PART 14 (Uni&Zaw)

179 21 0
                                    

Unicode

ဒီနေ့Minနဲ့သွားတွေ့ဖြစ်အောင်တွေ့ရမယ်။ ညကMinအရမ်းငိုနေတာ အနားမှာရှိရင် မျက်ရည်တွေကိုသုတ်ပေးပီး ပွေ့ဖွက်ထားချင်တာ။ဒီနေ့ ပြောထားတဲ့နေရာမှာ သွားစောင့်နေရမယ်။Minရယ် ကိုယ်တို့ဘယ်ချိန်ကျမှ ပျော်ရွှင်ရပါ့မလဲဟင်။

"Jk ရေ မနက်စာစားရအောင်လေ နိုးပီမလား"
အခန်းရှေ့ကနေ hobi hyungလာခေါ်လို့ သတိပြန်ဝင်လာတယ်။ မနက်အိပ်ယာနိုးထဲကသူတွေးနေခဲ့မိတာ ဘာမှမပြင်ဆင်ရသေးဘူး ။ ဒါနဲ့ပဲ hyungကိုပြန်ဖြေရင်း ရေချိုးခန်းဝင်ရတော့သည်။

"ဟုတ်ကဲ့ hyung ကျနော်ခုမှနိုးတာ လာခဲ့မယ်လေ hyungသွားနှင့်လိုက်နော်..."

"အော် အင်းပါ ဒါဆို hyungသွားနှင့်ပီနော် "

"ဟုတ်ကဲ hyung"
သူဖြေပြီးသည်နှင့် ရေချိုးခန်းထဲဝင်သွားခဲ့တော့သည် ။ဒီနေ့ အလုပ်တွေကို မြန်မြန်လုပ်ပီး Minနဲ့တွေ့ဖို့အချိန်ပေးရမယ်။

"jkမနိုးသေးဘူးလား hobiရ"Nj

"အခုမှနိုးတာတဲ့ကွ လာလိမ့်မယ်... "hs

"ဟို GaGaကြီးကော မနိုးသေးဘူးလား"Hs

အ့ဒီချိန်မှာ တကိုယ်လုံးအနက်ရောက်ဝတ်ပီး ဆင်လာတဲ့တချိန်လုံးမှောင်မိုက်နေတဲ့ GaGaကြီး။
အချိန်ပြည့်မှောင်မိုက်နေတာဒါပေမဲ့လဲ သူနဲ့တော့ကြည့်ရင် မိမိုက်နေတာပဲ။

"နိုးပါပီကွ ဒီနေ့ကစ အလုပ်တေပြန်လုပ်ရတော့မှာကို... "yg

"အော်...အင်းဒါနဲ့ Jin hyungဆီသွားအုံးမယ် "Hs

"အင်း "Nj

ဒါနဲ့ပဲ hobiလေးက jinဆီသွားပီးလုပ်ကူနေတော့သည်။တခနအကြာမှာ Jkကလဲ အောက်ထပ်ကိုဆင်းလာခဲ့လေသည်။

"hyungတို့ စောင့်ရတာကြာပီလား ကျနော်ဒီနေ့ထတာနောက်ကျသွားးတယ်"jk

"မကြာသေးပါဘူးကွာ ဒါနဲ့ မင်းဘာဖြစ်နေတာလဲ ဟမ်"nj

"ဟင်... ဘာမှဖြစ်ပါဘူး hyungရဲ့ ဘာဖြစ်နေလို့လဲ "jk

Nj hyungကိုမေးလိုက်တော့ hyungကမေးငေါ့ပြလေသည်။ အ့တော့မှ ကိုယ့်ကိုပြန်ငုံကြည့်လိုက်တော့ သေရောလေ။ အပေါ်ကအကျီပဲဝတ်ထားပီး အောက်မှာက ခါးဝတ်တဘက်ကြီးနဲ့jkပါ။အရှက်တွေတော့ ကွဲပါပီ jkရယ် ။ hyungတို့ကြည့်လိုက်တော့Nj hyungရော yg hyungရော သူ့ကို ခြေဆုံးခေါင်းဆုံးကြည့်နေတော့သည်။ ဒါနဲ့ပဲ Hyungတို့ကို သွား၃၂နှချောင်းပေါ်အောင်ဖြီးပြပီး အပေါ်ထပ်တက်ပြေးသွားခဲ့​ေတာ့သည်။

♡︎Lᴏᴠᴇ Is Lᴏᴠᴇ♡︎Where stories live. Discover now