီအစဥ်ကို ကြည့်ရှုအားပေးနေကြတဲ့ပရိတ်သတ်များအားလုံး မင်္ဂလာပါရှင်/ဗျ "
"ဟုတ်ကဲ့ အခုကျွန်တော်တို့က လူအများအားကျကြည်နူးနေကြတဲ့ ချစ်သူနှစ်ယောက်ကို သူတို့ရဲ့အချစ်ရေးအကြောင်းလေးကို မေးမြန်းသွားမှာဖြစ်ပါတယ်ဗျ"
"ဟုတ်ပါတယ်ရှင့် ဒါဆိုရင်ပရိတ်သတ်ကြီးတို့ရေ သူတို့ကိုတွေ့ဖို့အဆင်သင့်ပဲလား!"
"BANGTAN Seoyeondam ရဲ့Member ဝင်ဖြစ်တဲ့ *Jeon Jung Kook*နဲ့ ကမ္ဘာ့ထိပ်တန်းဝင် စီးပွားရှင် Park Groupရဲ့ *Park Jimin *တို့ကိုဖိတ်ခေါ်ပါတယ်"
ဒီအချိန်မှာပဲ အစီအစဥ်ကိုလာရောက်အားပေးကြတဲ့ပရိတ်သတ်တွေကော TVကနေတဆင့်ကြည့်ရှုနေကြတဲ့ပရိတ်သတ်တွေက ဝိုးခနဲဝါးခနဲ လက်ခုပ်တီးထခုန်ကြတော့သည်။ အစီအစဥ်ရဲ့အဓိကလူနှစ်ယောက်ဟာ အဖြူအမဲCouple Suitလေးတွေဖြင့် သိပ်ကိုလိုက်ဖက်နေကြလေသည်။
YOU ARE READING
♡︎Lᴏᴠᴇ Is Lᴏᴠᴇ♡︎
Romanceဘယ်လိုမှမဖြစ်နိုင်မှန်းသိပေမဲ့ ကျွန်တော် မျော်လင့်နေမိတယ်... ကျွန်တော့်မှာ ရူးမိုက်ခွင့်တော့ရှိတယ်မဟုလားJᴇᴏɴ~~~♥︎ ကိုယ်အချစ်ဆိုတာကို သိလဲမသိခဲ့ဘူး ချစ်လဲမချစ်တတ်ခဲ့ဘူး..... မင်းနဲ့မှအချစ်ဆိုတာကို သိလာခဲ့တာ ချစ်တတ်လာခဲ့တာMɪɴရယ်~~~♡︎ ဘယ္လိုမွမျဖစ္နို...