အပြင်ထွက်ဖို့ပြင်နေတဲ့..သူ့ကို ဟန်.အနောက်ကနေလှမ်းဖက်ပြီး
"မနက်ဖြန်..ညနေကျရင်...ရွှေဆံတော်ဘုရားသွားကြမယ်.မနက်ဖြန်တော့ကိုယ်မဖြစ်မနေ.မင်းကိုပြောစရာစကားရှိတယ်"
"ကျွန်မလည်းမနက်ဖြန်..ရှင့်ကိုပြောစရာရှိတယ်..အခုတော့လက်ကိုဖယ်..ခဏနေရင်..ရှင့်မိဘတွေရောက်လာတောမှာ"
သူ့ကိုဖက်ထားတာကိုဖယ်ပေးလိုက်တယ်...ခဏကြာတော့..အိမ်ရှေ့မှာကားရပ်သံကြားလို့..နှစ်ယောက်အတူတူအိမ်အောက်ဆင်းလာတော့..ဖေဖေမေမေနဲ့မမတို့အိမ်ထဲဝင်လာကြပြီ
ဖေဖေနဲ့မေမေကို..ပြေးဖက်လိုက်ပြီး "Hi Good Afternoon Daddy & Mommy"
"Hello my baby"
ဖွားဖွားက "လာ..ထိုင်ကြ..အခုမှပဲ..မြန်မာပြည်ကိုပြန်လာကြတယ်"
"အမေကလည်း...ကျွန်မတို့ကပြန်လာချင်တာပေါ့..အမေ့မြေးနဲ့သမက်က..အလုပ်ကိုယ်စီနဲ့ရှုပ်နေကြတဲ့ဟာ"
"ဟိုတစ်ယောက်ကလည်း..မြန်မာပြည်ပြန်လာတာ..ဖွားအေဖြစ်တဲ့ကျုပ်ဆီတစ်ခေါက်မှမလာဘူး"
"ဖွားဖွားကလည်း..သမီးက.အလုပ်ကိစ္စတွေနဲ့လာတာမို့လို့..ဖွားဖွားဆီမရောက်ဖြစ်တာပါ..ဟိုအလုပ်မရှိ..အကိုင်မရှိတဲ့..ဟန်မင်းပိုင်သာ..ဖွားဖွားဆီမှာလာနေပြီး..အခုလိုမိန်းမရသွားတာ"
သိမ့်..သူ့မျက်နှာကိုကြည့်လိုက်တော့..မျက်နှာတစ်ချက်ပျက်သွားပြီး..ဘာမှမဖြစ်သလို..ပြန်နေတယ်
ဖွားဖွားကသိမ့်ကိုလက်ယက်ခေါ်လို့..ဖွားဖွားဆီသွားတော့"အားလုံးကိုမိတ်ဆက်ပေးရအုံးမယ်..ဒါက..ငါ့ရဲ့မြေးချွေးမ..ပိုးသော်တာသိမ့်..မီးငယ်ရဲ့ဆရာမ"
"တွေ့ရတာဝမ်းသာပါတယ် သမီး..အန်တီနဲ့ဒီအန်ကယ်လ်က..ဟန်လေးရဲ့အမေနဲ့အဖေပါ..ဟိုဘက်က ဟန်လေးအစ်မ ဟန်လေးလိုလူမျိုးကိုလက်ထပ်ပေးလို့လည်းကျေးဇူးတင်ပါတယ်"
"ဟုတ်တွေ့ရတာဝမ်းသာပါတယ်"
လူကြီးတွေစကားပြောနေကြတော့..သိမ့်နဲ့ဟန်လည်းသူတို့အနားမှာထိုင်ပြီးနားထောင်လိုက်တယ်
ဟန်ရဲ့အစ်မက..ဟန့်နားရွက်ကိုလာလိမ်ဆွဲပြီး "ဟဲ့..ဟန်မင်းပိုင်..လာအခုလိုက်ခဲ့..နင်နဲ့ငါတွေ့မယ်" ဆိုပြီး..မီးဖိုးခန်းထဲကိုနားရွက်ဆွဲခေါ်သွားတယ်
YOU ARE READING
ချစ်ခြင်းတို့တည်ရှိရာ နေရာသို့
Romanceရွှေဆံတော်ဘုရားကြီးကိုသက်သေတည်၍..ရှင်ပြန်လာမယ့်အချိန်ကိုစောင့်နေခဲ့တာပါ ပိုးသော်တာသိမ့် ငယ်ငယ်က စာသင်ခန်းထဲကblackboardမှာရေးခဲ့တဲ့ "ပိုးသော်တာသိမ့်ကိုချစ်တယ်" ဆိုတဲ့စာက..ကိုယ့်နှလုံးသားထဲက ဖြစ်တည်ခဲ့တဲ့စက...