သိမ့်အိမ်ထဲဝင်တော့...ထိုလူကဧည့်ခန်းထဲကဆိုဖာပေါ်မှာ..လှဲနေပြီး...ဦးငယ်တို့အိမ်က..ထမင်းချက်အဒေါ်ကြီးက သူ့ကိုရေတစ်ခွက်လာချပေးတါတွေ့ရတယ်..
စာသင်ဖို့အိမ်အပေါ်ထပ်မီးငယ်..အခန်းထဲရောက်တော့
"မီးငယ်..သူကဘယ်သူလဲ..ဘာလို့မီးငယ်တို့အိမ်မှာ..နေချင်သလိုနေနေတာလဲ"လို့မေးလိုက်တော့
"သူက..ကနေဒါမှာနေတဲ့မီးငယ်ကြီးကြီးရဲ့သမီးTomboyလေ.သူကတောင်ကြီးမှာလည်းနေတယ်.ရန်ကုန်မှာလည်းနေတယ်..အခုဖွားဖွားနေမကောင်းလို့ဖေဖေက သူ့ပွဲရုံကိုဦးစီးလုပ်ပေးဖို့ခေါ်ထားတာ" အဲ့တော့မှ သိမ့်လည်းအလန့်တကြားနဲ့
"ဟန်မင်းပိုင်..သူက..ဟန်မင်းပိုင်လား"
"မမသိမ့်က..သူ့ကိုသိတာလား"
"အင်း..သိတယ်..ကဲမမတို့Englishစာစသင်ကြတာပေါ့"
"ဟုတ်မမသိမ့်"
သိမ့်လည်းမီးငယ်ကို စာသင်ရင်း အတွေးထဲမှာ 'အင်း..သူတောင်မှတော်တော်ပြောင်းလဲသွားတာပဲ...မပြောင်းလဲတာတစ်ခုက..သိမ့်ကိုဆိုအမြဲတမ်းသူ့ရဲ့ရန်သူလိုဆက်ဆံနေတာပဲ'
"မမသိမ့် မမသိမ့် "
"ဟင်..မီးငယ်..မမကိုခေါ်တာလား"
"ဟုတ်တယ်...မမဒီည..ဒီမှာအိပ်ပါလား..ဖေဖေနဲ့မေမေက..ဖွားဖွားကိုရန်ကုန်မှာဆေးရုံသွားပြတယ်"
"မမသိမ့်.မအိပ်တော့ဘူးလေ..အိမ်မှာမီးငယ်တစ်ယောက်တည်းမှမဟုတ်တာ..ဟိုလူလည်းရှိတယ်လေ"
"ဟာ..မမသိမ့်ကလည်း..အရင်ကလည်းအိမ်မှာအိပ်နေကျကို..ဒီနေ့ကျမှဘာလို့မအိပ်တာလဲ...ဘာလဲ..ဟန်လေးကိုကြောက်လို့လား"
"မမက ဘာလို့..သူ့ကိုကြောက်ရမှာလဲ အိမ်ကိုဖုန်းဆက်ပြီးအကြောင်းကြားလိုက်အုံးမယ်..ဒီညဒီမှာ အိပ်မယ်လို့"
"ဟေး...ဒါမှ မမသိမ့်ကွ..အခုတော့ထမင်းသွားစားကြမယ်ဒေါ်ကြီးလာခေါ်နေပြီ"
သိမ့်တို့လည်းထမင်းသွားစားဖို့အခန်းထဲကအထွက်
ဟန်လည်း..ခုနက မီးငယ်ရဲ့ဆရာမကိုမြင်ဖူးသလိုတော့ ရှိတယ်..ဘယ်မှာမြင်ဖူးပါလိမ့်လို့စဥ်းစားမရဘူး
YOU ARE READING
ချစ်ခြင်းတို့တည်ရှိရာ နေရာသို့
Romanceရွှေဆံတော်ဘုရားကြီးကိုသက်သေတည်၍..ရှင်ပြန်လာမယ့်အချိန်ကိုစောင့်နေခဲ့တာပါ ပိုးသော်တာသိမ့် ငယ်ငယ်က စာသင်ခန်းထဲကblackboardမှာရေးခဲ့တဲ့ "ပိုးသော်တာသိမ့်ကိုချစ်တယ်" ဆိုတဲ့စာက..ကိုယ့်နှလုံးသားထဲက ဖြစ်တည်ခဲ့တဲ့စက...