အားရှာတစ်ယောက် ထိတ်လန့်သွားတာကြောင့် ထန်ဖန်းကိုပြန်ကြည့်လိုက်ရင်း
"ထန်လူကြီးမင်း ရှင်ပြန်လာပြီလား?"
ထန်ဖန်းကရယ်လိုက်ရင်း
"အခုပဲပြန်ရောက်လာတာပါ။ ဘာကိစ္စှရှိလို့လဲ အားရှာ?""ဒီနေ့ ရာသီဉတု က အရမ်းပူလို့ သခင်မကြီးက မုန့်လုပ်ခိုင်းတာကြောင့် ထန်သခင်လေးအတွက် လာပို့ပေးတာပါ။"
"အခုလောက်ထိမလုပ်ပေးလည်းရပါတယ်။ အခုလေးတင် ညစာစားလာပြီးလို့ မုန့်တွေပြန်ယူသွားလိုက်ပါ။ သခင်မကြီးကိုလည်း ကျေးဇူးတင်ကြောင်းပြောပေးပါဦး"
အားရှာတစ်ယောက် စိုးရိမ်တစ်ကြီးဖြစ်သွားကာ
" ထန်သခင်လေးလက်မခံတဲ့အကြောင်း သခင်မကြီးကို ဘယ်လိုရှင်းပြရမလဲ? တကယ်လို့ သခင်လေးလက်မခံနိုင်ဘူးဆို သခင်မကြီးကို ကိုယ်တိုင်ပဲလိုက်ပြောလိုက်ပါလား သခင်လေး?"
အားရှာတစ်ယောက် အမြဲတမ်းလိုလို ယခုလိုမျိုး အကြံတွေအသုံးပြုလေသည်။ ထန်ဖန်းကလူကြီးလူကောင်း တစ်ဦးဖြစ်သည့် အပြင် လီမိသားစုနှင့် ရင်းနှီးသောဆက်ဆံရေးရှိသော်လည်း ယခုအချိန်မှာ လီသခင်ကြီးရှိမနေသည့်အပြင် အိမ်တော်၌လည်း အမျိုးသမီးနှင့် ကလေးသာရှိတာကြောင့် ထန်ဖန်းအနေနှင့် လူအများအမြင်မှ အထင်လွဲမှုမရှ်ိရလေအောင် လီသခင်မအား ကိုယ်တိုင်သွားတွေ့ရန်မဖြစ်နိုင်ပေ။ အားရှာက တကယ့်ကို ဉာဏ်များလွန်းသော မိန်းကလေးတစ်ဦးဖြစ်လေသည်။
ထန်ဖန်းက အားရှာကို အိမ်ထဲဝင်ခွင့် ပေးလိုက်ရင်း ဝမ်းနည်းနေသည့် အားရှာက်ိုကြည့်ရင်း
" အဆင်ပြေရဲ့လား အားရှာ?
လီသခင်မက ထန်ဖန်းအတွက် တစ်ခုခုပေးပ်ို့ပေးသည့် အခါတိုင်း အားရှာ အားပို့ဆောင်စေတာကြောင့် ထန်ဖန်းနှင့်ရင်းနှီးလို့နေလေသည်။ အားရှာ မှာ အခုချိန်တွင် နှစ်သိမ့်ရန်လိုအပ်လို့နေလေသည်။
ထန်ဖန်းမေးလိုက်တဲ့အချိန်မှာတော့ အားရှာတစ်ယောက်လေသံတ်ိုးတိုးလေးဖြင့်
"အရင်ရက်တွေက သခင်ကြီးဆီကသူပြန်လာတော့မယ့်အကြောင်း စာရခဲ့တယ်။ စာထဲမှာသခင်ကြီးက ပြန်လာတော့မယ့်အကြောင်းအပြင် သူအပြင်မှာ အမျိုးသမီးတစ်ဦး ထပ်တွေ့ခဲ့ပြီး အခုအဲ့အမျိုးသမီးမှာ ကိုယ်ဝန်ရှိနေတဲ့အကြောင်းနဲ့ အခုအဲ့အမျိူးသမီးကို မြိူ့တော်ကို ခေါ်လာမယ့် အကြောင်းပါ ရေးထားခဲ့တာကြောင့် သခင်မကြီး အရမ်းဝမ်းနည်းနေတာ။ ရှေ့လျှောက်အိမ်တော်မှာ သတိထားနေရတော့မှာဆိုတော့ သခင်မကြီး အဆင်ပြေဖို့ ပဲဆုတောင်းနေရတော့မှာပဲ။"
YOU ARE READING
ချန်းဟွာမင်းရဲ့ဆယ့်လေးနှစ်မြောက်မှာ[The Sleuth Of Ming Dynasty]MM Translation
Tarihi KurguစာရေးဆရာMengXi Shi လောင်ရှီးရဲ့Chenghua Shisi NainကိုEng-tranကနေဘာသာပြန်ခြင်းဖြစ်ပါတယ်။E-tranဖတ်ချင်ရင်တော့Novel Updateမှာရှိပါတယ်။ ဖတ်၍အဆင်မပြေခဲ့ပါက ဘာသာပြန်သူရဲ့လိုအပ်ချက်ဖြစ်ပြီး အဆင်ပြေခဲ့ပါက မူရင်းစာရေးဆရာ၏အရည်အချင်းကြောင့်ပါ။