Part 10

2.3K 162 3
                                    

ဟန်..သူနာပြုအစ်မနဲ့စကားပြောပြီးတော့..၁၂နာရီခွဲနေပြီ..အဲဒါကြောင့်

"နေ့လည်စာ..သွားစားကြမယ်..၁၉လမ်းဘက်ပဲသွားလိုက်မယ်..ရမလား"

"ရတယ်..ရှင်အဆင်ပြေတဲ့ဆိုင်ကိုသာသွား"

ဟန်လည်း..လသာ ၁၉လမ်းထဲက.ဟန်....
..ရန်ကုန်​ဆေးရုံကြီးမှာအလုပ်သင်ဆရာဝန်ဆင်းတုန်းက.dutyပြီးရင်..သွားစားနေကျဆိုင်ကိုပဲမောင်းလာခဲ့တယ်

ဆိုင်ကိုရောက်တော့ "မင်းဘာစားမှာလဲ..မှာလိုက်..ငါကမင်းစားတာပဲစားမှာ" လို့ပြောပြီးမြန်မာဆန်ဆန်လေးနဲ့လှနေတဲ့သူ့ကိုငေးနေလိုက်တယ်

သိမ့်ကိုပြုံးပြီးမျက်တောင်မခတ်ကြည့်နေတဲ့သူ့​ကြောင့်..စားပွဲထိုးကောင်လေးကို "မောင်လေးရေ..အစ်မကိုထမင်းဖြူနှစ်ပွဲ..ပုစွန်ဟင်းတစ်ပွဲနဲ့ဝက်ချိုချဥ်ကြော်တစ်ပွဲပေးပါ.ပြီးတော့..ရေသန့်တစ်ဘူးပါပေး"

ခဏကြာတော့..သိမ့်တို့မှာထားတာတွေရောက်လာပြီးထမင်းစားတော့

"ဒီဆိုင်က..အရသာမဆိုးဘူး..ကောင်းသားပဲ"

"အဲဒါငါတို့.ရန်ကုန်ဆေးရုံကြီးမှာ အလုပ်သင်ဆရာဝန်ဆင်းတုန်းကတည်းက..ဒီဆိုင်မှာပဲလာစားတာ"

"ရှင်ဆေးပြန်ကုဖို့အစီအစဥ်မရှိဘူးလား..ခုနက.ရှင့်သူငယ်ချင်းပြောနေတာ..Mscတွေခေါ်နေပြီတဲ့..ရှင်ကျောင်းပြန်မတက်ဘူးလား"

"ငါစဥ်းစားနေပါတယ်..ထမင်းစားစရာရှိတာ.စားကွာ..ပြီးရင်..ငါ့အခန်းကိုပြန်ကြမယ်..ငါ့အခန်းက..ဒီနားကလသာလမ်းထဲမှာပဲ"

သိမ့်တို့ထမင်းစားပြီးတော့..သူ့တိုက်ခန်းကိုပြန်လာပြီး..သူ့တိုက်ခန်းရောက်တော့

"မင်း.ဟိုဘက်အခန်းမှာနေ..ငါကဒီဘက်အခန်းမှာနေမယ်..ညကျရင်..တရုတ်တန်းကိုလျှောက်လည်ပြီး..အဲ့မှာပဲစားကြတာပေါ့..အခုတော့နားလိုက်အုံး"

"အင်း..ဒီတိုက်ခန်းကရှင့်တိုက်ခန်းလား"

"ဟုတ်တယ်..ကိုယ်ဆေးတက္ကသိုလ်စတက်တုန်းက..ကိုယ့်ကိုအဆောင်မှာထားရမှာစိတ်မချလို့..ကိုယ့်အဖေနဲ့အမေဝယ်ပေးထါးတာ..အဲ့တုန်းကအိမ်အကူအဒေါ်ကြီးတစ်ယောက်လည်းငှာပေးထါးတယ်..အခုက..ကိုယ့်အစ်မပြန်လာရင်လည်း..ခဏနေတယ်..ဖွားဖွားတို့ဆေးလာကုရင်လည်း.ဒီမှာပဲနေတာ"

ချစ်ခြင်းတို့တည်ရှိရာ နေရာသို့Where stories live. Discover now