PART 15(Uni&Zaw)

212 26 0
                                    

Unicode

အိမ်ထဲကိုTaeကားဝင်လာမြင်တော့ အဆင်သင့်လွယ်အိတ်တွေယူပီး စောင့်နေလိုက်သည်။ မကြာခင်Taeတက်လာတော့မယ်။ Taeလာရင် အရင်ဆုံး တိတ်ဆိတ်တဲ့နေရာကိုမောင်းခိုင်းပီးမှရင်ဖွင့်ရမယ်။ အိမ်မှာပြောလို့ ငိုနေရင် Ommaမြင်သွားမှာလဲကြောက်တယ်။

*Ommaကိုလဲ တကယ် အားနာမိပါတယ် ။နောက်တော့မှပဲ သေချာလေးတောင်းပန်ပါ့မယ်။အခုတော့ဘယ်လိုမှ အဆင်မပြေတာမို့ သားကိုခွင့်လွှတ်ပါ Omma*

စိတ်ထဲကနေတွေးနေတုန်း တခါးဖွင်ပြီး ဝင်လာတဲ့Taehyungကိုမြင်တယ်ဆိုရင်ပဲ Jmလွယ်အိတ်ကိုကောက်လွယ်ပီး Taeဆီလျှောက်လာခဲ့လိုက်တယ်။

"Tae ah~~~ငါ့ကို တနေရာရာခေါ်သွားပေးပါလား တိတ်ဆိတ်တဲ့နေရာကို အ့ရောက်တော့မှ ငါပြောပြပါ့မယ်ကွာ အခုတော့ခေါ်သွားပေးပါနော်"

အခန်းထဲဝင်လိုက်တာနဲ့ ထိုင်ခုံပေါ်မှာထိုင်ပီး ပြတင်းပေါက်အပြင်ဘက်ငေးနေရင်းကနေ သူ့ဘက်ကိုလှည့်ကြည့်လာတယ်။ ဟာ...မျက်လုံးတွေကဖောင်းအစ်မို့မောက်နေတာပဲ ဘယ်လောက်တောင်ငိုထားလိုက်သလဲ မျက်တွင်းတွေလဲကျလို့ ။သူ့ကိုမြင်တာနဲ့ လွယ်အိတ်ကိုချက်ချင်းကောက်လွယ်ပီး အပြင်ခေါ်သွားဖို့ပြောနေတဲ့သူငယ်ချင်းကို ကြည့်ပီး သူလဲခံစားလာရသည်။ ဒါနဲ့ပဲ ခေါင်းငြိမ့်ပြပီး အောက်ထပ်ကိုဆင်းလာခဲ့လိုက်သည်။

အောက်ထပ်ကိုရောက်တော့ အန်တီကိုမတွေ့ရတော့။ အန်တီရဲ့ ပန်းခင်းဆီရောက်နေပီထင်တယ်။ Jiminကိုကြည့်လိုက်တော့လဲ ထမင်းစားခန်းထဲကို ခေတ္တခနမျှ ကြည့်ပီးနောက် အရှေ့ကနေထွက်သွားခဲ့တော့သည်။ သူလဲအနောက်ကနေ သက်ပြင်းတွေချပီး ကားထဲဝင်ကာ တိတ်ဆိတ်တဲ့နေရာကို ခေါ်လာခဲ့လိုက်သည်။

ကားပေါ်မှာလဲ ဘာစကားမှမပြောပဲ လမ်းကအရာတွေကို ကြည့်နေတဲ့သူ။ ဘာတွေခံစားနေရလို့ အ့လောက်ထိငိုထားရတာလဲ။ Taehyung သူငယ်ချင်းဖြစ်သူရဲ့ အခြေအနေတွေကို ကြည့်ပီး သူအဆင်မပြေနေတာတွေကိုလဲ သတိမရတော့ ။

ခနအကြာမှာတော့ ကားလေးက တိတ်ဆိတ်ပီး အေးချမ်းတဲ့နေရာစီရောက်လာခဲ့တယ်။
ကားကိုရပ်ပီး နှယောက်လုံးခုံတန်းဆီလျှောက်လာခဲ့တယ်။ပီးနောက် Taehyung ဘေးကလူကိုလှည့်ကြည့်မိတော့ အရှေ့ဘက်ကို စိုက်ကြည့်နေပီး အသံမထွက်ပဲမျက်ရည်တွေကျနေတဲ့ Jmကိုတွေ့တော့

♡︎Lᴏᴠᴇ Is Lᴏᴠᴇ♡︎Where stories live. Discover now