ဒီနေ့နဲ့ဆို..သူ့ကို သိမ့်မတွေ့ရတာနှစ်ရက်ရှိပြီ..ညနေ၅နာရီထိုးတော့မှာမို့လို့..သိမ့်လည်းမီးငယ်ကို စာသင်ပေးဖို့ဆိုင်ကယ်ယူပြီးအိမ်ကထွက်လာခဲ့တယ်
မီးငယ်တို့အိမ်ရောက်တော့ ဖွားဖွားက "သမီးသိမ့်...ဒီမှာမုန့်လာစား..ဟန်လေးရန်ကုန်က ဝယ်လာတာ"
"ဟုတ်ဖွားဖွား" သိမ့်လည်းဧည့်ခန်းထဲမှာဦးငယ်တို့..ဖွားဖွားတို့နဲ့မုန့်ဝင်စားလိုက်တယ်
ဟန်လည်း သူလေးကို..စ ချင်လို့..
"ဖွားဖွား..ဒီမုန့်အိမ်ကလူတွေကိုကျွေးဖို့ဝယ်လာတာ..သူ့ဖို့မပါဘူး.." လို့လျှာထုတ်ပြောင်ပြပြီးပြောလိုက်တော့
"ဟန်လေး..ဘာလို့..သမီးသိမ့်ကိုပြောရတာလဲ..အားနာစရာ..သမီးသိမ့်..ဦးငယ်ကပဲကြားထဲကတောင်းပန်ပါတယ်နော်"
"ရပါတယ်..ဦးငယ်..သမီး..မီးငယ်ကိုစာသွားသင်လိုက်ပါအုံးမယ်" လို့ပြောပြီး..ဟန့်ကိုမျက်စောင်းထိုးပြီးအိမ်ပေါ်တက်သွားတယ်
"ဟန်လေး..ဘာလို့အဲ့လိုပြောလိုက်တာလဲ..သမီးသိမ့် စိတ်ဆိုးသွားပြီ..အဲ့လိုမပြောနဲ့..ဦးငယ်တို့မကြိုက်ဘူးနော်"
"ဦးငယ်ကလည်း..ဟန်က နောက်လိုက်တာ..ဟန့်ရဲ့ဗျူဟာတွေ ဦးငယ်မသိပါဘူး သူတို့ပဲ..သမီးသိမ့်နဲ့လက်ထပ်ပါပြောပြီးတော့..ဟန်က သူ့ဖို့ မုန့်သက်သက်ပါတယ် သူပြန်တော့မှပေးမှာ"
"ဟုတ်ပါပြီ...ဦးငယ်တို့က..သမီးသိမ့်ကိုဟန်လေးကမကြည်ဖြူဘူးထင်လို့"
"ကြည်ဖြူပါတယ်..ပြီးတော့..."
"ဘာလဲ..ဆက်ပြောလေ...ဖွားဖွားနဲ့ဦးငယ်တို့သိတယ်နော်"
"တော်ပြီ..အပေါ်တက်တော့မယ်"
"မီးငယ်နဲ့သမီးသိမ့်ဖို့..မုန့်နဲ့ကော်ဖီယူသွားပေးအုံး"
ဟန်လည်း..သူတို့ဖို့မုန့်ယူပြီးတက်လာခဲ့တယ်..မီးငယ်ရဲ့အခန်းထဲရောက်တော့.ဟန့်ကိုမျက်စောင်းထိုးနေတဲ့အစ်မကြီးကိုအရင်ဆုံးတွေ့လိုက်ရတယ်
"မီးငယ်..ဒီမှာ..နင်တို့ဖို့မုန့်နဲ့ကော်ဖီ..မုန့်ကရွှေပုစွန်က ဝယ်လာတာ..ကုန်အောင်စား..ဟိုဘက်က တီချယ်လည်းကုန်အောင်စားနော်"
YOU ARE READING
ချစ်ခြင်းတို့တည်ရှိရာ နေရာသို့
Romanceရွှေဆံတော်ဘုရားကြီးကိုသက်သေတည်၍..ရှင်ပြန်လာမယ့်အချိန်ကိုစောင့်နေခဲ့တာပါ ပိုးသော်တာသိမ့် ငယ်ငယ်က စာသင်ခန်းထဲကblackboardမှာရေးခဲ့တဲ့ "ပိုးသော်တာသိမ့်ကိုချစ်တယ်" ဆိုတဲ့စာက..ကိုယ့်နှလုံးသားထဲက ဖြစ်တည်ခဲ့တဲ့စက...