Unicode
အိမ်ပြန်လမ်းတလျှောက်လုံးလဲ နှစ်ယောက်စကားမပြောဖြစ်ခဲ့ကြ အတွေးတွေကိုယ်စီဖြင့် jmလေးကတော့ သူ့Appaနဲ့ Jkနဲ့တွေ့ရင်အဆင်ပြေပါ့မလားဆိုတာတွေးပီးစိုးရိမ်နေမိသည်။ ဘေးနားက Taehyung ကလဲ အိမ်မှာ သူ့ဒယ်ဒီတွေရှိနေတာမို့ Jmအနေရခက်နေမှာစိုးရသည်။ Jmကအစထဲက စိတ်ပင်ပန်းနေတာကို ပိုဆိုးသွားစေမှာကြောင့်။
အတန်ကြာတော့ ကားလေးဟာ စံအိမ်တော်ကြီးထဲ ရောက်ရှိသွားခဲ့တော့သည်။ Jmလေးက သူလဲ လာအိပ်နေကြမို့ အထုပ်တွေကို Taeကိုကူသယ်ခိုင်းကာ အရင်သွားနားဖို့ဝင်လာခဲ့လေသည်။ အိမ်ထဲရောက်တော့အပေါ်ထပ်တက်ဖို့ ခြေလှမ်းတုန်း ဧည့်ခန်းထဲက လူနှစ်ယောက်ကို တခါမှမတွေ့ဖူးတာကြောင့် Taeကိုမေးကြည့်လိုက်မိသည်။
"Taeသူတို့နှစ်ယောက်ကို ငါတခါမှမတွေ့ဖူးပါလား ဘယ်သူတွေလဲ ငါသွားနှုတ်ဆက်လိုက်ရမလား"
အနောက်ကနေ အထုပ်တေသယ်လာတဲ့Taeလဲ အိမ်ကအလုပ်သမားတွေကိုခေါ်ပီး စားစရာတွေကို ထမင်းစားခန်းမှာသွားထားခိုင်းကာ တခါထဲ ပြင်ဆင်ထားဖို့ ပြောလိုက်သည်။ အဒေါ်ကြီးကိုတော့ သူ့အခန်းထဲ သစ်သီးတေယူလာပေးဖို့ ပြောလိုက်သည်။
ပီးနောက် ဧည့်ခန်းထဲကို ခေတ္တခနမျှကြည့်ပီးနောက် မဲ့ပြုံးလေးဖြင့်
"အော် သူတို့လား သူတို့က ဒီအိမ်ကြီးရဲ့အရှင်သခင်တွေလေ တနည်းအားဖြင့်ငါ့ရဲ့ မိဘတွေပေါ့ "
Taeပြောတာကို နားထောင်ပီးနောက်
"ဟင် အ့ဆို မင်းဒယ်ဒီတို့ ပြန်ရောက်နေပီပေါ့ဘာလို့ ငါ့ကိုမပြောပြတာလဲ Taeရယ် ""မင်းကိုပြောပြဖို့ ပဲမင်းကိစ္စကပိုပီးအရေးကြီးတယ် Jiminလာပါကွာ သွားနားရအောင် "
"ဟင် ကောင်းပါ့မလား Taeရဲ့ ငါသွားနှုတ်ဆက်သင့်တယ်မဟုလား "
"မလိုပါဘူး ကောင်းတယ် ဘာမှမဖြစ်ဘူး လာ သွားနားမယ်"
jmစိတ်ရှုပ်နေရမှာစိုးတာကြောင့် အမြန်ခေါ်ထုတ်ဖို့ လုပ်ခဲ့သည်။ သူ့ကိုကြည့်ရတာလဲ အရမ်းပင်ပန်းနေတာကြောင့် အနားယူစေချင်နေပီ။ Jmလက်ကို ဆွဲပီး အပေါ်ထပ်တက်နေတုန်း လှေကားအဆင့်၃ဆင့်လောက်မှာပဲရှိသေးသည်။ ဧည့်ခန်းထဲက သူ့မာမီခေါ်သံကြားလိုက်ရသည်။
YOU ARE READING
♡︎Lᴏᴠᴇ Is Lᴏᴠᴇ♡︎
Romanceဘယ်လိုမှမဖြစ်နိုင်မှန်းသိပေမဲ့ ကျွန်တော် မျော်လင့်နေမိတယ်... ကျွန်တော့်မှာ ရူးမိုက်ခွင့်တော့ရှိတယ်မဟုလားJᴇᴏɴ~~~♥︎ ကိုယ်အချစ်ဆိုတာကို သိလဲမသိခဲ့ဘူး ချစ်လဲမချစ်တတ်ခဲ့ဘူး..... မင်းနဲ့မှအချစ်ဆိုတာကို သိလာခဲ့တာ ချစ်တတ်လာခဲ့တာMɪɴရယ်~~~♡︎ ဘယ္လိုမွမျဖစ္နို...