လေးစားဖွယ်ရာလူကြီးမင်း
Unicode
စောစောကအလောင်းစစ်ဆေးရာ၌ သူ(ထန်ဖန်း)ရဲ့လက်တွေကို အသုံးပြုဖို့အတွက် အမှန်တကယ်လိုအပ်ခဲ့လေသည်။ အခြေအနေအကြောင်းအရာတွေကလည်း သူ(ထန်ဖန်း)ကို ယခုကဲ့သို့လုပ်ဆောင်ရန် ညွှန်ပြနေခဲ့လေသည်။အလွန်တစ်ရာမှ သန့်ရှင်းမှုကို နှစ်သက်လှတဲ့ ထန်လူကြီးမင်းဟာ သူ့ရဲ့လက်တွေကို အသေအချာဆေးကြောပြီးမှသာ ကျေနပ်သွားလေသည်။
ကျန်းချန်ရဲ့အစေခံဖြစ်တဲ့ ကျန်းဖူကိုမြောက်ပိုင်းရုံးတော်၌သာ ထိန်းသိမ်းထားတာကြောင့် အချိန်ခဏလေးအတွင်းမှာပင် ရောက်ရှိလာခဲ့လေသည်။ကျင်းရီဝေများဟာ ဖမ်းဆီးထိန်းသိမ်းရာ၌ နာမည်ကျော်ကြားသူများဖြစ်သော်လည်း ထိုလူများအား ကိုင်တွယ်ဖြရှင်းရန်အတွက် အရည်အချင်းရှိရန်တော့လိုအပ်ပေသည်။ကျန်းဖူလိုသူမျိုးများကိုတော့ ကိုင်တွယ်ေြဖရှင်းရာမှာတော့ ကျင်းရီဝေများဟာ များပြားလှတဲ့ နည်းလမ်းတွေကိုအသုံးပြုရန်တော့မလိုအပ်ပေ။ကျန်းချန်သေဆုံးပြီးနောက်မှာတော့ ကျန်းဖူဟာတစ်ချိန်လုံး ဖမ်းဆီးခြင်းခံထားရလေသည်။သူတို့နှစ်ဦး ကျန်းဖူကိုမြင်ချိန်မှာတော့ ကျန်းဖူဟာကြောက်ရွံ့လို့နေကာ တစ်ကိုယ်လုံးလည်းဖြူဖျော့လို့နေပြီး မျက်တွင်းများမှာလည်း ချိူင့်ဝင်လို့နေလေသည်။ထန်ဖန်းနှင့်ပထမဆုံးအချိန်တွေ့ဆုံချိန်၌ လိမ္မာပါးနပ်ပြီးလျင်မြန်ဖြတ်လတ်ကာ ဉာဏ်ပြေးတဲ့ကျန်းဖူနှင့်နှိုင်းယှဉ်ကြည့်ပါက ယခုကျန်းဖူမှာ
လုံးဝခြားနားသောလူတစ်ယောက်ပင် ဖြစ်လေသည်။ကျန်းဖူမှာပုံတူကိုကြည့်နေရင်း ဝေခွဲမရဖြစ်နေဆဲပင်ဖြစ်လေသည်။သို့သော်လည်း ထိုလူကိုဝူအန်းအိမ်တော်၌ ထန်ဖန်းတွေ့ဖူးခဲ့ကြောင်းကို ထန်ဖန်းပြောပြသောအခါမှာတော့ တစ်ခုခုကိုသတိရသွားကာ
"အား ကျွန်တော်မှတ်မိပြီ။အဲ့လူကအိမ်တော်မှာရှိတာအမှန်ပဲ"
စွေ့ကျိုးရဲ့မျက်နှာဟာမှောင်မဲလို့သွားကာ
"ဘာလို့မင်းအစကတည်းကမပြောတာလဲ?"
YOU ARE READING
ချန်းဟွာမင်းရဲ့ဆယ့်လေးနှစ်မြောက်မှာ[The Sleuth Of Ming Dynasty]MM Translation
Tarihi KurguစာရေးဆရာMengXi Shi လောင်ရှီးရဲ့Chenghua Shisi NainကိုEng-tranကနေဘာသာပြန်ခြင်းဖြစ်ပါတယ်။E-tranဖတ်ချင်ရင်တော့Novel Updateမှာရှိပါတယ်။ ဖတ်၍အဆင်မပြေခဲ့ပါက ဘာသာပြန်သူရဲ့လိုအပ်ချက်ဖြစ်ပြီး အဆင်ပြေခဲ့ပါက မူရင်းစာရေးဆရာ၏အရည်အချင်းကြောင့်ပါ။