Unicode
"Kim Tae Hyung!!!"
Edition Limited ကားလေးထဲ အဖြူရောင်နတ်သားလေးရဲ့ အသံလေးတွေပလုတ်စီထွက်လာတော့သည်။"မင်း ငါ့ကိုပစ်တုန်းကပစ်ထားခဲ့ပီး အခုကဘယ်ခေါ်သွားဖို့လဲ မင်းနဲ့ဘယ်တုန်းကပြန်ခေါ် လို့လဲ အခုချက် ချင်း အိမ်ပြန်ပို့ပေး "
.......................................
မနက်ပိုင်းParkစံအိမ်တော်ထဲ ဆွေမျိုး မိတ်ဆွေတွေကို ဧည့်ခံကျွေးမွေးပီး ညနေစောင်းရောက်လို့ နားနေချိန်တွင်းTaehyungရဲ့ကားဝင်လာတော့ ပျော်သွားတာအမှန်။ ဒါပေမဲ့ တော်ရုံနဲ့သူကစိတ်ဆိုးမပြေတတ်တဲ့သူမို့ မသိချင်ယောင်သာဆောင်နေခဲ့လေ သည်။"Happy Birthday ပါငါ့အဂျီလေးရေ မင်းစိတ်ဆိုးနေမှာသိပေမဲ့ အခုတော့ ငါ့နောက်ကိုအရင်လိုက်ခဲ့ပေးပါကွာ အ့ဒီကိုရောက်ရင် မင်းအကုန်သိသွားမှာမို့ လိုက်ခဲ့ပေးပါနော် "
အ့ဒီအချိန် jiminရဲ့မိဘတွေကလဲ သူ့တို့ဆီရောက်လာခဲ့လေသည်။
"Taeလေးရယ် သားသူငယ်ချင်းလေး ကမနက်ထဲက သားကိုမျှော်နေလေရဲ့။ သားကအခုမှလာတာဆိုတော့ စိတ်ဆိုးနေလေရဲ့"
"Omma သားဘယ်တုန်းက မျှော်နေလို့လဲ မမျှော်ပါဘူးနော် "နှခမ်းတထော်ထော်နဲ့ရန်ပြန်တွေ့နေတဲ့မွေးနေ့ရှင်လေး။ Taehyungမှာအသဲတယားယား ဖြစ်နေရတော့သည်။
"ဟုတ်ကဲ့ပါအန်တီ သားသိပါတယ် တစ်လက်စထဲ အန်ကယ်တို့ အန်တီတို့ဆီက ခွင့်တောင်းပါရစေ ။jimin ကို အပြင်ကိုခေါ်သွားလို့ရမလားဗျ ""ရပါတယ်ကွယ် ဒါပေမဲ့ အရမ်းကြီးတော့ညမမိုက်စေနဲ့ အန်ကယ်တို့စိတ်ပူနေရမယ်"
"ဟုတ်ကဲ့ကျေးဇူးတင်ပါတယ် အန်ကယ်"Jimin မျက်လုံးလေးဝိုင်းစက်သွားပီး ပျော်သွားပေမဲ့ ပြန်ထိန်းလိုက်ရလေသည်။
"နေပါအုံး ဘယ်သူကလိုက်မယ် ပြောလို့လဲ မလိုက်ဘူးနော် သူ့ကိုသားမသိဘူး "
ရန်တွေ့နေတဲ့ဖြူလုံးလေးကို အတင်းဆွဲခေါ်လာခဲ့ရလေသည်။
..............................Taehyung နားတွေလဲ ထူပူလာပီ။ ဘေးကနေ ကြက်ပေါက်လေးတွေအစာတောင်းနေသလိုမျိုး မပြတ်တမ်းတရစပ်ပြောနေတော့တာ။ လေးငါးရက်လေးပစ်ထားမိပါတယ်။ ဒါကလဲ သူ့အကြောင်းကိုသိလို့သာ မတော်လို့ပါးစပ်ကနေရုတ်တရက်ထွက်သွားမိရင် အစီအစဉ် တွေအကုန်ပျက်ကုန်ရချည့်ရဲ့။ အခုတော့ အချိန်မနှောင်းစေဖို့မိုင်ကုန်မောင်းနှင်ရ
ေတာ့မည်။
YOU ARE READING
♡︎Lᴏᴠᴇ Is Lᴏᴠᴇ♡︎
Romanceဘယ်လိုမှမဖြစ်နိုင်မှန်းသိပေမဲ့ ကျွန်တော် မျော်လင့်နေမိတယ်... ကျွန်တော့်မှာ ရူးမိုက်ခွင့်တော့ရှိတယ်မဟုလားJᴇᴏɴ~~~♥︎ ကိုယ်အချစ်ဆိုတာကို သိလဲမသိခဲ့ဘူး ချစ်လဲမချစ်တတ်ခဲ့ဘူး..... မင်းနဲ့မှအချစ်ဆိုတာကို သိလာခဲ့တာ ချစ်တတ်လာခဲ့တာMɪɴရယ်~~~♡︎ ဘယ္လိုမွမျဖစ္နို...