ဒီနေ့မီးငယ်ပြန်လာမယ့်နေ..ဟန်နဲ့သိမ့်လည်း.ဖွားဖွားတို့အိမ်ကိုပြန်ရမှာမို့လို့..မနက်စာဝင်စားလိုက်တယ်
"သမီးတို့.ဒီနေ့.ဟန်လေးတို့အိမ်ကိုပြန်တော့မှာဆို"
"ဟုတ်တယ်မေမေ...ဒီနေ့.မီးငယ်လည်းပြန်ရောက်မှာဆိုတော့..သမီးတို့ပြန်တော့မယ်"
သက်ထားလည်း...ကလေးငယ်ပြန်လာတော့မယ်ဆိုတဲ့အကြောင်းကြားလိုက်ရတော့..မျက်နှာကပြုံးမှန်းမသိပြုံးမိသွားတယ်
"သူကလည်း..ကျောင်းသွားတက်ကတည်းက..ပြန်မလာတာ..ကျောင်းပြီးလို့ဘွဲ့ရမှပဲပြန်လာတော့တယ်"
"ဟုတ်တယ်.မေမေရေ"
"သမီး..မနက်ဖြန်ညနေကျ..အိမ်မှာထမင်းလာစားဖို့..သူ့ကိုဖိတ်လိုက်အုံး"
"သမီးပြောကြည့်အုံးမယ်ဖေဖေ..သူကလာချင်လား..မလာချင်လားမသိဘူး"
"သူငယ်ငယ်တုန်းက.အိမ်ကိုလာရင်..ဒီအိမ်ကနေမပြန်ဘူးဆိုပြီး..သမီးတို့မောင်နှမတွေနဲ့နေမယ်ဆိုပြီးနေခဲ့တာ"
"အခုက..မတူတော့ဘူး.မေမေရေ.ကလေးတုန်းကတော့ဟုတ်မှာပေါ့..အခုကNurseတစ်ယောက်ဖြစ်နေပြီဟာ" မေမေ့ကိုပြောသလိုနဲ့..သက်ထားကို..စောင်းပြောလိုက်တော့
"သိမ့်နဲ့ဟန်မင်းပိုင်..ကော်ဖီသောက်ပြီးရင်လည်း သွားကြတော့လေ"
"သွားမှာပါ..သက်ထားရယ်..အတင်းတွေနှင်လွှတ်နေတယ်..ဟင်း"
"နောက်ကျမှာစိုးလို့ပြောတာ.."
"အေးပါဟယ် ဖေဖေနဲ့မေမေ..သမီးတို့သွားပြီ..သားသားရေ..တီတီ့ကိုမွှေးမွှေးပေးအုံး"
"မပေးပါဘူး..ဦးဦးကိုပေးခိုင်း"
"ဟားဟား ကိုယ်ပေးရမလား.."
"ဘယ်လိုဖြစ်နေတာလဲ ဖေဖေနဲ့မေမေရှိနေတဲ့ဟာ..လာ..သွားမယ်"
ဟန်တို့အိမ်ရောက်တော့..အခန်းထဲကဗီရိုထဲမှာ..သိမ့်ရဲ့အဝတ်အစားတွေထည့်ပြီး
"ကိုယ်တို့နေခဲ့တဲ့အခန်းလေးကို..နောက်ဆုံးတော့..နှစ်ယောက်အတူပြန်နေခွင့်ရပြီ.."
"ကိုမရှိပဲနဲ့.သိမ့်..ဒီအခန်းထဲမှာကိုယ်ပြန်လာမယ့်အချိန်ကိုတစ်နှစ်ကျော်လောက်စောင့်နေခဲ့တာ.."
STAI LEGGENDO
ချစ်ခြင်းတို့တည်ရှိရာ နေရာသို့
Storie d'amoreရွှေဆံတော်ဘုရားကြီးကိုသက်သေတည်၍..ရှင်ပြန်လာမယ့်အချိန်ကိုစောင့်နေခဲ့တာပါ ပိုးသော်တာသိမ့် ငယ်ငယ်က စာသင်ခန်းထဲကblackboardမှာရေးခဲ့တဲ့ "ပိုးသော်တာသိမ့်ကိုချစ်တယ်" ဆိုတဲ့စာက..ကိုယ့်နှလုံးသားထဲက ဖြစ်တည်ခဲ့တဲ့စက...