PART 13♡︎(Uni&Zaw)

231 28 0
                                    

Unicode

ဒီနေ့ Jkရဲ့ သတင်းစာရှင်းလင်းပွဲပီးတော့ ကုမ္ပဏီမှာလဲ လုပ်စရာအလုပ်တွေပြီးစီးလို့ ပြန်လာချိန် hyungကိုဖွင့်ပြောဖို့သူရဲ့အစီအစဥ်ကို ဖော်ထုတ်မိခဲ့သည်။ hyungကိုတနေရာသို့ခေါ်ဆောင်လာခဲ့တယ်။ ခေါ်လာခဲ့တဲ့နေရာကိုရောက်တော့လဲ တိတ်ဆိတ်နေမိတယ်။ဘယ်ကနေဘလိုစပြောရမှန်းလဲမသိတော့။ မရပ်မနားခုန်နေတဲ့ရင်ခုန်သံတွေကလဲ အပြင်ကတောင်ကြားရနိုင်တဲ့အထိ။

ကုမ္ပဏီကနေအိမ်ပြန်ဖို့လုပ်တော့ hyungကိုပြောစရာရှိတယ်ဆိုပီး ခေါ်လာခဲ့တာ။ အခုနေရာလဲရောက်ရော ဘာမှမပြောပဲ ချွေးစေးတွေပြန်နေပီး လက်နှစ်ဖက်ကိုပွတ်သပ်ကာ ခေါင်းငုံ့နေနေတဲ့သူကို စိတ်မရှည်ချင်တော့ ။ ဘာပြောဖို့ဒီလောက်အချိန်ယူနေတာလဲ ဘာတွေလုပ်ထားပြန်ပီလဲ။

"Joon မင်းင့ါကိုခေါ်လာတာပြောစရာရှိလို့ဆို "

"ဟမ်...အင်း အင်းဟုတ်တယ် hyung ကျနော်hyungကိုပြောစရာရှိလို့ အ့တာလေ... "

"အင်း အ့ဆိုလဲမြန်မြန်ပြောတော့ကွာ နေဝင်တော့မယ်"
ပြောလိုက်တော့ လူကိုကြောက်သလိုလို တခုခုကိုစိုးရိမ်နေသလိုလို ကြည့်လာတဲ့Joon။

"Hyung ကျနော်လေ....ကျနော် ဟိုလေ..."

အော်...ကဲ ဒီနေ့အိမ်ပြန်ရပါအုံးမလားကွာ ဘာဖြစ်နေတာလဲ ။ဒီလိုပုံစံမျိုး တခါမှမမြင်ဖူးလို့ အံ့သြမိတယ်။ အရင်ကလို အဖွဲ့ ရဲ့ခေါင်းဆောင်တယောက်လိုမျိုး ယုကြည်မှုရှိရှိဆုံးဖြတ် တတ်တဲ့သူ ပြတ်"သား"ပြောတတ်တဲ့သူကခုတော့ များ။

"Joon မင်းဘာဖြစ်နေတာလဲ ပြောစရာရှိတာ မြန်မြန် ပြောကွာ"

အရှေ့ကချစ်ရသူကစိတ်မရှည်ဖြစ်နေတော့သည်။ အေးလေ ခေါ်လာပီးထဲကဘာမှမပြောပဲ အချိန်ဆွဲနေတာကို ။ဘာလို့ဒီလောက်ကြောက်မိနေမှန်းလဲမသိဘူး။ hyungကအနည်းဆုံးတော့နားလည်ပေးမှာပါလေ။

"Hyung ကျနော် Hyungကို... "

" ..."

"ကျနော် hyungကိုသိပ်ချစ်တယ် hyungရယ်~~"

မျက်လုံးကိုတည့်တည့်ကြည့်ပီး ပြောလာတဲ့Joon။သိပ်ချစ်တယ်...သိပ်ချစ်တယ်တဲ့လားJoonရယ်။ ဒီစကားလုံးကိုပြန်ကြားယောင်မိတိုင်း ပျော်လာမိတယ် ။သူ့အရှေ့မှာမို့ မျက်ရည်မကျအောင်ထိန်းနေခဲ့တာ။ဒါပေမဲ့ ဘယ်လိုမှမထိန်းနိုင်ခဲ့ဘူး။ ဒါနဲ့ ပဲ သူ့ကိုကျောခိုင်းပီး ဆန့်ကျင်ဘက်ကိုလှည့်ကာအသံတိတ်ငိုကြွေးနေမိသည်။

♡︎Lᴏᴠᴇ Is Lᴏᴠᴇ♡︎Where stories live. Discover now