သိမ့်မနက်အိပ်ယာနိုးတော့..ဟန်က..အိပ်ယာထသွားပြီ..ခဏကြာတော့..သူပြန်ရောက်လာပြီး
"အိပ်ယာနိုးနေရင်လည်း.ထတော့လေ..အပြင်သွားရအုံးမယ်"
"Ahh" သိမ့်လမ်းလျှောက်ဖို့ပြင်တော့.လမ်းမလျှောက်နိုင်ဘူး..နာနေတယ်
"Sorry..ကိုယ်ချီသွားပေးမယ်..ခဏစောင့်.အိမ်အောက်မှာရေနွေးသွားယူလိုက်အုံးမယ်..ရေနွေးလေးနဲ့ဆက်ချိုးလိုက်"
သူ့ကိုခေါင်းအုံးနဲ့ပစ်လိုက်ပြီး "သွား..မြန်မြန်သွားယူ..အဲဒါရှင့်ကြောင့်"
ဟန်လည်းအိမ်အောက်ကရေနွေးဓာတ်ဘူးယူကာ..ရေချိုးခန်းထဲရေနွေးစပ်ပြီး..ပြန်လာတော့
"ဘာလုပ်နေတာလဲ..မြန်မြန်လာချီ"
"ဟုတ်ကဲ့ပါ..သခင်မလေး" သူ့ကိုချီပြီးရေချိုးခန်းထဲပို့ပေးလိုက်တယ်
သိမ့်ရေချိုးအဝတ်အစားလဲပြီး..ဟန်နဲ့နှစ်ယောက်အိမ်အောက်ကို..မနက်စာစားဖို့..ဆင်းလာခဲ့တယ်..မီးဖိုခန်းထဲရောက်တော့ မေမေက
"သမီး..နေမကောင်းဘူးလား..မျက်နှာလည်းချောင်နေတယ်"
"မဟုတ်ဘူးမေမေ..သမီးညက..ကလေးတွေစာအုပ်ကိုအမှတ်ခြစ်ရင်းနဲ့အိပ်တာနောက်ကျသွားတာမေမေ" သူ့ကိုကြည့်တော့..ကိုယ့်ကိုပြုံးစိစိနဲ့ကြည့်နေတယ်
"သမီးတို့အပြင်သွားစရာရှိလို့လား"
"ဟုတ်မေမေ..သမီးတို့ဘူတာဘက်ခဏသွားမှာ..သူ့သူငယ်ချင်းလာမှာမို့လို့သွားကြိုမလို့" ဆိုပြီးလိမ်လိုက်ရတယ်
"သက်ထားဘယ်သွားလဲ..အန်တီ" ဟန်မေးလိုက်တော့
"သူ့မိဘအိမ်..ခဏပြန်သွားတယ်" ဟန့်သူငယ်ချင်း.သက်ထားခင်ကို..သိပ်အရေးမလုပ်တဲ့..သိမ့်ရဲ့မိဘတွေကိုဘယ်လိုနားလည်ပေးရမှန်းမသိတော့ဘူး
"ကို..ကော်ဖီသောက်ပြီးရင်လည်း..သွားကြမယ်လေ" သိမ့်သိတာပေါ့...မနေ့ကတည်းက..သူ့သူငယ်ချင်းကို..အကိုကြီးရန်လုပ်နေတာကို..ဝင်မတားတဲ့အဖေနဲ့အမေကို.သူသိပ်မကြည်ဘူးဆိုတာ
"အင်း.သွားမယ်"
ဟန်တို့လည်း..အပြင်သွားဖို့ထွက်လာခဲ့တယ်"ကို..ကားကိုဘယ်လိုမောင်းနေတာလဲ..မြို့ထဲမှာကားကိုအရှိန်လျော့မောင်းရမယ်ဆိုတာ..နားမလည်ဘူးလား"
YOU ARE READING
ချစ်ခြင်းတို့တည်ရှိရာ နေရာသို့
Romanceရွှေဆံတော်ဘုရားကြီးကိုသက်သေတည်၍..ရှင်ပြန်လာမယ့်အချိန်ကိုစောင့်နေခဲ့တာပါ ပိုးသော်တာသိမ့် ငယ်ငယ်က စာသင်ခန်းထဲကblackboardမှာရေးခဲ့တဲ့ "ပိုးသော်တာသိမ့်ကိုချစ်တယ်" ဆိုတဲ့စာက..ကိုယ့်နှလုံးသားထဲက ဖြစ်တည်ခဲ့တဲ့စက...