Unicode
Taehyung လဲစင်ပေါ်တလှည့် ဘေးကလူကိုတလှည့်ကြည့်လိုက်နဲ့ ဘာလုပ်ရမလဲမသိဖြစ်နေတော့သည်။ နောက်မှတော့ သက်ပြင်းတချက်ရှိုက်ပီး ခေါင်းတချက်ညိမ့်ကာ ဖြစ်ချင်ရာဖြစ်တော့ ဆိုပီး Jmလက်ကိုဆွဲကာ စင်ပေါ်တက်လာခဲ့တော့သည်။ Jmလဲ နားမလည်အံသြနေတုန်း လက်ကိုလာဆွဲပီး စင်ပေါ်ပြေးတက်နေတဲ့ Taehyungကို ကြောင်ကြည့်ရင်းနဲ့ ပါသွားခဲ့လေတော့သည်။.................
စင်နောက်ကို ရောက်တော့ လုံခြုံရေးမှုးတွေနဲ့ Staffတွေက သွားခွင့်မပေးသေး။ Taeကပဲ Park Jiminဆိုတာသူလို့ Jm လေးကိုလက်ညိုးထိုးပီး ပြောလိုက်မှ ထိုလူတွေက သွားခိုင်းတော့တယ်။
စင်ပေါ်ရောက်တော့ ခြေထောက်တွေက မခိုင်တော့ ။ အကုန်လုံးရဲ့အကြည့်တွေ အာရုံတွေက Jmဆီရောက်နေခဲ့သည်လေ။ ဘေးကTaeကိုလှည့်ကြည့်လိုက်တော့ ဆွဲထားတဲ့လက်ကိုဖြုတ်ကာ သွားဆိုတဲ့သဘောနဲ့ ခေါင်းလေးညိမ့်ကာပြုံးပြလာခဲ့သည်။အတန်ငယ်ကွားဝေးနေတဲ့ အနေအထား မှာတယောက်ကိုတယောက် စိုက်ကြည့်နေတော့ ကြသည်။Jkရဲ့ အကြည့်တွေထဲမှာ အံသြနေတာတွေ ဝမ်းသာနေတာတွေ စိတ်လှုပ်ရှားမှုတွေရောနေခဲ့သည်။ တယောက်နဲ့တယောက် အကြည့်ချင်းဆုံနေရာကနေ မခွာမိကြသေး။ အရာအားလုံးတိတ်ဆိတ်နေခဲ့ကြသည်။
.............................................................Jkသည် အရှေ့ကအသေးလေးကိုကြည့်ပီး အရမ်းအံသြနေခဲ့သည်။
* တကယ်လာခဲ့တာပဲ တကယ်ကိုပဲချစ်လိုက်ရတာ Minရယ် ကိုယ်ရူးပီထင်ပါရဲ့ကွာ*
တွေးရင်း မျက်လုံးဝိုင်းလေးတွေမှာ မျက်ရည်ကြည်တွေ အတိုင်းသားရယ်။ရှေ့ကိုတလှမ်းချင်းစီလျှောက်လာနေတဲ့ Jeon
ရင်တွေပေါက်ထွက်မတတ်ပဲ မရပ်မနား အရမ်းခုန်နေတာ"Min ~~~ ကိုယ်... ကိုယ့်ဆီ လာပေးခဲ့တယ်နော် Min~~~ ကျေးဇူးအများကြီးတင်ပါတယ်နော် Min အရမ်းလဲ ချစ်တယ် Min...."
လက်လေးကို မရဲတရဲကိုင်ကာ စကားဆိုလိုက်တော့ အသေးလေးက မျက်ရည်တွေကျလာခဲ့လေသည်။ မျက်ရည်တွေကို တယုတယသုတ်ပေးလိုက်သည်။ ထို့နောက်
"မငိုပါနဲ့ Minရယ် Min ငိုရင် ကိုယ်ဘယ်လိုမှမခံစားနိုင်လို့ပါ မငိုပါနဲ့နော်... "
YOU ARE READING
♡︎Lᴏᴠᴇ Is Lᴏᴠᴇ♡︎
Romanceဘယ်လိုမှမဖြစ်နိုင်မှန်းသိပေမဲ့ ကျွန်တော် မျော်လင့်နေမိတယ်... ကျွန်တော့်မှာ ရူးမိုက်ခွင့်တော့ရှိတယ်မဟုလားJᴇᴏɴ~~~♥︎ ကိုယ်အချစ်ဆိုတာကို သိလဲမသိခဲ့ဘူး ချစ်လဲမချစ်တတ်ခဲ့ဘူး..... မင်းနဲ့မှအချစ်ဆိုတာကို သိလာခဲ့တာ ချစ်တတ်လာခဲ့တာMɪɴရယ်~~~♡︎ ဘယ္လိုမွမျဖစ္နို...