Extra

240 16 6
                                    

Unicode

"ကလေး ကိုယ်ပို့လိုက်တဲ့အင်္ကျီတွေရလား "
"အင်း ရတယ် Jeon သမီးလေးအတွက်ရောလား "

"အင်း ကိုယ့်မင်းသမီးလေးအတွက်ရောပေါ့ "
"ဟုတ်ပါပီ ပွဲမစခင်စောစောလာခဲ့လိုက်မယ် "

"ကိုယ်ကားလွှတ်လိုက်မယ် ကိုယ်လာခေါ်ချင်ပေမဲ့ အ့လိုလုပ်လို့လဲမဖြစ်ဘူး ကလေးရယ်"
"ရပါတယ် Jeonရယ် အိမ်ကကား နဲ့ပဲ လာခဲ့လိုက်မယ် ဦးလေးကြီးလဲရှိနေတာကို "

"ကိုယ်စောင့်နေမယ်နော် ကလေး အခုတော့ ကိုယ်တို့လေ့ကျင့်ရအုံးမယ်ချစ်တယ် ကလေး"
"ဟုတ် Fighting Jeon!...ချစ်တယ်"

သူတို့နှစ်ယောက် မင်းသမီးတစ်ပါးဝင်ရောက်လာခဲ့တာပေါ့။ သမီးလေးမွေးပီးပီချင်း Jeonကလက်ထဲကနေလုံးဝမချ ။ အရာအားလုံးထက် သူ့သမီးလေးကိုပဲ ဦးစားပေခဲ့တာ။ ဒီနေ့က Jeonတို့ရဲ့ Concertပွဲနေ့။ ၃နှစ်ကြားပီးနောက်မှာ ပထမဆုံးပြန်လာပ်ဖြစ်တဲ့ Concertပွဲကြီးပေါ့။

"သမီးလေးရေ ဂျီယွန်း.... Jeon Ji Yoon!!!...ဒီကလေးဘယ်ရောက်နေပြန်ပြီလဲ"
၁၄နှစ်ဆိုပေမဲ့လဲ မျက်စိအောက်က အပျောက်ခံလို့ကိုမရ။ ဆော့လိုက်တာ ကဲလိုက်တာဆိုတာသူ့ဒယ်ဒီအတိုင်း။
jimin အိမ်ပေါ်ထပ်ကနေစ လိုက်ရှာတာ မတွေ့။ အိမ်အောက်ထပ် ရောက်လာတော့ဧည့်ခန်းထဲကထိုင်ခုံနောက်ကနေခြေဖဝါးသေးသေးလေးကိုတွေ့လိုက်ရတော့ ပြုံးမိပီးသမီးလေးကိုစချင်လာလေသည်။

"Aigoo...Jiyoonလေးကမလိုက်ချင်ဘူးထင်ပါ့ ဒီနေ့စောစောသွားမယ်လို့လုပ်ထားတာ မလိုက်ချင်လဲမခေါ်တော့ပါဘူးလေ နောက်ကျရင်ထားခဲ့လိုက်တော့မယ် ပြောရင်းရေသွားချိုးလိုက်ပါအုံးမယ်လေ"

ပြောရင်း အိမ်ပေါ်ထပ်ကိုတက်ဖို့လုပ်နေတုန်း မျက်စလေးနဲ့ထိုင်ခုံနောက်ကိုကြည့်နေလေသည်။ ဒီတော့မှ ကုပ်ကုပ်နဲ့ထွက်လာပီး ငိုမဲ့မဲ့ရုပ်လေးနဲ့
"Appa..... ဟင့်Appaကလဲ.... "
နှာတရှုတ်ရှုတ်နဲ့ရှိုက်သံလေးတွေထွက်လာပီး မကြာခင်အော်ငိုပေတော့မည်။ Jiminမှာပြာပြာသလဲ သမီးလေးဆီပြေးသွားပီးပြန်ချော့ယူရတော့သည်။
"Aigoo~~~Appaကစတာပါသမီးလေးရယ် မငိုနဲ့နော် တိတ်တိတ်..."
ရင်ခွင်ထဲထည့်ပီးချော့မြူလိုက်တော့ ငိုနေတာရပ်သွားပီး နှခမ်းကိုဆူထားတော့သည်။ jiminမှာသူ့သမီးလေးကိုကြည့်ပီး အသဲတယားယားဖြစ်နေရတော့သည်။

♡︎Lᴏᴠᴇ Is Lᴏᴠᴇ♡︎Donde viven las historias. Descúbrelo ahora