အပိုင်း(၆.၁)

220 49 16
                                    

"ရည်ရွယ်ချက်ခြင်းတူညီနေတာတောင်
ခွဲခြားဆက်ဆံသတဲ့လား"

ထန်ဖန်းကဲ့သို့စကားအရာ၌ထက်မြတ်သူတောင်မှပင် စွေ့ကျိုးစကားအားကြားလိုက်ရချိန်၌ ပြောစရာစကားများပင်ပျောက်ရှသွားရတော့သည်။ထန်ဖန်းဟာရိုးသားမှုအပြည့်ဖြင့် ပူးပေါင်းဆောင်ရွက်ရန် ကမ်းလှမ်းခဲ့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် သူဟာလူသတ်တရားခံအဖြစ် သံသယရှိသူဖြစ်လာခဲ့လေသည်။ ဒီနေ့ဟာသူ့အတွက်ပြဿဒါးဒါမှမဟုတ်ရက်ရာဇာဖြစ်ကြောင်း ပြက္ခဒိန်မှာကြည့်ဖို့အတွက် အမှန်တတကယ်မေ့လျော့နေခဲ့ခြင်းဖြစ်ကောင်းဖြစ်နိုင်လေသည်။

လူအများကြားမှာတော့ ကျင်းရိဝေများဟာရဲစွမ်းသတ္တိနှင့်ပြည့်စုံကြပြီး မည်သူ့ကိုမှမျက်နှာလိုက်ခြင်းမျိုးမရှိကြောင်းနာမည်ကြီးလေသည်။ အမှန်တကယ်လည်းထိုဂုဏ်သတင်းနှင့်ပြည့်စုံလှသော
ကျင်းရိဝေများဖြစ်ကြလေသည်။

ထန်ဖန်းဟာပြုံးရယ်လိုက်ရင်းစွေ့ကျိုးရဲ့ပြောစကားအား
မည်ကဲ့သို့ပြန်လည်ပြောဆိုရန်တွေးတောပြီး‌ေနာက် ပြန်လည်ပြောဆိုရန်ပြင်ဆင်နေချိန်အတွင်းမှာပဲ ကောင်းရန်ဇီ၏အသံကိုကြားလိုက်ရလေသည်။

"ဆိုင်ရှင်လျှို ‌ဆရာပြန်လာပြီလား?"

ဆိုင်ပိုင်ရှင်လျှိုဟာ ဆေးဆိုင်ထဲကိုအလျင်အမြန်ဝင်လာခဲ့ပြီး ဆေးဆိုင်အတွင်း၌မိမိအား စောင့်ဆိုင်းနေကြသောကျင်းရိဝေသုံးဦးအားမြင်လိုက်ရချိန်မှာတော့ အလွန်ပင်အ့့ံဩသွားလေသည်။

ကောင်းရန်ဇီဟာဆိုင်ရှင်လျှိုရှေ့သို့လျှောက်သွားပြီး ဆိုင်ရှင်လျှိုအား စွေ့ကျိုး၊ ထန်ဖန်းတို့နှင့်မိတ်ဆက်ပေးလေသည်။ဆိုင်ပိုင်ရှင်လျှိုတစ်ယောက် ထန်ဖန်း၊စွေ့ကျိုးနှင့်တခြားကျင်းရိဝေနှစ်ဦးအား အရိုအသေပေးလိုက်ပြီးနောက် ကြောက်ရွံ့မှုအနည်းအငယ်စွက်သောအသံဖြင့်

"အရင်ဆ‌ံုးကျွန့်တော်မျိုးကိုအကြာကြီးစောင့်လိုက်ရတဲ့အတွက်
ထန်လူကြီးမင်းအပါအဝင်ကျန်လူကြီးမင်းတို့ကို‌ေတာင်းပန်ပါရစေ။ကျွန်တော်ရဲ့တောင်းပန်မှုကိုလက်ခံပေးပါ လူကြီမင်းတို့...
ဟောဒီ့ကအဖိုးကြီးကိုပြောပါဦ်း ကျွန်တော့ရဲ့တပည့်လူငယ်လေးဘာအမှားများကျူးလွန်ခဲ့တယ်ဆိုတာ?

ချန်းဟွာမင်းရဲ့ဆယ့်လေးနှစ်မြောက်မှာ[The Sleuth Of Ming Dynasty]MM TranslationWhere stories live. Discover now