သိမ့်တို့..ဒီနေ့DNAစစ်ထားတဲ့အဖြေရမှာမို့လို့..ဟန်နဲ့အတူ..ဟန့်သူငယ်ချင်းနဲ့ချိန်းထားတဲ့နေရာကိုရောက်လာခဲ့တယ်
"ဟေ့ကောင်..ဟန်မင်းပိုင်.ငါဒီမှာ" ဆိုပြီး.လက်လှမ်းပြပြီးလှမ်းခေါ်လို့..သူရှိတဲ့နေရာဆီသွားပြီး..
"သားကြီး...ဘာ်လိုလဲresultက"
"99.9% ကိုက်ညီမှုရှိတယ်..ဟေ့ကောင်"
သိမ့်တို့နှစ်ယောက်လည်း အံသြသွားပြီး "ဟမ်"
"ဟုတ်တယ်...ဒီမှာresultစာရွက်..ငါအလုပ်ကိစ္စရှိသေးလို့ပြန်တော့မယ်..နောက်ရက်ကျမှတွေ့မယ်" ဟန့်သူငယ်ချင်းပေးတဲ့စာရွက်ကresultကိုကြည့်ပြီး
"ကို.. မြန်မြန်လုပ်..သိမ့်တို့.သိမ့်တူလေးကိုတွေ့ဖို့ဘူတာကိုသွားကြမယ်" ဆိုပြီးဘူတာဘက်ကို..ကားမောင်းလာခဲ့တယ်
ကားဝင်လို့မရတော့တဲ့နေရာရောက်တော့..ကားကိုရပ်ပြီး..အမြန်ပြေးသွားလိုက်တယ်..မြေးအဖွားနှစ်ယောက်ရှိတဲ့ အိမ်ရောက်တော့..တစ်ယောက်မှရှိမနေဘူး.
ဟန်တို့လည်း..အဲ့နားကအိမ်ကလူတစ်ယောက်ကို
"အကို..ဟိုဘက်ကအိမ်က..မြေးအဖွားနှစ်ယောက်ရော..ဘယ်သွားလဲဗျ"
"သြော်...ဆုံးသွားတာ၃ရက်ရှိပြီ..ရပ်ကွက်ထဲကပဲ..သူ့အသုဘကိုနေ့ချင်းပြီးချပေးလိုက်တာ..သူ့မြေးလေးက..အခုချိန်ဆိုဘူတာမှာ.စျေရောင်းနေလောက်ပြီ"
"ဟုတ်အကို..ကျေးဇူးပါဗျ."
"ကို..သိမ့်တို့..သိမ့်တူလေးကိုဘူတာမှာ..သွားရှာကြမယ်" ဟန်တို့လည်းဘူတာရုံထဲမှာ..ကလေးလေးကိုလိုက်ရှာတော့..
"ပိုး..ဟိုမှာသားသား..လာ..ကိုယ်တို့သူ့ဆီသွားကြမယ်" ဟန်တို့သားသားဆီရောက်တော့
"ဦးဦးနဲ့ဆရာမ.. သားဆီလာကြတာလား"
"ဟုတ်တယ်..သားသားကိုလာခေါ်တာ..ဒီနေ့ကစပြီး..သားသား.ဦးဦးတို့နဲ့ပဲနေရမယ်..လာသွားကြမယ်" ပိုးကိုကြည့်လိုက်တော့..ငိုနေတယ်
"ကလေးရှေ့မှာမငိုနဲ့.ပိုး..ကိုယ်တို့.ယောက္ခမကြီးတွေဆီသားသားကိုခေါ်သွားကြမယ်" လို့ဖက်ပြီးနှစ်သိမ့်ပေးတော့
YOU ARE READING
ချစ်ခြင်းတို့တည်ရှိရာ နေရာသို့
Romanceရွှေဆံတော်ဘုရားကြီးကိုသက်သေတည်၍..ရှင်ပြန်လာမယ့်အချိန်ကိုစောင့်နေခဲ့တာပါ ပိုးသော်တာသိမ့် ငယ်ငယ်က စာသင်ခန်းထဲကblackboardမှာရေးခဲ့တဲ့ "ပိုးသော်တာသိမ့်ကိုချစ်တယ်" ဆိုတဲ့စာက..ကိုယ့်နှလုံးသားထဲက ဖြစ်တည်ခဲ့တဲ့စက...