အခန်း(၉)

249 51 6
                                    

စိတ်ကူးယဉ်ဝတ္ထုများကို နှစ်သက်တဲ့ ထန်လူကြီးမင်း

ထန်ဖန်းဟာ ရင်ထဲ၌နွေးထွေးမှုတစ်ခုကိုခံစားလိုက်ရလေသည်။အနှီအမျိုးသားမှာ သတ္တမအဆင့်ကျုန်းချီတပ်ကြပ်ကြီးသာ ဖြစ်သော်လည်း စကားပြောပုံမှာရဲတင်းလှပေသည်။သေချာပေါက် ထိုသူ၏နောက်ကွယ်၌ ကျောထောက်နောက်ခံတစ်ခု ရှိကောင်းရှိနိုင်လေသည်။ထန်ဖန်းက‌စနောက်ခြင်းမပြုပဲ ပွင့်ပွင့်လင်းလင်းစကားဆိုလေတော့သည်။

"အခုလိုမျိုးကမ်းလှမ်းပေးတဲ့ စွေ့ကျုန်းချီကို ကျေးဇူးတင်ပါတယ်။ဒါပေမယ့်ဖန်လူကြီးမင်းက ကျွန်တော့်အပေါ်အလွန်တရာမှ ကြင်နာပြီး ကောင်းကောင်းမွန်မွန်ဆက်ဆံပေးခဲ့တာကြောင့် သူ့အပေါ်သစ္စာမဖောက်နိုင်ပါဘူး။"

"ထန်လူကြီးမင်းသဘောပါပဲ။"

ထန်ဖန်းကစွေ့ကျိုးရဲ့ အေးစက်စက်တုံ့ပြန်မှုကို စိတ်မဆိုးခဲ့ပဲ လက်နှစ်ဖက်ယှက်လိုက်ရင်း

"စွေ့ကျုန်းချီအားတဲ့တစ်ရက် ကျွန်တော်နဲ့အတူသောက်ဖို့ ဖိတ်ခေါ်ပါဦးမယ်။ အခုတော့ သွားခွင့်ပြုပါဦး"

(T/N လက်နှစ်ဖက်ကိုယှက်တယ်ဆိုတာကလေ တရုတ်ကားတွေထဲကလို နှုတ်ဆက်တာကိုဆိုလိုချင်တာပါနော်။)

စွေ့ကျိုးကမတ်တပ်ရပ်လိုက်ပြီး

"ဂရုစိုက်ပြီးသွားပါ ထန်လူကြီးမင်း။ လိုက်မပို့နိုင်တာခွင့်လွှတ်ပါ။"

ထိုအချိန်မှာပဲ ကျင်းရီဝေတစ‌်ယောက်က အလောတကြီးပြေးလာပြီး

"အကိုကြီး!"

ထန်းဖန်းက ထိုကျင်းရီဝေမှာ ဟိုတစ်လောကဆေးဆိုင်ကို စွေ့ကျိုးနောက်မှလိုက်လာခဲ့တဲ့ ကျင်းရီဝေဖြစ်ကြောင်း မှတ်မိခဲ့လေသည်။ထိုကျင်းရီဝေရဲ့ နာမည်မှာ ရွှယ်လင်းဖြစ်ပြီး ကြောက်စရာကောင်းတဲ့ အသွင်အပြင်နှင့် အညိုရောင်အသားအရည်ရှိလေသည်။

"ဘာကိစ္စလဲ?"

ရွှယ်လင်းကထန်ဖန်းအား တစ်ချက်စိုက်ကြည့်လေသည်။

ချန်းဟွာမင်းရဲ့ဆယ့်လေးနှစ်မြောက်မှာ[The Sleuth Of Ming Dynasty]MM TranslationWhere stories live. Discover now