PART 8♡︎(Uni&Zaw)

239 33 0
                                    

Unicode

"Ji ရေ မနက်ဖန်ကျောင်းပိိတ်တယ်နော်"
အတန်းနားချိန် (ထမင်းစားချိန်ပေါ့) ကျောင်းရှေ့က ဆိုင်မှာ နေ့လည်စားစားနေရင်းမှ Taeက စကားဆိုလာခဲ့တယ်။

"အင်း ဟုတယ်လေ ဘာဖြစ်လို့လဲ "

"Aww မနက်ဖြန် BTS Concert ပွဲရှိတယ်လေ မင်းမေ့နေတာလား "

စားနေရင်းနဲ့မှ Taeပြောတာကို ကြားတော့ အတန်ကြာတွေးနေမိသည်။ ဟုသားပဲ~~~ မရောက်ချင်းနေ့ကိုတောင် ရောက်လာခဲ့ပီပဲ။ လွန်ခဲ့တဲ့ရက်က Jeon ကပြောထားတယ်လေ ။ ဒီပွဲမှာ သူချစ်ရတဲ့သူကို ကြောငြာမယ် ဝန်ခံမယ်ဆိုတာ။ အော်~~~ အချိန်တွေကုန်တာလဲ မြန်လိုက်တာ နော်။

"မမေ့ပါဘူး ငါသိပါတယ် Taehyung ah~~~"

Tae သူ့သူငယ်ချင်းကို ကြည့်ပီး စိတ်မကောင်းဖြစ်ရုံကလွဲ ဘာမှမလုပ်ပေးနိုင်။ ဒါကြောင့် သူ့မှာ စိတ်တိုနေပီး ဒေါသတွေထွက်နေရသည်။ ဒါပေမဲ့ သူငယ်ချင်းကို ဘာမှမလုပ်ပေးနိုင်တဲ့ သူ့ကိုယ်သူကိုလာ။Jmအပေါ် ရက်စက်တဲ့ ကံကြမ္မာကြီးကိုလား။ ဒါမှမဟုတ် Jmကိုခံစားရအောင်လုပ်တဲ့ Jkကိုလား ။ဘယ်သူ့ငို ဒေါသထွက်နေလဲမသိတော့။ သေချာတာတော့ သူ့သူငယ်ချင်း ဒီလိုမျိုး
ခံစားနေရတာတော့ သူမမြင်ချင်ပါ။ အမြဲတမ်းပျော်ပျော်ရွှင်ရွှင် နေတာကိုမြင်ချင်ခဲ့တာ။ ခုဆို ကြည့်ပါအုံး မျက်လုံးလေးတွေ ဖောင်းလို့။ မင်းမပြောလဲ ငါသိပီးသားပါကွာ။ မင်း သူ့ကြောင့် ငိုထားတယ် ဆိုတာ~~~။

"အ့တာ မနက်ဖြန်Concert သွားမလား မင်းကိုမေးမလို့ "

"သွားမှာပေါ့ မင်းကလဲ ခါတိုင်းသွားနေကြပဲကို "

*ခါတိုင်းသွားနေကြနဲ့ အခုက မတူတော့ဘူးလေ။ ခါတိုင်းဆိုရင် မင်းအရမ်းကိုပျော်နေတာ Concertလို့ အသံကြားတာနဲ့ မင်းပျော်နေတာလေ။ အခုတော့ မင်းရဲ့ အပြုံးလေးတောင် မရှိတော့တာကို မတူဘူးလေ Jmရဲ့ ~~*

"အင်းပါ သွားမယ်မလား အ့ဆိုလဲ ပီးတာပဲ ငါလက်မှတ်ဝယ်ထားပေးမယ် "

"အေးပါကွာ မင်းပဲဝယ်ပေးတော့ ဒီတခေါက်"

"အောင်မာ ပြောတဲ့ပုံက အရင်က သူဝယ်ပေးနေရသလိုလိုနဲ့... "
သူငယ်ချင်းဖြစ်သူ နှခမ်းထော် ပီးပြောနေတဲ့ပုံကတကယ်ခလေးလေး ချစ်ဖို့ကောင်းတယ်။ သူတို့နှယောက် စားသောက်နေကြတုန်းမှာပဲ သူတို့စားပွဲဆီကို လူတယောက် လျှောက်လာနေတယ်။ပီးတော့ သူရဲ့ လက်ထဲမှာလဲတပွင့်ထဲသော နှင်းဆီပန်း အနီရောင်လေး။ သေချာတယ် သူက Jmစာရေးခုံပေါ်မှာနေ့တိုင်း နှင်းဆီပန်းအနီရောင် တပွင့်ကို ထားနေတဲ့သူပဲ။

♡︎Lᴏᴠᴇ Is Lᴏᴠᴇ♡︎Where stories live. Discover now