အခန်း(၁၂.၁)

142 22 2
                                    

Unicode

ဝူအန်းအိမ်တော်ရဲ့အခြေအနေဟာ မြူခိုးများနှင့်ဖုံးလွှမ်းထားသကဲ့သို့ အုံ့မ‌ှိုင်းလို့နေလေသည်။

ကျန်းချန်ဟာ တရားဝင်ဇနီးဖြစ်သူမှမွေးဖွားသော အကြီးဆုံးသားတစ်ယောက်ဖြစ်ပေသည်။ကျန်းချန်ရဲ့ မကောင်းသတင်းတွေကြောင့်သာ တရားရုံးကသူ(ကျန်းချန်)အား အိမ်တော်ရဲ့ဆက်ခံသူအဖြစ် သတ်မှတ်ပေးဖို့ နှောင့်နှေးနေခြင်းပင်ဖြစ်ပေသည်။အရာအားလုံးဟာ တရားရုံးရဲ့လက်ထဲ၌သာရှိနေပြီး အမှန်တကယ်တော့ တရားရုံးအနေဖြင့် အိမ်တော်ဆက်ခံသူတွေကိုထိန်းချူပ်ရန်အတွက် အသုံးပြုတဲ့နည်းလမ်းတစ်ခုလည်းဖြစ်ပေသည်။တရားရုံးအနေဖြင့် ဆက်ခံသူရာထူးကို မသတ်မှတ်ပေးရသေးတာကြောင့် ယခုကဲ့သို့သောအခြေအနေ၌ အရာအားလုံးကို လက်ကလေးတစ်ချောင်းလှုပ်ရုံမျှဖြင့် ပြောင်းလဲနိုင်တာကြောင့် ဝူအန်းအိမ်တော်ဟာ ခြေတစ်လှမ်း‌မှားမည်ကိုပင် ကြောက်ရြံ့နေကြရလေသည်။

တရားရုံး‌ေတာ်ရဲ့သဘောထားဟာ ရာထူးကြီးမြင့်တဲ့ အိမ်တော်တွေအပေါ်သာမက ကျူးအမည်ရအိမ်တော်အတွက်ပါ ဖြစ်ပေသည်။မင်မင်းဆက်ကိုစတင်တည်ထောင်ချိန်ကတည်းကစတင်လာ‌တဲ့ ကျူးအိမ်တော်ဟာ မင်းဆက်သက်တမ်းကြာလာသည်နှင့်အမျှ တိုင်းပြည်အနှံ့အပြား၌ အင်အားများတိုးပွားလို့လာကာ မင်းမျိုးမင်းနွယ်များကိုပင် ချုပ်ကိုင်နိုင်စွမ်းရှိကြလေသည်။အရှင်မင်းမြတ်နှင့် တရားရုံးတော်ရဲ့အမြင်မှာတော့ ကျူးအိမ်တော်ဟာ တိုင်းပြည်ဘဏ္ဍာများကို အလဟဿဖြူန်းတီးနေသူများဟုသာ မှတ်ယူထားကြလေသည်။ဘိုးဘေးဘီဘင်များလက်ထက်၌ ချမှတ်ထားခဲ့ကြတဲ့ အမိန့်တော်များဟာ။ဘုရင်မင်းမြတ်နှင့် တရားရုံးတော်ကိုတားဆီးထားကြသော အတားအဆီးတစ်ခုပင်ဖြစ်ပေသည်။

ဒါတွေဟာတရားရုံးတော်ရဲ့ရပ်တည်ချက်များပင်ဖြစ်ပေသည်။
ကျန်းရင်အတွက် ကျန်းချန်ဟာ ခေါင်းကိုက်စရာပြသာနာများကို အမြဲဖန်တီးလာသော်ငြားလည်း ကျန်းချန်ဟာတရားဝင်သားအကြီးဆုံးသားဖြစ်တာကြောင့် မပူဆွေးပဲမနေနိုင်သည်မှာတော့ အမှန်ပင်။ကျန်းချန်၏အမေဖြစ်သူ ကျန်းသခင်မကြီးမှာလည်း သားဖြစ်သူအတွက် ဝမ်းနည်းကြေကွဲလို့နေပြီး အိပ်ယာထဲပင်လဲလို့နေလေသည်။

ချန်းဟွာမင်းရဲ့ဆယ့်လေးနှစ်မြောက်မှာ[The Sleuth Of Ming Dynasty]MM TranslationWhere stories live. Discover now