Unicode
"Appa..."
"သား JiJi..."
အိမ်ကိုပြန်လာထဲက ဧည့်ခန်းထဲမှာ ထိုင်နေတဲ့Appaကိုတွေ့တော့ ဒီနေ့ အလုပ်မသွားဘူးလားလို့တွေးမိလိုက်သည်။ ဒါမှမဟုတ် ဒီနေ့က .....ပြန်တွက်ကြည့်လိုက်တော့ ဒီနေ့က သူတို့မိသားစုရဲ့အားလပ်ရက်လေးဖြစ်နေတာပဲ...။
အထုပ်တွေကို အလုပ်သမားဆီပေးလိုက်ပီး Appaဆီလာထိုင်နေခဲ့သည်။ Ommaကိုတော့မတွေ့ရ မနက်စာပြင်နေသည်ထင်။ နှစ်ယောက်လုံးဘာမှမပြောကြဘဲ တိတ်ဆိတ်နေမိကြသည်။ ကြာတော့ကိုယ်ကပဲ အရင်ခေါ်လိုက်တော့ Appaကလဲ ခေါ်နေသည်။
Jmအရမ်းဝမ်းနည်းလာပီး မျက်လုံးအိမ်ကအရည်ကြည်တွေ ဝေ့တက်လာပီးနောက် Appaဆီပြေးဖက်ပီးတောင်းပန် တော့သည်။"သားကိုခွင့်လွှတ်ပါ Appa သားမလိမ္မာခဲ့ဘူး အများကြီးဆိုးခဲ့တယ် Appaကိုလဲ စိတ်ဆိုး ခဲ့မိတယ်။ သား .....သားကိုခွင့်လွှတ်ပါနော်..... "
Appaကလဲ ပြန်လည်ပွေ့ဖက်လာပီး
"Appaလဲ သားလေးအပေါ် ဆူခဲ့မိတယ် အော်ခဲ့မိတယ်။ ငယ်ငယ်လေးထဲ ကသားလေးအပေါ်တခါမှမအော်ခဲ့ဖူးတဲ့ Appaက သားအပေါ် အများကြီး ဆူခဲ့မိတယ်။ ဒါကြောင့်ကိုယ့်ကိုကိုယ်လဲ ဒေါသထွက်မိတယ်။Appaကိုလဲ ခွင့်လွှတ်ပါ နော်.....တောင်းပန်ပါတယ် သားလေးရယ်...""အဟင့် Appaကဘာလို့တောင်းပန်နေရတာလဲ ...သားကိုက ဆိုးခဲ့တာပါ "
ရင်ခွင်ထဲ ပွေ့ဖက်ထားတဲ့ကလေးက တသိမ့်သိမ့်ရှိုက်ငိုနေပီး သူ့ကို ခွင့်လွှတ်ဖို့ တဖွဖွတောင်းပန်နေရှာသည်။ Mr Parkဒီသားလေးမျက်ရည်ကျနေတာကိုမကြည့်ရက်တော့ပေ။
"ကဲပါ တိတ်တော့နော်... Appaစိတ်မဆိုးပါဘူး သားလေးကိုအမြဲ ခွင့်လွှတ်ပီးသားပါကွာ...လာပါအုံး Appaဆီ သားလေးကိုလွမ်းနေတာ...ဒီအဖေကိုစကားမပြောဘဲနေနိုင်လိုက်တာ ငါ့သားက"
"အဟင့် အိီးးးးးးဟီးးးးဟီးးးးး"
ကလေးလေးတွေလို ချော့မှ ပိုဝမ်းနည်းတတ်သလို ဒီသားလေးက လဲသူချော့မြူလိုက်တော့ အော်ငိုပါတော့သည်။ Mr Park လဲ ပွေ့ဖက်ထားပီး ကျောလေးပုတ်ပေးနေရင်း သူလဲမျက်ရည်ကျနေ မိသည်။
ထမင်းစားခန်းက သူလဲ မနက်စာစားဖို့ လာခေါ်ရင်း ဧည့်ခန်းထဲက နွေးထွေးလွန်းတဲ့ သားအဖနှစ်ယောက်ကို ကြည့်ပီး ဝမ်းနည်းဝမ်းသာမျက်ရည်ကျနေမိသည်။ Mr.Parkဟာလဲ သူ့ဇနီးကိုမြင်တော့ မျက်ရည်တွေကြားက ပြုံးပြလေသည်။သူတို့မှာဘာစည်းစိမ်ဥစ္စာ ပကာသနမှမလိုပါဘူး။သူတို့ရဲ့အသက်ဟာ ဒီသားလေးပါပဲ။သားလေးကိုအမြဲပျော်ရွှင်စေချင်တာ သူတို့ရဲ့ဆန္ဒ သားလေးကို ပျော်အောင်ထားနိုင်ဖို့က သူတို့ရဲ့ တာဝန် ။သူတို့ရဲ့မိသားစုလေး အမြဲ အေးချမ်းပြီး ပျော်ရွှင်စွာ နေနိုင်ဖို့ကိုမက်မောသည်။ ဒါဟာ သူတို့ဘဝ ရှင်သန်နေရတဲ့အကြောင်းအရင်း...
YOU ARE READING
♡︎Lᴏᴠᴇ Is Lᴏᴠᴇ♡︎
Romanceဘယ်လိုမှမဖြစ်နိုင်မှန်းသိပေမဲ့ ကျွန်တော် မျော်လင့်နေမိတယ်... ကျွန်တော့်မှာ ရူးမိုက်ခွင့်တော့ရှိတယ်မဟုလားJᴇᴏɴ~~~♥︎ ကိုယ်အချစ်ဆိုတာကို သိလဲမသိခဲ့ဘူး ချစ်လဲမချစ်တတ်ခဲ့ဘူး..... မင်းနဲ့မှအချစ်ဆိုတာကို သိလာခဲ့တာ ချစ်တတ်လာခဲ့တာMɪɴရယ်~~~♡︎ ဘယ္လိုမွမျဖစ္နို...