အခန်း(၁၃.၁)

116 15 6
                                    

ထန်ဖန်းတို့သုံးယောက်ဟာ သာမန်ဝတ်စုံများလဲရန်အတွက် ရုံးတော်သို့ပြန်ခဲ့ကြလေသည်။ ရုံးတော်အသီးသီး၌ သာမန်ဝတ်စုံများလဲလှယ်ပြီးတဲ့နောက်မှာတော့ ရှန်ခဲ့စားသောက်ဆိုင်ဆီသို့ ဦးတည်ခဲ့ကြလေသည်။

ဖန်ပင်း၊ဝေးယွီနှင့်ထန်ဖန်းတို့ သုံးဦးစလုံးဟာ နန်းတွင်းစာမေးပွဲကိုဖြေဆိုအောင်မြင်ခဲ့ကြသော အစိုးရအရာရှိများဖြစ်ကြလေသည်။ဖန်ပင်းဟာ
ထန်ဖန်းရဲ့ ဆရာတူအကိုဖြစ်ပြီး ဝေးယွီကတော့ ချန်းဟွာ၈နှစ်မြောက်မှာ နန်းတွင်းစာမေးပွဲအား ဖြေဆိုအောင်မြင်ခဲ့သူတစ်ဦးဖြစ်လေသည်။ အကြောင်းအရာအား သေသေချာချာ ဆွေးနွေးပြီးချိန်မှာတော့ သုံးဦးစလုံး၏အတွေး၌တူညီသောအချက် အနည်းငယ်ရှိကြလေသည်။

ဖန်ပင်းဟာ တစ်ဆိတ်ကိုတစ်အိတ်လုပ်တတ်ကာ မိမိကိုယ်ကို အရေးပါအရာရောက်သူဟု မှတ်ယူထားသူဖြစ်ရုံမက တစ်ခါတစ်ရံ ကပ်စေးနှဲကာ ဇီဇာကြောင်သူတစ်ဦးဖြစ်သော်လည်း သူဟာထန်ဖန်းနှင့် ဝေးယွီနှစ်ဦးစလုံးရဲ့ အထက်အရာရှိတစ်ဦးလည်းဖြစ်ပေသည်။ အဲ့ဒါအပြင် ဖန်ပင်းဟာ ‌ဗျူရိုကရေစီရဲ့ အကြီးတန်းအရာရှိတစ်ဦးဖြစ်တာကြောင့် ထန်ဖန်းတို့ နှစ်ဦးထက် အတွေ့အကြုံရှိတာကြောင့် သူတို့နှစ်ဦးလုံးအား အကြံဉာဏ်ပေးနိုင်လေသည်။ရလဒ်အနေနဲ့ကတော့ ဖန်းပင်းရော သူတို့နှစ်ဦးဟာ ‌ပြောဆိုရယ်မော‌ကြရင်း စားသောက်ပွဲဟာပို၍ အသက်ဝင်လာလေတော့သည်။
စားသောက်ဆိုင်ပြီးချိန်မှာတော့ အချိန်အားဖြင့် ခြောက်နာရီဝန်းကျင်လောက်ရှိလို့နေပြီး ဖန်ပင်း၊ဝေးယွီတို့အိမ်က လူတွေဟာအသီးသီးလာကြိုနေကြလေသည်။ ထန်ဖန်းဟာတစ်ဦးတည်းနေထိုင်သူဖြစ်တာကြောင့် လာရောက်ကြိုဆိုမည့်သူမရှိပေ။အချိန်အားဖြင့်လည်း ညမထွက်ရအချိန် ရောက်ရှိဖို့ လိုသေးတာကြောင့် တစ်‌ဦးတည်းသာ လမ်းလျှောက်ပြန်ခဲ့လေသည်။

ရှေးခေတ်ပင်ဖြစ်သော်လည်း မြို့တော်ရဲ့အိမ်ဈေးနှုန်းမှာမသေးလှပေ။လုပ်ခလစာမှာလည်း လုံလောက်ရုံသာဖြစ်သဖြင့် အိမ်တစ်လုံးဝယ်ယူရန်မဖြစ်နိုင်ချေ။အထူးသဖြင့် ထန်ဖန်းမှာ အရာရှိငယ်လေးတစ်ဦးမျှသာဖြစ်တာကြောင့် နိုင်ငံတော်မှပေးအပ်တဲ့ အိမ်လည်းမရှိသေးပေ။အချို့သောအရာရှိငယ်လေးတွေမှာတော့ စုပေါင်းငှားရမ်းနေထိုင်ကြလေသည်။

လီမိသားစုရဲ့ ခြံဝန်းမှာလည်း လီမိသားစုသရဲကြောက်လန့်တတ်ခြင်းကြောင့်သာ ထန်ဖန်းအတွက် ဈေးသက်သက်သာသာနှင့် ဌားရမ်းနိုင်ခြင်းဖြစ်လေသည်။ ၎င်းကြောင့်သာမဟုတ်ခဲ့ပါက ထန်ဖန်းအနေနဲ့ လီမိသားစုရဲ့ ခြံဝန်းအားငှားရမ်းနိုင်မည်မဟုတ်ပေ။

နေဝင်ချိန်နဲ့အတူ မြို့တော်ဟာ ဈေးဝယ်သူများ၊ရောင်းချသူများ ၊ကလေးများနှင့်အတူ စည်ကားအသက်ဝင်လျက်ရှိလို့နေလေသည်။

ထန်ဖန်းဟာအိမ်လမ်းကြားထဲသို့ ရောက်ရှိချိန်မှာတော့ လီမိသားစုအိမ်မှာ မိန်းကလေးတစ်ဦးဟာ သူ့အိမ်တံခါးအားခေါက်နေသည်ကို ‌တွေ့လိုက်ရလေသည်။

"အားရှာ.......!"

အားရှာတစ်ယောက် ရုတ်တရက်လန့်သွားကာ

"ထန်သခင်လေး ပြန်လာပြီလား?"

ထန်ဖန်းကပြုံးလိုက်ရင်း

"အခုမှပြန်ရောက်တာပါ။ဘာကိစ္စရှိလို့လဲ အားရှာ?"

အားရှာ
"ဒီနေ့အိမ်မှာ မုန့်လုပ်စားလို့ သခင်မက သခင်လေးအတွက် လာပို့ခိုင်းလိုက်လို့ပါ"

ထန်ဖန်း

"အားနာစရာပါပဲ။အခုပဲညစာစာလားပြီးတာကြောင့် ပြန်ယူသွားပေးပါ။သခင်မကြီးကိုလည်း ကျေးဇူးဝာင်ကြောင်းပြောပေးပါ။"

အားရှာ။

"သခင်မကြီးက ပို့ခိုင်းလိုက်တာမို့ အားရှာပြန်ယူသွားလို့အဆင်မ‌
ပြေလောက်ဘူး သခင်လေး။တကယ်လို့သခင်လေးလက်မခံနိုင်ဘူးဆို သခင်မကြီးကို ကိုယ်တိုင်လိုက်ပြောတာမကောင်းဘူးလား သခင်လေး"

ချန်းဟွာမင်းရဲ့ဆယ့်လေးနှစ်မြောက်မှာ[The Sleuth Of Ming Dynasty]MM TranslationWhere stories live. Discover now