PART 11( Uni&Zaw)

203 24 0
                                    

Unicode

မနက်စောစော ကိုယ်ချစ်ရသူနဲ့ Phပြောပီးနောက် အူမြူးနေတဲ့ Jmတယောက်အခုထိပင်အိပ်ယာထက်ကမဆင်းသေးပေ။ ဟိုဘက်လှည့်ပီးပြုံးလိုက် ဒီဘက်လှည့်ပီးရီလိုက်နဲ့ လူးလိမ့်နေတာပါလေ။မျက်နှာလဲ မသစ်သေးပါ။  ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေ အပေါ်မှာ ပဲထပ်တလဲလဲတွေးနေရင်း အတွေးတွေ ထဲမှာ နှစ် မေျာ​နေခဲ့တယ်လေ။ ဒါပေမဲ့ Jmလေးတယောက် သူရဲ့ ပျော်ရွှင်မှု တွေကမကြာလိုက်ပါဘူး။

"ဒေါက် ဒေါက်ဒေါက်... "

အတွေးထဲမျောနေတုန်းတခါးခေါက်သံကြားလိုက်တော့ လူကလန့်ပီး ငုတ်တုတ်ကြီး ထထိုင်မိသည်။

"ဘယ်သူလဲ... "

"သခင်လေး နိုးပြီလား သခင်ကြီး တို့ကမနက်စာစားဖို့ခေါ်ခိုင်းလိုက်ပါတယ် သခင်လေး..."

ခုမှပဲ phကိုယူကြည့်လိုက်တော့
*အာ...ဟုတ်သား ဒီနေ့ Appaရဲ့အားလပ်ရက် ပဲ မဖြစ်ဘူး ဆက်တွေးနေလို့ မဖြစ်ဘူး Appaကတရက်ပဲအားတာ.*

"အင်း Appaကိုပြောလိုက်ပါ အခုလာခဲ့မယ်လို့ "

"ဟုတ်ကဲ့ပါသခင်လေး"

စီးပွားရေးမှာထိပ်တန်းဝင်နေတဲ့သူတွေမို့ မိသားစု စုံ”လင်”နဲ့ အားလပ်ရက်ကတော့ Jmအမြဲလိုချင်နေတဲ့အရာပေါ့။ တစ်လမှာ တစ်ရက်ပဲ ရှိတဲ့ ဒီနေ့လေးကို အရမ်းတန်ဖိုးထားတတ်တဲ့သူပါလေ။

ရေချိုးပြင်ဆင်ပီးတော့ အောက်ထပ်ထမင်းစားခန်းသို့ ဆင်းလာခဲ့လိုက်သည်။ ထမင်စားခန်းရောက်တော့ စားစာရာပြင်ဆင်ပေးတဲ့အမေ ဖစ်သူနား အရင်သွားပီး

"Morning Omma..."နောက်ကနေသွားဖက်ပီး ချွဲနေလေရဲ့။

"Morning သားလေး...ကဲပါချွဲချင်နောက်မှချွဲပါရှင် ဒီမှာ Ommaက ဟင်းပူခွက်တွေနဲ့... "

"အာ...ပေးပေး သားကိုသားယူသွားပေးမယ် "

"ဂရုစိုက်နော် သား"

"ဟုကဲ့ပါ omma..."
ဟင်းရည်ပန်းကန်လေးကို ယူပြီး ထမင်းစားပွဲပေါ်တင် ဂရုတစိုက်တင်ထားလိုက်သည်။ ပီးနောက် သတင်းစာဖတ်နေတဲ့ အဖေဖြစ်သူကိုကြည့်ပီး

"Appaဘာဖြစ်လို့လဲ ဘာကိစ္စ ရှိလို့လဲ... "
သတင်းစာဖတ်ရင်းကနေ ရုတ်တရက် Mr Parkဟာ မျက်နှာကြောတွေတင်းမာလာခဲ့သည်။ အမြဲတမ်းချိုမြနေတဲ့မျက်နှာ အခုတော့ ဒေါသမီးတွေနဲ့အတူ တောက်လောက်နေလေပီ။

♡︎Lᴏᴠᴇ Is Lᴏᴠᴇ♡︎Where stories live. Discover now