ဟန်.အိမ်အောက်ဆင်းလာပြီး..သိပ်မကြာဘူး..သိမ့်တို့တူရီးနှစ်ယောက်ဆင်းလာတယ်..
"သမီးနဲ့ဟန်လေးကို..ဖေဖေတို့လူကြီးတွေပြောစရာရှိတယ်"
"ဟုတ်ကဲ့..ပြောပါဖေဖေ"
"သမီးတို့နှစ်ယောက်..ဒီနေ့ကစပြီးအတူတူပြန်နေကြတော့..ရန်လည်းမဖြစ်ကြနဲ့..ဟန်လေးကလည်း..သမီးလေးကိုတစ်သက်လုံးပစ်မထားနဲ့တော့..အိမ်ထောင်ရှင်တွေဆိုတာက..ရန်ဖြစ်စကားများတာလည်းရှိတယ်..လွန်ခဲ့တဲ့၅နှစ်ကလိုကိစ္စမျိုးနောက်ထပ်မဖြစ်စေကြတော့နဲ့"
"ဟုတ်ကဲ့ပါ..ဦးလေး" ဟန်ကတော့..ဝမ်းသာအားရနဲ့ပြောနေပေမယ့်..သူ့ဘက်ကတော့..တစ်ခွန်းမှပြန်မပြောခဲ့ဘူး
"ကိုသော်တာရေ..အဲဒါဆိုကျွန်တော်တို့ကိုပြန်ခွင့်ပြုပါအုံး..ဟန်လေးကို.အစ်ကိုတို့နဲ့ပဲအပ်ခဲ့တယ်..ဟန်လေး..ဒီညဒီအိမ်မှာပဲ..အိပ်လိမ့်မယ်"
"ကားကိုလည်းဂရုစိုက်မောင်းပြီး..ပြန်ကြအုံး..မီးငယ်လေးပြန်လာရင်လည်းလွှတ်လိုက်ပါအုံး..မတွေ့ရတာကြာပြီ"
"ဟုတ်..ကိုသော်တာ"ဦးငယ်တို့ပြန်သွားတော့..
"ဟဲ့..ဟန်မင်းပိုင်..နင်ဒီတစ်ခါ..ငါယောက်မကိုထားသွားလို့ကတော့.အခုလိုနားရွက်မဆွဲတော့ဘူး..အသေသတ်မှာ" နားရွက်ကိုလာဆွဲပြီးပြောနေတဲ့.သက်ထားကြောင့်
"နာလိုက်တာ..တီချယ်သက်ထားရာ..လွှတ်တော့..ဟိုမှာနင့်သားလေးငါ့ကိုကြည့်ပြီး..ရယ်နေပြီ"
"မေမေ..အဲ့ဦးဦးကို..နာနာရိုက်..ခုနက..တီတီ့အခန်းထဲမှာ..တီတီ့ကိုမွှေးမွှေးတွေပေးနေတာ.." သိမ့်တူလေးရဲ့စကားကြောင့်..ဟန်ရော..သိမ့်ရော.အလန့်တကြားဖြစ်ကုန်ပြီး..သိမ့်ကရှက်ပြီး..အိမ်ပေါ်မြန်မြန်တက်သွားတယ်..သက်ထားက
"ဟားဟား ဟန်မင်းပိုင်..နင်ကတကယ်သွက်သားပဲ"
"ဘာမှလာမပြောနဲ့.နင်တို့သားအမိတွေတကယ်မလွယ်ဘူး.ငါသွားပြီ" ဟန်လည်းသိမ့်နောက်မြန်မြန်...လိုက်သွားလိုက်တယ်
သိမ့်ရဲ့အခန်းထဲရောက်တော့..အခန်းတံခါးကိုlockချလိုက်ပြီး
"မိန်းမ..ကိုယ်တို့ခုနက..အဆက်လေးပြန်လုပ်ရအောင်"
YOU ARE READING
ချစ်ခြင်းတို့တည်ရှိရာ နေရာသို့
Romanceရွှေဆံတော်ဘုရားကြီးကိုသက်သေတည်၍..ရှင်ပြန်လာမယ့်အချိန်ကိုစောင့်နေခဲ့တာပါ ပိုးသော်တာသိမ့် ငယ်ငယ်က စာသင်ခန်းထဲကblackboardမှာရေးခဲ့တဲ့ "ပိုးသော်တာသိမ့်ကိုချစ်တယ်" ဆိုတဲ့စာက..ကိုယ့်နှလုံးသားထဲက ဖြစ်တည်ခဲ့တဲ့စက...