သိမ့်တို့အတန်းမှာ..Chapter End Testစာမေးပွဲဖြေပြီး..အဆင့်တွေ.ထွက်တော့..အတန်းပိုင်ဆရာမက
"ဒီအခန်းမှာ..အဆင့်တစ်နှစ်ယောက်ထွက်တယ်...အဆင့်သုံးကသက်ထားခင်..အဆင့်တစ် နှစ်ယောက်က ဟန်မင်းပိုင်နဲ့ပိုးသော်တာသိမ့်...နောက်လည်းဒီလိုပဲကြိုးစားကြပါ"
ဒီလိုနဲ့စာမေးပွဲတိုင်းမှာ.တစ်ယောက်နဲ့တစ်ယောက်သူတစ်လှည့်ကိုယ်တစ်လှည့်နဲ့..အဆင့်တစ်ကိုယူနေကြတာ..ဒီဇင်ဘာလရောက်တော့..အခန်းထဲက Blackboardမှာ
"ပိုးသော်တာသိမ့် ကိုချစ်တယ်" ဆိုပြီး ရေးထားတဲ့သူကို..စုံစမ်းတော့..ဟန်မင်းပိုင်
"ဟဲ့...ဟန်မင်းပိုင် blackboardမှာရေးတဲ့သူက နင်ဆို"
"ငါကဘာလို့ရေးရမှာလဲ...နင့်လိုမာနခဲကိုငါကဘာလို့ချစ်ရမှာလဲ"
"သေလေ..ငါကလည်းနင့်လိုဟိုမရောက်..ဒီမရောက်ကောင်ကိုလည်း..ငါကမချစ်ဘူး"သိမ့်အဲ့လိုပြောလိုက်တော့..ဟန်မင်းပိုင် မျက်နှာပျက်သွားတာကို..သက်ထားခင်တစ်ယောက်ပဲ မြင်လိုက်တယ်
တက္ကသိုလ်ဝင်စာမေးပွဲကြီးမဖြေခင်..ဖေဖော်ဝါရီလထဲမှာစာမေးပွဲတစ်ခုဖြေရတော့.
"သက်ထားခင်..ငါ့ကိုတစ်ခုကူညီပေးပါလား..ရော့ဒီမှာ..နင့်အတွက်ချောကလက်...ကနေဒါက..ငါ့အဖေနဲ့အမေဝယ်လာတာ"
"ကျေးဇူးပဲ..ငါကဘာကူညီရမှာလဲ"
"ငါ့ကိုဒီချောကလက်လေးနဲ့ပါဆယ်ဘူးလေူ.ပိုးသော်တာသိမ့်ကိုပေးပေးပါလား"
"နင်ကိုယ်တိုင်သွားပေးပါလား"
"ငါ..မပေးရဲလို့နင့်ကိုပေးခိုင်းတာပေါ့..ပေးပေးမှာလားမပေးပေးဘူးလား..ဒါပဲပြော"
"ငါပေးပေးပါ့မယ်.ငါသိနေတယ်..ငါမပြောလိုက်ချင်ဘူး"
"နင်ကလည်း..ဘာလဲဟ..ငါကသူ့ကိုစားစေချင်လို့ကျွေးတာ ဒါပဲ ငါစာမေးပွဲအခန်းထဲဝင်တော့မယ်"
............."သိမ့်..သိမ့်..ခဏနေပါအုံး" သိမ့်ကိုခေါ်သံကြားလို့လှည့်ကြည့်လိုက်တော့..သက်ထား
"ဘာပြောမလို့လဲ..သက်ထား"
"နင့်ကို..ဟန်မင်းပိုင်က..ချောကလက်ပေးခိုင်းလို့..ကနေဒါကသူ့အဖေနဲ့အမေဝယ်လာတာတဲ့"
YOU ARE READING
ချစ်ခြင်းတို့တည်ရှိရာ နေရာသို့
Romanceရွှေဆံတော်ဘုရားကြီးကိုသက်သေတည်၍..ရှင်ပြန်လာမယ့်အချိန်ကိုစောင့်နေခဲ့တာပါ ပိုးသော်တာသိမ့် ငယ်ငယ်က စာသင်ခန်းထဲကblackboardမှာရေးခဲ့တဲ့ "ပိုးသော်တာသိမ့်ကိုချစ်တယ်" ဆိုတဲ့စာက..ကိုယ့်နှလုံးသားထဲက ဖြစ်တည်ခဲ့တဲ့စက...