အခန်း(၁၂.၂)

197 26 10
                                    

Unicode

"အခုပြောနေတာတွေအားလုံးက အမှန်တွေပါပဲ လူကြီးမင်း။ကျွန်တော်မျိုးမရဲ့ မောင်ဝမ်းကွဲဟာ အိမ်တော်ရဲ့အစေခံတစ်ဦးဖြစ်တာကြောင့် ကျွန်တော်မျိုးမ မလိမ်ဝံ့ပါဘူး။လူကြီးမင်းမယုံကြည်ဘူးဆိုရင် အိမ်တော်ထိန်းကိုမေးကြည့်နိုင်ပါတယ် လူကြီးမင်း။"

"သူ့ကိုတွေ့တာမတွေ့တာကအရေးတော့မကြီးပါဘူး။အဓိကကမင်းကိုတွေ့ချင်တာပါ။ဆေးဆိုင်ပိုင်ရှင်တွေက သူကိုယ်တိုင်သူ့တို့ဆေးဆိုင်ကိုလာပြီး ချိူင်ဟူအမြောက်အမြားဝယ်သွားခဲ့တယ်ဆိုတာ ထွက်ဆိုပြီးပြီ။"

"လူကြီးမင်းရဲ့ မေးခွန်းကအဓိပ္ပာယ်မရှိပါဘူး။တကယ်လို့သူက ချိုင်ဟူဝယ်ဖို့သွားခဲ့တယ်ဆိုလည်း ကျွန်တော်မျိုးမကို သူပြောပြမှာမဟုတ်ဘူးလေ။ကျွန်တော်မျိုးမနဲ့ဒီကိစ္စက မသက်ဆိုင်ပါဘူး။"

"ဖုယွမ်ချန်းက မူလဆေးညွှန်းအတိုင်းဆို ဒီအတိုင်းအား‌ဆေးတစ်မျိုးပဲ။ မူလဆေးညွှန်းထဲကို ပါဝင်ပစ္စည်းတစ်မျိုးထပ်ထည့်လည်း ပမာဏနည်းနေသေးရင် အန္တာရယ်မဖြစ်စေဘူး။ဒါပေမယ့် မင်းမောင်ဝမ်းကွဲကို ချိူင်ဟူအမြောက်အမြားထည့်ခိုင်းလိုက်ရင်တော့ ဆေးကအဆိပ်ဖြစ်သွားတာကြောင့် ကျန်းချန်ကအခုလိုရုတ်တရက်သေဆုံးသွားရတာပဲ။"

"လူကြီးမင်းစွပ်စွဲနေတာပဲ .......!"

ဟွားနန်တစ်ယောက် အသံကျယ်ကျယ်လောင်လောင်ဖြင့် သူမအပေါ် စွပ်စွဲနေမှူအား ဒေါသတကြီးအော်ဟစ်ပြီးကာစမှာပဲ အနောက်မှာရပ်နေတဲ့ သခင်မကြီးဟာ ဟွားနန်ရှေ့ကိုရောက်ရှိလာကာ ဟွားနန်အား ဒေါသတကြီးရိုက်နှက်ကာ အပြစ်တင်တော့လေသည်။

"အခုထိကိုငြင်းနေတုန်းလား? င့့ါသားကျန်းချန်နဲ့ မင်းမောင်ဝမ်းကွဲဟာ တွေ့တဲ့အကြိမ်ရေနည်းနည်းလေးပဲရှိတာ။သူတို့နှစ်ယောက်ကြား ရန်ငြိုးရှိစရာအကြောင်းမရှိနိုင်ဘူး။အဲ့တော့ တစ်ယောက်ယောက်က မခိုင်းရင်သူသတ်စရာအကြောင်းမရှိဘူး။သက်သေတွေကခိုင်လုံနေလို့ငြင်းလို့လည်းမရဘူး။မင်းတို့နှစ်ယောက်အဆင်မပြေနေတာတွေ့ပေမယ့် သတ်ပစ်ရဲတဲ့အထိ သတ္တိရှိနေမယ်လို့ မထင်ထားဘူး။မကောင်းတဲ့မိန်းမ!"

ချန်းဟွာမင်းရဲ့ဆယ့်လေးနှစ်မြောက်မှာ[The Sleuth Of Ming Dynasty]MM TranslationWhere stories live. Discover now