သိမ့်တို့အိမ်ပေါ်ရောက်တော့..မီးငယ်က
"ရက်စက်လိုက်တာ..မင်္ဂလာဆောင်ဖိတ်စာလာဖိတ်တာတောင်..ကိုယ်တိုင်လာဖိတ်တယ်"
"မငိုပါနဲ့တော့..ညီမလေးရယ်..ညီမလေးရဲ့မျက်ရည်တွေနဲ့..သူကမထိုက်တန်ဘူး..မငိုပါနဲ့တော့နော်"
သိမ့်ကိုဖက်ပြီးမျက်ရည်တွေကျနေတဲ့သူ့ကို..အခုချိန်မှာ..ဟန်..သာရှိနေရင်..ဖြေရှင်းပေးနိုင်လိမ့်မယ်လို့တွေးခဲ့မိတယ်
သက်ထားတို့မင်္ဂလာဆောင်တဲ့နေ့ရောက်တော့..မီးငယ်နဲ့သိမ့်တို့နှစ်ယောက်လုံး..မင်္ဂလာဆောင်ကိုလိုက်မသွားပဲ..အိမ်မှာပဲကျန်ခဲ့တယ်
********
သက်ထားတို့မင်္ဂလာဆောင်ပြီးလို့အိမ်ပြန်ရောက်တော့"မင်းနဲ့ငါက..မင်္ဂလာဆောင်တယ်ဆိုတာ..အမည်ခံသက်သက်ပဲ...ငါတို့ကအခန်းခွဲနေရမှာ မင်းအဆင်ပြေတယ်မဟုတ်လား"
"ကျွန်မအတွက်အဆင်ပြေပါတယ်..ရှင့်မိဘတွေရော..ဒီအကြောင်းသိလား"
"သိတယ်..သူတို့ကိုငါပြောထားပြီးပြီ..အဲ့မှာမင်းအခန်း"
"အင်းပါ...ကျွန်မရှင့်အပေါ်အိမ်ထောင်ရှင်မတာဝန်တော့..ကျေပွန်အောင်ဆောင်ရွက်ပေးပါ့မယ်"
သက်ထားအခန်းထဲရောက်တော့..သက်ထားရဲ့ကလေးငယ်တစ်ယောက်..သက်ထားကိုစိတ်နာနေလောက်ပြီလို့တွေးမိတယ်
အခုဆိုရင်...တီချယ်လည်းလက်ထပ်ပြီးတာ..တစ်လရှိပြီ..မီးငယ်လည်းမနက်ဖြန်ဆိုရင်..ရန်ကုန်ကိုကျောင်းသွားတက်ရတော့မယ်..ညနေဘက်မီးငယ်ကမ်းနားလမ်းဘက်ဆိုင်ကယ်လျှောက်စီးတော့
"ဟင်..တီချယ်"
"သြော်..ကမ်းနားကိုဘာလာလုပ်တာလဲ..မီးငယ်"
"မနက်ကျ..ရန်ကုန်မှာတက္ကသိုလ်သွားတက်ရမှာမို့လို့..ပြည်မြို့အနှံ့လျှောက်လည်နေတာလေ..နောက်ဆိုရင်..ဟန်လေးလိုမျိုးးပြည်ကိုစိတ်နာပြီး.ပြန်လာရင်မှပြန်လာဖြစ်တော့မှာ"
"အင်း..ကောင်းပါတယ်..ဟိုမှာအဆင်ပြေအောင်နေ"
"ဟုတ်ကဲ့ပါ.ဟိုမှာကစိတ်ဆင်းရဲစရာမရှိလို့အဆင်ပြေမှာပါ..သွားခွင့်ပြုပါအုံး" ဆိုပြီးဆိုင်ကယ်မောင်းထွက်သွားတယ်
YOU ARE READING
ချစ်ခြင်းတို့တည်ရှိရာ နေရာသို့
Romanceရွှေဆံတော်ဘုရားကြီးကိုသက်သေတည်၍..ရှင်ပြန်လာမယ့်အချိန်ကိုစောင့်နေခဲ့တာပါ ပိုးသော်တာသိမ့် ငယ်ငယ်က စာသင်ခန်းထဲကblackboardမှာရေးခဲ့တဲ့ "ပိုးသော်တာသိမ့်ကိုချစ်တယ်" ဆိုတဲ့စာက..ကိုယ့်နှလုံးသားထဲက ဖြစ်တည်ခဲ့တဲ့စက...