အပိုင်း(၁၁.၃)

136 32 1
                                    

လေးစားဖွယ်ရာလူကြီးမင်း

'အပေါ်က ပိုင်ေဟွ့နေရာကိုလာစမ်းကြည့်ပါဦး စွေ့ကျုန်းချီ"

စွေ့ကျိုးဟာ ထန်ဖန်‌းပြောတဲ့အတိုင်း ပိုင်ဟွေ့နေရာကို လက်ဖြင့်သေသေချာချာစမ်းကြည့်လိုက်ပြီးနောက် မျက်မှောင်ကျုံ့လိုက်ရင်း တစ်ခုခုအားလေးလေးနက်နက်စဉ်းစားနေလေသည်။ပြီးနောက်

"ပိုင်ဟွေ့နေရာမှာ ချိုင့်သေးသေးလေးဖြစ်နေတာပဲ"

ထန်ဖန်းဟာဆေးပညာနှင့်ပတ်သက်ပြီး ဗသုသုတအနည်းအငယ်ရှိလေသည်။ထန်ဖန်းဟာသူကြားယုံမျှ အသံလေးဖြင့်တိုးတိုးလေးရေရွတ်နေလေသည်။

"မှတ်မိသလောက်ဆိုရင် ပိုင်ဟွေ့နေရာကိုအပ်စိုက်ခြင်းက အပ်စိုက်ခံရတဲ့သူရဲ့အသိကိုနိုးကြားစေပြီး သူတို့ရဲ့ရည်မှန်းချက်တွေအောင်မြင်နိုင်စေတဲ့ အကျိုးရှိတယ်"

စွေ့ကျိုးဟာ တိုက်ခိုက်ရေးပညာကိုလေ့လာသူတစ်ဦးဖြစ်တာကြောင့် ထန်ဖန်းထက်ပင် ၎င်းနှင့်ပတ်သက်၍ပိုမိုနားလည်သူဖြစ်တာကြောင့်

"ပိုင်ဟွေ့သွေးကြောဟာ ဆန်းကျင်းသွေးကြောနှင့် ပိုင်မေ့သွေးကြောတွေ့ဆုံတဲ့ဆုံမှတ်နေရာဖြစ်တာကြောင့် ပိုင်ဟွေ့သွေးကြောနေရာမှာ အားပြင်းပြင်းအသုံးပြုခဲ့ရင်‌ေတာ့ သတိမေ့မြောပြီး နောက်ဆုံးအသက်ပါသေဆုံးနိုင်တယ်။"

ထန်ဖန်းက

"ဒါပေမယ့် အဲ့ဒီ့ညက အခန်းထဲမှာ အစေခံမိန်းကလေး အားလင်တစ်ယောက်ပဲရှိနေခဲ့တာပဲ။သူမဟာအားနည်းတဲ့မိန်းကလေးဖြစ်တဲ့အပြင် ကျန်းချန်ဟာအရက်မူးနေပေမယ့် အသိစိတ်ရှိနေသေးတာပဲ။ဒါကြောင့် ကျန်းချန်ဟာမိန်းကလေးတစ်ယောက်က သူ့ကိုသေစေနိုင်တဲ့အထိလုပ်နိုင်အောင်တော့ ခွင့်ပြုမှာတော့မဟုတ်ဘူး။ ဒါ့အပြင် အားလင်ကိုယ်တိုင်ကလည်း ကျန်းချန်ကိုတမင်သွေးဆောင်တဲ့သူဖြစ်တာကြောင့် သူတို့နှစ်ဦးကြားက ဆက်ဆံရေးကောင်းနေတာလည်း အသိအသာပဲလေ။ဒါကြောင့်အားလင်ဟာ သူ့ဘဝကို
အန္တာရာယ်တွင်းထဲဆွဲချပြီး ကျန်းချန်ကိုတော့သတ်မှာမဟုတ်ဘူး"

ချန်းဟွာမင်းရဲ့ဆယ့်လေးနှစ်မြောက်မှာ[The Sleuth Of Ming Dynasty]MM TranslationWhere stories live. Discover now