Unicode
နောက်တနေ့ Jmတို့ ကျောင်းရောက်လာခဲ့တော့ အခန်းထဲဝင်လာခဲ့ တာ တွေ့ရပြန်ပီ။မနေ့ထဲက Jmရဲ့ စာရေးစားပွဲခုံပေါ်မှာ ရှိနေခဲ့တဲ့ နှင်းဆီပန်း အနီရောင် တစ်ပွင့်လေး။ နှင်းဆီပန်း ပွင့်ရဲ့ အဆိုက "ကိုယ့်ရဲ့ အပိုင်ဖြစ်ပေးနိုင်မလား"တဲ့လေ။ စိတ်ရှုပ်ရပါသည် ပန်းပေးလို့ ပန်းကိုမကြိုက်လို့ တော့မဟုပါ။ ကြိုက်လားဆိုတော့လဲ မဟုပါ။ဒီလိုမျိုးနေ့တိုင်းလို လိုက Jmအတွက် တကယ်စိတ်ရှုပ်စရာ။
Taehyung လဲ ဘေးခုံမှာဝင်ထိုင်ရင်း Jmစားပွဲပေါ်မှာ ပန်းတွေ့တော့ ခပ်ဟဟတချက်ပြုံးရင်း
"အဟက်...Ji ရေ မင်းတော့ ရည်းစားရတော့မှာ မြင်ယောင်မိနေပီကွ"
"တော်စမ်းပါ Taeရာ ငါသာယာနေတာမဟုဘူးကွ စိတ်ရှုပ်နေတာ... "
"အေးပါကွာ မင်းကလဲ ငါက စတာပါကွာ...
တကယ်လို့ အ့လူက မင်းကို လူကိုယ်တိုင် လာတွေ့ခဲ့ရင် မင်းဘယ်လိုလုပ်မလဲ ""ငါက ဘာလုပ်ရမှာလဲ။ သူလာတွေ့လဲ တွေ့ပေါ့ ။ဒါပေမဲ့ မင်းလဲ ငါ့အကြောင်းသိပါတယ်Taeရာ ငါက ငါ့ရဲ့ တယောက်သောသူကလွဲ ဘယ်သူ့ကိုမှ ထပ်မချစ်နိုင်တော့ဘူးဆိုတာ"
"အေးပါကွ ငါလဲ တူတူပဲ တယောက်ဆိုတယောက်ပဲ ကဲ ထားပါ ဒါတွေမတွေးနေနဲ့တော့ ဆရာလာတော့မယ် "
"အေးပါကွာ ~~~"
""မင်းကလဲ စူပုတ်မနေနဲ့ အ့ဘဲနှုတ်သီးကိုလဲ စူထော်မနေနဲ့ ဆရာ့ကိုသွားထိုးမိနေမယ်"
"မင်းကတော့ ငါလုပ်လိုက်ရ "
"ဆရာလာပီ ~~~"အတန်းထဲက ကျောင်းသားတယောက်ရဲ့အသံကြောင့် Jmလက်တို့ ပြန်ရုတ်လိုက်ရသည်။
Taehyung ကလဲ စပ်ဖြီးဖြီးနဲ့ ရုပ်ကိုက ဖြတ်ချင်စရာ။ ဆရာရှိနေလို့ ကံကောင်းသွားတယ်မှတ် ကင်ထယ်မျောက် ။ ဟုတယ် ငါ့ကိုဆို ထိပ်ဆုံးက ဖဲ့တာ အ့လဒကောင်က။ ဖဲ့ပီဆိုလဲ အရပ်ပုရတာနဲ့ အ့ဘဲနှုတ်သီးနှုခမ်းကိုပဲ လာထိခိုက်နေတာ။ ငါ့အရပ်က ပုံမှန်ပဲဟာ။သူကမှ ကလန်ကလားကြီးရှည်ထွက်နေတာကို ဓာတ်တိုင်ကြီးကျလို့ လဒကောင်။Jmစိတ်ထဲကနေ ပြစ်ပြစ်နှစ်နှစ်ဆဲပြီး Taehyung ကို တချက်ထိုးပစ်လိုက်သည်။ မျက်စောင်းနဲ့ပြောပါတယ်။
အခန်းထဲ ထောင့်ဆုံးက ကောင်လေးတယောက်ကတော့ Jmကို ကြည့်ပီး ပြုံးနေတာ Jmသိပါ့မလား။ လှတယ် မိန်းကလေးတွေထက်လှလွန်းတယ်။ ကျောင်းမှာ မိန်းကလေးတွေရော ယောကျာ်းလေးတွေကပါ သဲသဲလှုပ်ကြွေနေကြတာကိုလဲသိတယ်။ ဒါပေမဲ့ အနားကို ဘသူမှမကပ်ရဲကြ။ Park အိမ်တော်ရဲ့ တဦးတည်းသော သခင်လေးတဖြစ်လဲ ကျောင်းရဲ့ အများဆုံး သော ရှယ်ယာရှင်တဦး။ ဒါကြောင့်လဲ အကုန်လုံး ကရှိန်ကြပါသည်။ ဒါပေမဲ့ သူကတော့ မကြောက်ပါ။အရှိန်အဝါကြီးတယ်ဆိုတာမှန်ပေမဲ့ ကိုယ်ချစ်တာကို ကိုယ်ရဲရဲဝံ့ဝံရင်ဆိုင်ရမယ်မလား။သူနဲ့ Jmက အတန်ကွာဝေးသည်မို့ Jmပြောနေတာတွေကို သူမကြားရပါ။ ဒါပေမဲ့ စူထော်နေတဲ့ နှခမ်းဖူးဖူးနဲ့ကောင်လေးကိုတော့ သူအမှန်တကယ်မြတ်မြတ်နိုးနိုးချစ်မိခဲ့တာပါ။ ပိုင်ဆိုင်ချင်တာပေါ့ ဒီလောက်လှပီး ချစ်ဖို့ကောင်းတဲ့ကောင်လေး ကို ငါ့အပိုင်လို့ ပြောချင်တာပေါ့ ။ တနေနေ့တော့ သူJm. ရှေ့ကိုယ်တိုင်းသွားပီး ချစ်တဲ့အကြောင်းဝန်ခံသွားမှာပါ။
YOU ARE READING
♡︎Lᴏᴠᴇ Is Lᴏᴠᴇ♡︎
Romanceဘယ်လိုမှမဖြစ်နိုင်မှန်းသိပေမဲ့ ကျွန်တော် မျော်လင့်နေမိတယ်... ကျွန်တော့်မှာ ရူးမိုက်ခွင့်တော့ရှိတယ်မဟုလားJᴇᴏɴ~~~♥︎ ကိုယ်အချစ်ဆိုတာကို သိလဲမသိခဲ့ဘူး ချစ်လဲမချစ်တတ်ခဲ့ဘူး..... မင်းနဲ့မှအချစ်ဆိုတာကို သိလာခဲ့တာ ချစ်တတ်လာခဲ့တာMɪɴရယ်~~~♡︎ ဘယ္လိုမွမျဖစ္နို...