Part 15

2.4K 166 7
                                    

ဟန်တို့အိမ်ပြန်ရောက်တော့..ဧည့်ခန်းထဲမှာမိသားစုတွေ..အားလုံးစုံနေတယ်..

"ဟန်လေးတို့လာကြ"

"ဟုတ်ဖွားဖွား" ဟန်တို့လည်း.ဝင်ထိုင်လိုက်တယ်

မေမေက "သမီးသိမ့်အတွက်..မေမေ့ရဲ့လက်ဖွဲ့ .ဖွင့်ကြည့်လိုက်အုံး" သိမ့်လည်း..ဟန့်မေမေပေးတဲ့ကတ္တီပါဘူးကိုဖွင့်ကြည့်လိုက်တော့..ပတ္တမြားနဲ့လုပ်ထားတဲ့..လက်ဝတ်ရတနာတစ်ဆင်စာ

"သမီးအတွက်..အဲဒါတွေမလိုပါဘူး..အန်တီ" သိမ့်လည်း..ဟန့်မေမေလက်ထဲကို..ကတ္တီပါဘူးပြန်ထည့်ပေးတော့

ဖွားဖွားက "ယူလိုက်ပါသမီးသိမ့်..ပြီးတော့..ဟန်လေးမေမေကိုလည်းအန်တီလို့မခေါ်နဲ့တော့လေ..မေမေလို့ခေါ်ရတော့မှာပေါ့"

"ဟုတ်ကဲ့ဖွားဖွား..သမီးလက်ခံလိုက်ပါ့မယ်..မေမေ့ကိုလည်းကျေးဇူးတင်ပါတယ်..ဒီပစ္စည်းတွေကို..သမီးတစ်သက်လုံး..တန်ဖိုးထားပါ့မယ်"

သိမ့်တို့ညစာ..ထမင်းစားတော့..ထမင်းစားဝိုင်းမှာ.မီးငယ်က

"အားလုံးကို..မီးငယ်ပြောစရာရှိပါတယ်..စိတ်တော့မဆိုးကြပါနဲ့"

"ဘာများလဲပြောလေ..သမီး"

"တကယ်တော့..ဟန်လေးနဲ့မမသိမ့်က...ခိုးမပြေးပါဘူး..သူတို့ကိစ္စနဲ့သူတို့ရန်ကုန်ကိုသွားကြတာပါ..သမီးကသူတို့နှစ်ယောက်ကို.မြန်မြန်ပေးစားစေချင်လို့..ခိုးပြေးသွားတာဆိုပြီးလိမ်ပြောခဲ့တာပါ" မီးငယ်အဲ့လိုပြောလိုက်တော့..အားလုံးက

"ဟားဟား....မီးငယ်ကအခုမှပြောတာ..သမီးရဲ့မမကြီးပြောပြလို့..မနေ့ကတည်းကသိပြီးပြီ..မသိတာဆိုလို့..ဟန်လေးနဲ့သမီးရဲ့မမသိမ့်ပဲမသိတာ"

ဟန်နဲ့သိမ့်တို့နှစ်ယောက်လည်း..မီးငယ်ကိုစိတ်မဆိုးတော့ပါဘူး..

"အခုမှတော့..စိတ်မဆိုးတော့ဘူး..ကံစီမံရာအတိုင်းပဲပေါ့"

"ဟန်လေးက..စိတ်မဆိုးဘူးဆိုတော့..မမသိမ့်ကရော..မီးငယ်ကိုစိတ်ဆိုးလို့ဘာမှမပြောတာလား"

"မဟုတ်ပါဘူး.မီးငယ်ရဲ့..မမသိမ့်..စိတ်မဆိုးပါဘူး"

ဦးငယ်က "မီးငယ်..နောက်တစ်ခါ..ဘယ်သူ့ကိုမှအဲ့လိုမလုပ်ရဘူးနော်..ဖေဖေမကြိုက်ဘူး..ဟန်လေးနဲ့သမီးသိမ့်..မို့လို့သာ.ပြဿနာမတက်တာ"

ချစ်ခြင်းတို့တည်ရှိရာ နေရာသို့Where stories live. Discover now