အပိုင်း(၆.၂)

245 42 5
                                    

မြို့တော်ဖြစ်တဲ့ပေကျင်းဟာတကယ့်ကိုလောကနိဗ္ဗာန်တစ်ခုပင်။ဗဟုသုတအားဖြင့်အနည်းအငယ်ရှိသောသူ၊ အရည်အချင်းပြည့်မှီသောသူများ၊အရာရှိအရာခံများအားလုံးပင် မြိုတော်၌နေချင်ကြသည်။များစွာသောသူများဟာသတ္တမအဆင့်၊ဆဌမအဆင့်ရာထူး များထက်တရားသူကြီးများ၊အမတ်ကြီးများဖြစ်ရန်ပို၍လိုလားကြသည်။ကောင်းကင်ရဲ့မျက်ရှုဖြစ်‌ေသာဘုရင်မင်းမြတ်နန်းစိုက်ရာမြို့တော်ဟူသောအချက်ဟာမြောက်များစွာသောအချက်များထဲမှာမှ စွဲဆောင်မှုအကောင်းဆုံးအချက်ဖြစ်လေသည်။

၎င်းအချက်အများအပြင်နောက်တစ်ချက်ရှိလို့နေ‌ေ‌သးသည်။၎င်းမှာမြို့တော်၌နေထိုင်ရခြင်းဟာတစ်နိုင်ငံလုံးမှအစားအသောက်များကိုလည်းအချိန်မ‌ေရွးစားနိုင်သေးသည်။တောင်ပိုင်းကျန်းနန်ဒေသမှအစားအသောက်မှအစမြောက်ပိုင်းဒေသရဲ့အထိမ်းအမှတ်အစား‌အသောက်များကိုပါ တစ်နေရာတည်း၌မှာယူနိုင်လေသည်။

မြို့တော်ရှိရှန့်ခဲစားသောက်ဆိုင်၌ စားသုံးသူတစ်ဦးဟာဝက်အူအစာသွပ်တစ်ခုအား ကိုင်ထားရင်းညီးတွားနေလေသည်။ "ငါဘယ်အချိန်များမှ ဒီလိုအရသာရှိတဲ့အစားအသောက်ကို ပြန်စားနိုင်မှာလဲ"

"အကိုကြီးကျီမင်း‌ မင်းကမင်းဘဝရဲ့နေရာမှန်ကိုသွားရမှာကို ဘာကြောင့် စိတ်ပျက်လက်ပျက်ဖြစ်နေရတာလဲ"ထိုသူနှင့်မျက်နှာချင်းဆိုင်ထိုင်နေသူမှမေးလိုက် လေသည်။

'သုံးနှစ်ပ‌ဲအကိုကြီး‌ရေသုံးနှစ်ပဲသုံးနှစ်ပြည့်တာနဲ့မြို့တော်မှာပြန်ဆုံကြမယ်။အဲ့ကျအရမ်းကိုအောင်မြင်နေသူဖြစ်နေမှာ"

ကျီမင်းဟာခေါင်းကိုခါယမ်းလိုက်ရင်း "သုံးန‌ှစ်၊သုံးနှစ်တဲ့လား?လူတစ်ယောက်ရဲ့သက်တမ်းတိုတိုလေးမှာသုံးနှစ်နောက်ထပ်ဘယ်နှစ်ကြိမ်များထပ်လာဦးမှာလဲ?....ရန့်ချင်းရေအမှန်အတိုင်းပြောရရင်မင်းကိုတကယ်အားကျတယ်ရန့်ချင်းရေ။ဒီလောက်ငယ်ငယ်ရွယ်ရွယ်လေးနဲ့ဆဌမအဆင့်အမတ်ဖြစ်နေပြီ။ငါ့လိုအရှုံးသမားနဲ့တော့တကယ့်ကိုမိုးနဲ့မြေပဲ။ပြီးတော့မင်းကရာထူး‌တူတွေထဲမှာတောင် အထူးချွန်ဆုံးသူပဲ ရန့်ချင်းရေ"

ချန်းဟွာမင်းရဲ့ဆယ့်လေးနှစ်မြောက်မှာ[The Sleuth Of Ming Dynasty]MM TranslationWhere stories live. Discover now