အိမ်ပြန်ရောက်တော့..ဟန်လည်းညနေကဟိုလူနဲ့သိမ့် ဘယ်လိုပတ်သက်လဲဆိုတာ.သိချင်လာတာနဲ့..မီးငယ်ကို
"မီးငယ်...ဆရာရန်နိုင်ဆိုတာသိလား"
"ဟန်လေးကသူ့ကိုဘာလုပ်မလို့မေးတာလဲ"
"ဘာမှမလုပ်ဘူး..သိချင်လို့..မြန်မြန်ပြောစမ်းပါဟာ"
"မီးငယ်တို့ကျောင်းကဆရာ..မမသိမ့်နဲ့လည်းရင်းနှီးတယ်..ဟန်လေး..ရန်ကုန်သွားတုန်းက..မီးငယ်နဲ့မမသိမ့်ကို..သူ့ကားနဲ့ပဲအသွားအပြန်ပို့ပေးတါ"
"နောက်တခါ သူ့ကားနဲ့မလိုက်နဲ့..ငါပဲအကြိုအပို့လုပ်ပေးမယ်..ပိုးသော်တာသိမ့်လိုက်ရင်လိုက်သွားပါစေ..နင်မလိုက်နဲ့"
မီးငယ်လည်းဟန်လေးကို စ ချင်လာတာနဲ့
"ဆရာရန်နိုင်ကလေ..မမသိမ့်ကိုကြိုက်နေတာသိလား..မမသိမ့်ကိုဆရာရန်နိုင်နဲ့ဆိုရင်လည်းသဘောတူပါတယ်"
ဟန်လည်းစိန်တိုလာပြီး"စကားမများနဲ့...ငါဖွားဖွားအခန်းကိုသွားလိုက်အုံးမယ်" ဆိုပြီး.ဖွားဖွားအခန်းကိုထွက်လာခဲ့လိုက်တယ်
ဖွားဖွားအခန်းထဲရောက်တော့ "ဖွားဖွား..ဟန်နောက်တစ်ပတ်တောင်ကြီးခဏပြန်အုံးမယ်...ဟိုမှာအန်တီလေး..တစ်ယောက်တည်းနဲ့..Hotelလုပ်ငန်းကိုထားခဲ့ရတာ..စိတ်မချလို့ပြန်ကြည့်အုံးမယ်"
"ပြည်ကိုပြန်လာမယ်မဟုတ်လား"
"ပြန်လာမယ်ဖွားဖွား နှစ်ပတ်ပဲကြာမှာ"
"အင်း..အဲဒါဆိုလည်းသွားလေ"
"ဟုတ်ဖွားဖွား" ဖွားဖွားဆီကခွင့်ပြုချက်ယူပြီး..ကိုယ့်အခန်းကိုပြန်လာခဲ့တယ်
......................
"မီးငယ်ရေ..ပြီးပြီလား..သွားကြမယ်..ကျောင်းနောက်ကျနေမယ်"
"ပြီးပြီ ဟန်လေးရေ..လာ ကားပေါ်တက်..မောင်းတော့..မမသိမ့်တို့အိမ်ကို"
"အင်းပါ" ကားပေါ်တက်ခါနီး..ပန်းအိုးထဲမှာ..နှင်းဆီပန်း အနီတစ်ပွင့်..ပွင့်နေလို့..ခူးပြီးမီးငယ်မမြင်အောင်ဝှက်ထားလိုက်တယ်
"ဟန်လေး..မြန်မြန်လာ..မောင်းတော့.မမသိမ့်စောင့်နေလိမ့်မယ်"
YOU ARE READING
ချစ်ခြင်းတို့တည်ရှိရာ နေရာသို့
Romanceရွှေဆံတော်ဘုရားကြီးကိုသက်သေတည်၍..ရှင်ပြန်လာမယ့်အချိန်ကိုစောင့်နေခဲ့တာပါ ပိုးသော်တာသိမ့် ငယ်ငယ်က စာသင်ခန်းထဲကblackboardမှာရေးခဲ့တဲ့ "ပိုးသော်တာသိမ့်ကိုချစ်တယ်" ဆိုတဲ့စာက..ကိုယ့်နှလုံးသားထဲက ဖြစ်တည်ခဲ့တဲ့စက...