ဟန်ကဒီည.သူတို့အိမ်မှာအိပ်ဖို့ပြောတာကြောင့်သက်ထားတို့သားအမိလည်း...အိမ်မပြန်ပဲ.ဟန်တို့အိမ်မှာညအိပ်ဖို့ဆုံးဖြတ်လိုက်တယ်..
"မိုးချုပ်ပြီ..စားစရာတွေလည်း..ပြင်ဆင်လို့ပြီးပြီဆိုတော့..Partyစလိုက်ရအောင်..ဟေ့"
"လာပြီ..ဒေါက်တာရေ"
"ကဲ..လူလည်းစုံပြီဆိုတော့..စားကြသောက်ကြမယ်"
"ပါဆယ်ဂိမ်းဆော့ကြမယ်...ဒေါက်တာ.သီချင်းဆုံးလို့.ပါဆယ်ထုပ်လက်ထဲကျတဲ့သူက.မေးတာဖြေကြေး..ခိုင်းတာလုပ်ကြေး မဖြေချင်..မလုပ်ချင်ရင်..ဘီယာတစ်ခွက်ကုန်အောင်သောက်ရမယ်..ဘယ်လိုလဲ..သဘောတူကြလား"
"သဘောတူတယ်.." လို့ဟန်ဖြေလိုက်တော့..ပြည့်ကြီးကသီချင်းစဖွင့်လိုက်တယ်..သီချင်းဆုံးတော့..အထုပ်က.ဟန့်လက်ထဲမှာ
"ဟေး..ဒေါက်တာလက်ထဲကျတယ်ဟေ့" လို့မီးငယ်ရဲ့သူငယ်ချင်းတွေက.ပြောလိုက်တော့
"အဟမ်း..ငါ့ကိုမေးကြစမ်း.ခိုင်းကြစမ်းပါ"
ပြည့်ကြီးက "ကျွန်တော်မေးမယ်နော်..ဒေါက်တာ"
"မေး..ဘာမေးမှာလဲ"
"ဒေါက်တာMscလာတက်တုန်းကကျွန်တော့်ကိုပြောဖူးတဲ့.. ဆေးကျောင်းတတိယနှစ်တက်တုန်းက.တွဲခဲ့ဖူးတဲ့Final Part 2က စီနီယာအစ်မကြီးနာမည်ဘယ်သူလဲ"
အကုန်လုံးက "သေတာပဲ..မေးခွန်းသတ်ပြီ..ငါတို့ရဲ့ဒေါက်တာကို" သိမ့်ကို.ဟန်ကြည့်လိုက်တော့..ဟန့်ကိုစိတ်ဆိုးနေပြီ
"မဖြေတော့ဘူး..ဘီယာပဲသောက်မယ်ကွာ" ဆိုပြီး..ဟန်လည်းဘီယာခွက်ကိုမော့သောက်လိုက်တယ်
မီးငယ်က "ဟန်လေးလိမ်တယ်..မီးငယ်မေးတုန်းက..ဆေးကျောင်းမှာစာတွေပဲကျက်နေရလို့.ရည်းစားတောင်မထားဖြစ်ဘူးဆို"
"ဟေ့ကောင်..ငပြည့်.မင်းငါ့ကိုတော်တော်ဒုက္ခပေးတယ်နော်"
"ဒေါက်တာကလည်း.."
ဟန်တို့ပါဆယ်ဂိမ်းထပ်ဆော့တော့..ဟန်နဲ့မီးငယ်ကြားမှာ..ပါဆယ်ထုပ်ကျသွားလို့
"ဒေါက်တာနဲ့မီးငယ်..ဒီတစ်ခါတော့..ဂီတာနဲ့သီချင်းဆိုပြ"
"ကောင်းပြီကွာ..ဆိုမယ်..ငါဒီနေ့တော်တော်ကံမကောင်းပါလား"
YOU ARE READING
ချစ်ခြင်းတို့တည်ရှိရာ နေရာသို့
Romanceရွှေဆံတော်ဘုရားကြီးကိုသက်သေတည်၍..ရှင်ပြန်လာမယ့်အချိန်ကိုစောင့်နေခဲ့တာပါ ပိုးသော်တာသိမ့် ငယ်ငယ်က စာသင်ခန်းထဲကblackboardမှာရေးခဲ့တဲ့ "ပိုးသော်တာသိမ့်ကိုချစ်တယ်" ဆိုတဲ့စာက..ကိုယ့်နှလုံးသားထဲက ဖြစ်တည်ခဲ့တဲ့စက...