PART 23 (Uni& Zaw)

125 11 0
                                    

Unicode

"Hyung ကျနော့်မျက်နှာကို ကြည့်ပါအုံးဗျာ"

hyungအားတဲ့အချိန်ကိုစောင့်နေခဲ့တာ ဒီအချိန်ကို
စောင့်နေခဲ့တာကြာပေါ့ ။အရမ်းချစ်တဲ့အကြောင်းတွေကို ဖွင့်ပြောချင်လို့ စောင့်နေခဲ့တာ ။ ဒီရောက်တော့ Hyungက မျက်နှာလုံးဝ မဖော်တော့။ ခုံတန်းလေးမှာ ထိုင်ပီး အောက်ကိုပဲကြည့်နေတော့တာ ။ မြေကြီးမှာဘာတွေရှိနေလို့လဲမသိဘူး အသဲအသန်ကိုကြည့်နေခဲ့တာ လူကစိတ်မရှည်ချင်တော့ဘူး ။

ကြည့်ဆိုတော့လဲ မျက်လုံးချင်းကိုအစုံမခံဘူး။မျက်နှာလွဲ"သွားတာ

"hyung ဘာဖြစ်နေတာလဲ ကျနော်နဲ့ မတွေ့ချင်လို့လား ကျနော်နဲ့ရှိနေတာမကြိုက်လို့လား"
လေသံမာမာလေးနဲ့ စိတ်မရှည်ဟန်မေးလိုက်တော့ ဆတ်ခနဲ မျက်နှာကိုကြည့်လာပီး

"မဟုတ် မဟုတ်ပါဘူး Taeရဲ့ အ့လိုသဘောမျိုးမဟုတ်ပါဘူး"

"အ့ဆို hyungဘာလို့ ကျနော်နဲ့မျက်လုံးချင်းမစုံတာလဲ ကျနော်မျက်နှာကိုလဲမကြည့်ဘူး"

*ရှက်လို့ မကြည့်တာဟေ့ ရှက်လို့!တကယ်ပါပဲ ဒီကိုနှစ်ယောက်ထဲလာတယ်ဆိုကထဲက ဘာပြောမယ်ဆိုတာသိနေလို့ အ့ခါကျရင်သူလဲဘာပြန်ပြောရမှန်းမသိလို့ တစ်ယောက်ထဲအတွေးများပီးရှက်နေတာကို ဒင်းကအသဲအသန်ကိုကြည့်ခိုင်းနေတော့တာ*

"hyung ကြည့်ပါတယ်Taeရဲ့ အခုလဲကြည့်နေတယ်လေ"

"အင်း အ့ဆိုကျနော်ပြောတာ နားထောင်ပေးနော် "

"အင်းပြောလေ hyungနားထောင်ပေးမယ်"
ခုံတန်းလေးပေါ် နှစ်ယောက်သားမျက်နှာချင်းဆိုင်
ထိုင်ပီး တစ်ယောက်မျက်နှာတစ်ယောက် သေ"ချာ"လေးကြည့်နေကြတယ်

"ကျနော်ငယ်ငယ်လေးထဲက တစ်ယောက်ထဲနေလာခဲ့တာ hyungရ မာမီနဲ့ဒယ်ဒီက အင်္ဂလန် မှာပဲစီးပွားရေးကိစ္စတွေနဲ့ ကျနော့်ဆီတခါမှမလာခဲ့ကြဘူး ကျနော်အထက်တန်းကျောင်းသားအရွယ်ရောက်ခါစ ကျနော့်ဘဝရဲ့အလင်းရောင်ကိုတွေ့လိုက်ရတယ် အ့တုန်းကJimin သီချင်းနားထောင်နေခဲ့တာ ကျနော်ကလဲစိတ်ညစ်နေတာမို့ စိတ်ပြေလက်ပျောက် နားထောင်လိုက်တယ် အ့သီချင်းကိုနားထောင်ပီးတာနဲ့ လူကလုံးဝကိုလန်းဆန်းတက်ကြွသွားခဲ့တာ စိတ်ညစ်စရာတွေလဲမရှိတော့ဘူး အ့ဒီအချိန်ထဲက hyungတို့အဖွဲ့ကိုသိခွင့်ရခဲ့တယ် အချိန်တိုင်းလိုလို သီချင်းနားထောင်တယ် vdလေးတွေကြည့်ပီး ရီမောခဲ့ရတာ အ့ထဲမှာမှ idolထက်ပိုပီး မေတ္တာရှိနေခဲ့တာ hyungကို အမြဲတမ်းနေရောင်ခြည်လိုအပြုံးလေးတွေနဲ့ နွေးနွေးထွေးထွေးပြုံးပြတတ်တဲ့ hyungအပေါ် ကျနော်ခံစားချက်တွေလွန်နေခဲ့ပီ "

♡︎Lᴏᴠᴇ Is Lᴏᴠᴇ♡︎Where stories live. Discover now