ဟန်.ညနေ.dutyဆင်းလို့..အိမ်ပြန်ရောက်တော့..ဖွားဖွားနဲ့ဦးငယ်တို့ကို
"သိမ့်တို့.အိမ်ကိုသွားချင်လို့..အခုလိုက်ပို့ပေးကြပါလား"
"ကိုယ့်ဟာကိုယ်သွားလေ..သူများသားသမီးကို.ထားခဲ့တုန်းကထားခဲ့ပြီး..အခုကျမှ..ဘာလို့သွားတွေ့ချင်ရတာလဲ"
"တော်ပြီဗျာ..ကိုယ့်ဟာကိုယ်ပဲသွားတော့မယ်"
ဟန်လည်း..သူတို့အိမ်ရှေ့ရောက်တော့..ကိုယ့်အပြစ်နဲ့ကိုယ်မို့..ယောက္ခမကြီးတွေကို.ရင်မဆိုင်ရဲလို့..ခြံထဲမဝင်ရဲဘူး
သိမ့်လည်း..တူလေးကိုခြံထဲမှာထိန်းရင်း.အပြင်ကနေ..အိမ်ကိုလှမ်းကြည့်နေတဲ့သူ့ကိုမြင်လို့..ခြံထဲဝင်ဖို့သွားခေါ်လိုက်တော့
"အပြင်မှာ..ရပ်မနေနဲ့..အိမ်ထဲဝင်မှဖြင့်ဝင်"
"မဝင်တော့ဘူး..ရော့..ဒီမှာမင်းအတွက်" ဆိုပြီး.ကားထဲကနေ နှင်းဆီပန်းစည်း..ထုတ်ပေးလိုက်တယ်
"ကိုယ်သွားပြီ..."
သူထွက်သွားတော့..သိမ့်တူလေးက
"တီတီ.အဲဒါဘယ်သူရဲ" စကားမပီကလာလေးနဲ့မေးလို့
"သူက တီတီ့ရဲ့အချစ်ဆုံး"
သိမ့်အိမ်ထဲကို..ပန်းစည်းကိုင်ပြီးဝင်လာတော့..ဖေဖေက
"အဲ့ပန်းစည်း..ဘယ်ကရတာလဲသမီး" လို့မေးတော့..သိမ့်တူလေးက
"ဦးဦးတစ်ယောက်ရာပေးသွားတာ...တီတီကပြောရယ်.အဲဒါ.သူ့ရဲ့အချစ်ဆုံးတဲ့" သွားပါပြီ..ဒီကလေးနဲ့တော့ခက်ပါရဲ့
"ဘယ်သူလဲ..ဟန်လေးလားသမီး..မေမေတို့ကိုအမှန်အတိုင်းပြော"
"ဟုတ်တယ်မေမေ..သမီး..သူနဲ့ပြန်မနေသေးတာက..သူ့ကိုသင်ခန်းစာပေးထါးတာ..အဲ့တုန်းကသမီးလွန်တယ်ဆိုတာလည်းသိပါတယ်.ဒါပေမဲ့သမီးကိုသူက၅နှစ်ကြီးများတောင်.ပစ်ထားတာ"
"အင်းပါ..သူ့ဘက်ကအလျော့ပေးနေတဲ့အချိန်မှာ..ကိုယ့်ဘက်ကပြန်မတင်းမိစေနဲ့ကြားလား"
"ဟုတ်..ဖေဖေဘယ်သူနဲ့ဖုန်းပြောနေတာလဲ"
"မောင်မင်းရောင်ပိုင်နဲ့သမီးရေ..ဟန်လေးလာသေးလားတဲ့..သူတို့ကို..ဒီအိမ်ကိုလိုက်ပို့ပါဆိုပြီးအတင်းပူဆာနေလို့.ကိုယ့်ဟာကိုယ်သွားဆိုပြီး..ကြပ်ပေးလိုက်တယ်တဲ့..ဟားဟား"
YOU ARE READING
ချစ်ခြင်းတို့တည်ရှိရာ နေရာသို့
Romanceရွှေဆံတော်ဘုရားကြီးကိုသက်သေတည်၍..ရှင်ပြန်လာမယ့်အချိန်ကိုစောင့်နေခဲ့တာပါ ပိုးသော်တာသိမ့် ငယ်ငယ်က စာသင်ခန်းထဲကblackboardမှာရေးခဲ့တဲ့ "ပိုးသော်တာသိမ့်ကိုချစ်တယ်" ဆိုတဲ့စာက..ကိုယ့်နှလုံးသားထဲက ဖြစ်တည်ခဲ့တဲ့စက...