Unicode
"တီ တီ တီ တီ"(နှိုးစက်အသံပါနော်)
မနက်အာရုဏ်ဦး အချိန် 6:30ချိန်ဟာ တိတ်ဆိတ်နေတဲ့ စံအိမ်တော်ကြီးထဲ ကျယ်လောင်စွာ ထွက်ပေါ်လာတော့သည်။ ကုတင်ပေါ်က စောင်ပုံကြားထဲနှစ်နေတဲ့ ညအိပ်ဝတ်စုံ အနက်ရောင်လေးနဲ့လူသားလေးဟာ အိပ်ချင်မူးတူးဖြင့် ကုတင်ဘေးက ခုံပေါ် လက်လှမ်းပီး နှိုးစက်ပိတ်ဖို့ လိုက်စမ်းနေလေရဲ့ ။ ပီးနောက် ထိုလူသားလေးဟာ မဖွင့်သေးတဲ့ မျက်လုံးအစုံ ကိုလက်သေးသေးလေးတွေဖြင့်ပွတ်သပ်ပီးနောက် အိပ်နေရာက အပျင်းကြော ဆန့်ပီးနောက် မထချင်လဲ ထရတော့သည်။
ထို့နောက် အခန်းပြတင်းပေါက်ဆီ သွားပီး မနက်အရုဏ်ဦး အချိန်မှာ ကျနေဆဲ ဖြစ်တဲ့ နှင်းတွေကြည့်ရင်းဖြင့် တယောက်သော သူအကြောင်း တွေးမိနေပြန်သည်။ ဒီနေ့ဆို ကိုယ်အရမ်းချစ်ရသူလေးနဲ့ အနီးကပ်တွေ့ခွင့်ရမှာ ဘယ်လောက်တောင် ရင်ခုန်ဖို့ ကောင်းလိုက်လဲ။
Jm တယောက်တွေးရင်းငေးရင်းပြုံးနေရင်းမှ တစုံတခုကို သတိရသွားဟန် နာရီ ကို အလန့်တကြားလှည့်ကြည့်မိလေသည်။ အချိန်နာရီ အားဖြင့်7နာရီ ပင်ထိုးလုနေပီ။ အိပ်ယာထဲမှာ အပျင်းကြောဆန့်လိုက် တွေးလိုက်ငေးလိုက် တာ အချိန်တွေ ကြာသွားတော့သည်။ နောက်ကျမည်စိုးသဖြင့် ရေးချိုးခန်းထဲ တကျိုးထဲ ဝင်ပြေးလေတော့သည်။
တဖက် Kim စံအိမ်တော်မှာတော့;
"သခင်လေး အစောကြီး ပါလား"
အိမ်တော်ထိန်းအဒေါ်ကြီးမှ မေးလိုက်ခြင်း။ အဒေါ်ကြီး ဟာသူငယ်ငယ်ထဲက ထိန်းကျောင်းလာခဲ့သူ။ သူ့အပေါ်မှာ တကယ့်သားအရင်းလို ပြုစုစောင့်ရှောက်ခဲ့သူ။ သူကလဲ အဒေါ်ကြီး အပေါ်မှာ အရမ်းသံယောဇဥ်ရှိရှာသည်။ အမြဲ တရိုတသေ လေးလေးစားစား ဆက်ဆံသည်။မိဘမေတ္တာတွေကို လိုချင်နေပေမဲ့ မိဘတွေက အဝေးရောက်နေလေရဲ့။"Arr ဒီနေ့ Jmနဲ့ ကျွန်တော် သွားစရာရှိလို့ ချိန်းထားတာ အစောကြီး သွားရမှာမို့ "
"Aww ဒါဆို အဒေါ် ကြီး မနက် စာပြင်လိုက်ရမလား... သခင်လေး"
"မပြင်နဲ့တော့ ကျွန်တော်တို့ အပြင်မှာပဲ စားလိုက်တော့မယ် အဒေါ်ကြီး ..."
VOCÊ ESTÁ LENDO
♡︎Lᴏᴠᴇ Is Lᴏᴠᴇ♡︎
Romanceဘယ်လိုမှမဖြစ်နိုင်မှန်းသိပေမဲ့ ကျွန်တော် မျော်လင့်နေမိတယ်... ကျွန်တော့်မှာ ရူးမိုက်ခွင့်တော့ရှိတယ်မဟုလားJᴇᴏɴ~~~♥︎ ကိုယ်အချစ်ဆိုတာကို သိလဲမသိခဲ့ဘူး ချစ်လဲမချစ်တတ်ခဲ့ဘူး..... မင်းနဲ့မှအချစ်ဆိုတာကို သိလာခဲ့တာ ချစ်တတ်လာခဲ့တာMɪɴရယ်~~~♡︎ ဘယ္လိုမွမျဖစ္နို...