အပိုင်း(၁၁.၁)

180 37 11
                                    

လေးစားဖွယ်ရာလူကြီးမင်း

ရွယ်လင်းဟာ မိမိရဲ့ဆိုးဝါးလှတဲ့ကံကိုပဲ စိတ်ထဲမှနေ၍ အပြစ်တင်ရုံသာတတ်နိုင်ခဲ့လေသည်။ ရွှယ်လင်းတစ်‌ေယာက် မြောက်ပိုင်းရုံးတော်မှ မထွက်ခွာမှီအချိန်၌ ချိုင်ဟူအဆင့်ရှိလူတစ်ယောက်ဟာ စွေ့ကျိုးအားလာရှာခဲ့ပြီး စကားလာရောက်ပြောနေခဲ့လေသည်။ချိုင်ဟူလူကြီးမင်းနဲ့ စကားပြောနေချိန်မှာပဲ စွေ့ကျိုးက
ရွှယ်လင်းကို ထန်ဖန်းဆီစေလွှတ်ခဲ့ခြင်းဖြစ်လေသည်။ရွှယ်လင်းဟာ စွေ့ကျိုးနောက်လိုက်ခဲ့သည်မှာ အချိန်ကြာပြီဖြစ်တာကြောင့်
စွေ့ကျိုးအလျင်လိုနေတာမဟုတ်သည်ကိုတော့ နားလည်လေသည်။သို့သော်လည်း ဆရာဖြစ်တဲ့စွေ့ကျိုးဟာ သူတို့ကို ယခုလိုမျိူး ထိုင်စောင့်နေလိမ့်မည်ကိုတော့ မမျှော်လင့်ထားသည်မှာ အမှန်ပင်။

ရွယ်လင်းဟာအနည်းငယ်စိုးထိတ်နေသံဖြင့်

"အကိုကြီး ထန်လူကြီးမင်းရောက်ပါပြီ။အကိုကြီးခိုင်းစရာမရှိတော့ရင် ကျွန်တော့်ကို ခွင့်ပြုပါဦး"

စွေ့ကျိုးဆီမှ" အင်း"ဟူသောအသံကြားလိုက်ချိန်မှာတော့ ရွယ်လင်းဟာ မိမိအား စွေ့ကျိုးမှခွင့်လွှတ်လိုက်ပြီဖြစ်တာကြောင့်စိတ်သက်သာရသွားလေသည်။မထွက်ခွာခင်အချိန်လေးမှာပဲ ကံကောင်းပါစေဟူသော အကြည့်တစ်ချက်အားထန်ဖန်းအား ကြည့်ခဲ့ပြီး အလျင်စလိုထွက်သွားလေတော့သည်။

ထန်ဖန်းကချောင်းတစ်ချက်ဟန့်လိုက်ရင်း " စွေ့ကျုန်းချီပေးတဲ့ ဆေးအတွက် ကျွန်တော်စွေ့ကျုန်းချီကိုကျေးဇူးတင်စကားမပြောရသေးဘူးပဲ။ စွေ့ကျုန်းချီပေးတဲ့ဆေးရဲ့အာနိသင်က တကယ်ကောင်းတာပဲ။သုံးကြိမ်ပဲလိမ်းယုံနဲ့တင် ဒဏ်ရာတွေသက်သာသွားပြီ။"

စွေ့ကျိုးကထန်ဖန်းရဲ့လည်ပင်းကိုတစ်ချက်ကြည့်လိုက်ပြီး လည်ပင်းပေါ်ကဒဏ်ရာတွေသက်သာသွားတာကို မြင်ပြီးချိန်မှာတော့" လိုက်ခဲ့" ဟူသောစကားတစ်ခွန်းဆိုကာ အရှေ့မှထွက်ခွာသွားလေသည်။

ထန်ဖန်းဟာစွေ့ကျိုးနောက်သို့လိုက်ပါလာခဲ့လေသည်။ သူတို့နှစ်ဦးဟာ ခြံဝင်းတစ်ခုကိုဖြတ်လာပြီးနောက်မှာတော့ အဆောက်အအုံတစ်ခုရှေ့သို့ ရောက်ရှိလာပြီး ယင်းအဆောက်အဦီးရဲ့ လှေကားထစ်များအတိုင်းဆင်းလာခဲ့လေသည်။အောက်ထပ်သို့ရောက်လေလေ အပူချိန်မှာ‌မူလကအပူချိန်ထက် တဖြေးဖြေးကျဆင်းလာလေဖြစ်လေသည်။

ချန်းဟွာမင်းရဲ့ဆယ့်လေးနှစ်မြောက်မှာ[The Sleuth Of Ming Dynasty]MM TranslationWhere stories live. Discover now