ဟန်..မနက်အိပ်ယာနိုးလို့..သူ့ကို..ကိုယ်ပူစမ်းဖို့.. သူ့အခန်းထဲဝင်တော့..သူက
"ကျွန်မခေါင်းကိုက်နေတယ်..ဘယ်လိုလုပ်ရမလဲ..ဒီနေ့ပြန်ရမယ့်ဟာ"
"အဲဒါဆိုလည်းမနက်မှပြန်မယ်လေ...ခေါင်းကိုက်နေရင်.မင်းအဖျားရှိသေးတယ်..ကိုယ်အခု..မင်းအတွက်..၁၉လမ်းက.နို့ဆန်ပြုတ်နဲ့ငါးရံ့ဆန်ပြုတ်သွားဝယ်လိုက်အုံးမယ်"
"အင်း..သွားလေ..အိမ်ကိုလည်းဖုန်းဆက်လိုက်အုံးကျွန်မအိမ်ကိုပါပြောပေးပါလို့"
"စိတ်ချ..ကိုယ်ပြောလိုက်မယ်..ပြန်လာရင်..အဖျားမြန်မြန်ပျောက်အောင်ဆေးထိုးရမယ်"
ဟန်လည်းထွက်လာပြီး..စျေးထဲကအဒေါ်ကြီးကို..
"အဒေါ်ကြီး..ကျွန်တော့်ဖုန်းအခုလာတဲ့လမ်းမှာ..ခါးပိုက်နှိုက်ခံရလို့..အိမ်ကိုဖုန်းလေးတစ်မိနစ်ပဲပြောမှာပါ..ပိုက်ဆံတစ်ထောင်ပေးပါ့မယ်" ဆိုပြီး..ပိုက်ဆံတစ်ထောင်းထုတ်ပေးလိုက်တော့
"ရတယ်..တူလေး..ပိုက်ဆံမပေးနဲ့..ဖုန်းနံပါတ်ပြောအဒေါ်ကြီးခေါ်ပေးမယ်"
"09..." ဟန်လည်း..မီးငယ်ရဲ့ဖုန်းကိုခေါ်ခိုင်းလိုက်တော့
"Hello"
"Hello မီးငယ်..ငါ..ဟန်လေး..ငါတို့မနက်ကျမှပြန်လာမယ်..နင့်ရဲ့မမသိမ့်နေမကောင်းလို့..သူ့ဖုန်းရောငါ့ဖုန်းရော..မရှိဘူး..ဒါပဲသိလား..သူများဖုန်းနဲ့ဆက်ရတာမို့လို့"
"အင်းအင်း...ဟန်လေး" မီးငယ်လည်းကိုယ့်အကြံနဲ့ကိုယ်မို့လို့ပြုံးလိုက်မိတယ်..
ဟန်လည်း.ဖုန်းချပြီးတော့.."ကျေးဇူးတင်ပါတယ်..ဒေါ်ကြီး" ဆိုပြီးဖုန်းပြန်ပေးလိုက်တယ်
ဆန်ပြုတ်လိုက်ဝယ်ပြီး..ပြန်ရောက်တော့
"နို့ဆန်ပြုတ်လေး..ပူနေတုန်းသောက်လိုက်..ပြီးရင်ဆေးထိုးရမယ်"
"ဆေးမထိုးလို့မရဘူးလား..ကျွန်မဆေးတစ်ခါမှမထိုးဖူးဘူး"
"ဆေးမထိုးရင်..မင်းအဖျားကပျောက်မှာမဟုတ်ဘူး..ကိုယ်ဆေးထိုးအပ်ကိုမကိုင်တော့ဘူးလို့ဆုံးဖြတ်ထားတာ..မင်းကြောင့်ကိုယ်ဆေးထိုးအပ်ပြန်ကိုင်တာ"
YOU ARE READING
ချစ်ခြင်းတို့တည်ရှိရာ နေရာသို့
Romanceရွှေဆံတော်ဘုရားကြီးကိုသက်သေတည်၍..ရှင်ပြန်လာမယ့်အချိန်ကိုစောင့်နေခဲ့တာပါ ပိုးသော်တာသိမ့် ငယ်ငယ်က စာသင်ခန်းထဲကblackboardမှာရေးခဲ့တဲ့ "ပိုးသော်တာသိမ့်ကိုချစ်တယ်" ဆိုတဲ့စာက..ကိုယ့်နှလုံးသားထဲက ဖြစ်တည်ခဲ့တဲ့စက...