PART 2♡︎ (Uni&Zaw)

273 31 2
                                    

Unicode...

ဟူးးးးးဒီနေ့ကျောင်းတက်ရတာ အဆင်ပြေနေတာပဲ။ ပထမဆုံးနေ့ဆိုတော့ ဆရာ ဆရာမတွေကလဲ အေးဆေးပဲသွားကြတာ။ တက္ကသိုလ် ကျောင်းသားဘဝက ပျော်ဖို့ကောင်း သည်တဲ့။ဒီစကားကတော့ သူများတွေအတွက်ပါ။ကျွန်တော့် အတွက်ကတော့ ကျွန်တော် ဝါသနာမပါတဲ့ ပညာရပ်ကိုသင်နေတာ မပျော်ပါဘူး။ဒါမဲ့လဲ မသင်လို့လဲ မရဘူးလေ ။

ကျောင်းကနေ ပြန်ရေမိုးချိုးပီးတာနဲ့ ထမင်းစားချိန်မရောက်ခင်လေး Internet ပေါ်အပြေးလေးတက်ရပြန်ပီ။ ကျွန်တော့်ရဲ့ ချစ်ရသူလေး ဘာတွေများ Updateထားမလဲဆိုတဲ့အတွေး။ Internet ဖွင့်လိုက်တော့ Twitterကနေ Notiလေးတခုကျလာတယ်။ကျွန်တော်လဲ အမြန်ပဲ ဝင်ကြည့်လိုက်တော့ မနက်ဖြန် Fan meeting ရှိတယ်တဲ့။

ပျော်လိုက်တာ ဒါဆို မနက်​ဖြန် ချစ်ရသူလေးကိုတွေ့ရတော့မှာပေါ့။ မနက်ဖြန် မနက်ဖြန် အာ...မနက်ဖြန် ကျောင်းတက်ရအုံးမှာပဲ ။ ဘယ်လိုလုပ်ရမလဲ ဒီနေ့ပဲ ပထမဆုံးနေ့ကို နောက်နေ့ ကျောင်းပျက်ရင်မကောင်းဘူး။ဘယ်လိုလုပ်ရပါ့မလဲ ။ အချိန်ကိုကြည့်တော့လဲ
ဟမ်.....နောက်ဆုံးသင်တန်းချိန်နဲ့ကွက်တိပဲ ။

Phကို ကုတင်ပေါ်မှာပစ်တင်ပီး အခန်းထဲမှာခေါက်တုံခေါက်ပြန်စဥ်းစားနေရပီ။ဘယ်လိုလုပ်မလဲ နောက်ဆုံအချိန်ပြေးလိုက်ရမလား။ နောက်ဆုံးအချိန်မှပြေးရင်လဲ ပြင်ဖို့ ဆင်ဖို့ အချိန်ကမရှိပြန်ဘူး။ဘာလုပ်ရပါ့မလဲလို့ စဥ်းစားနေတုန်း Ph လာတော့ .......

"Take my hands now you are the causesof my Euphoria.... yay...."

"အမလေး ~~~လန့်လိုက်တာကွာ... "
ကုတင်ပေါ်အပြေးလေးသွားရပြန်ပီ။ ခေါ်တဲ့သူက ဟိုလဒ အေးလေး ဒင်းလဲ တွေ့ပီးရောပေါ့ ။အမြန်phကောက်ကိုင်လိုက်တော့။

📲"Hello ဟျောင့် ငါPhခေါ်တာကြာလှပီ မင်းဘာလုပ်နေတာလဲဟမ် "

'Aww ဒီ လဒကောင်တော့.... '

"မင်းကလဲကွာ ဘာမဟုတာလေးကို ပြောမနက်ဖြန် ဘယ်လိုလုပ်မလဲ... "

📲"မနက်ဖြန် ကျောင်းမတက်တော့ဘူး ကွာ..."

"ဟမ်!!! မင်းတကယ်လား ကောင်းပါ့မလားကွ။"

📲"ကောင်းတယ် ဘာလဲ မင်းက မသွားတော့ဘူးလား ...ကျောင်းတက်မယ်ပေါ့..."

♡︎Lᴏᴠᴇ Is Lᴏᴠᴇ♡︎Where stories live. Discover now