Part 16

2.4K 166 10
                                    

သိမ့်နဲ့ဟန်တို့နှစ်ယောက်...သိမ့်အဖေနဲ့အမေအိမ်ကိုရောက်တော့...အကိုကြီးက

"ဖေဖေနဲ့မေမေရေ..သိမ့်နဲ့ဟန်လေးတို့လာတယ်"

"လာ.လာ..ဟန်လေးနဲ့သမီးရေ"

"ဖေဖေနဲ့မေမေ နေကောင်းတယ်နော်"လို့ပြောပြီးဖေဖေနဲ့မေမေကိုပြေးဖက်လိုက်တော့

"ဟယ်..ဒီကောင်မလေးတော့..မတွေ့ရတာ..၂၄နာရီတောင်မရှိသေးဘူး.အဖေနဲ့အမေကို.လာချွဲနေတယ်"

"ဖေဖေကလည်း..သမီးက..တချို့သူတွေကိုချွဲလို့မရလို့..ဖေဖေနဲ့မေမေကိုချွဲတဲ့ဟာကို" ဟန့်ကိုကြည့်ပြီးပြောလိုက်တော့..

"ဟန်လေးအပေါ်မဆိုးရဘူးနော်..သမီး"

"ဟန့်အပေါ်မှာ..သူမဆိုးပါဘူး..အန်တီ"

"အင်းပါ..မင်းတို့အချင်းချင်းအဆင်ပြေအောင်နေကြနော်"

"ဟုတ်ကဲ့ပါ..အန်တီ..ပြီးတော့..ဟန်.ပြောစရာရှိလို့ပါ"

"ဘာများလဲ..ပြောလေ..ဟန်လေး"

"ဟန်..ဆေးပညာဘွဲ့လွန်တက်ဖို့အတွက်..ရန်ကုန်ကိုနောက်တစ်ပတ်သွားရမှာ..သူ့ကို.အန်တီတို့နဲ့တစ်ပတ်ကိုသုံးရက်လောက်ပြန်နေခိုင်းချင်လို့"

"အန်တီတို့..သမီးလေး..ပြန်နေချင်တယ်ဆိုရင်.အန်တီတို့ကလက်ခံပါတယ်"

"သမီးမေမေတို့နဲ့တစ်ပတ်ကိုသုံးရက်ပြန်နေပါ့မယ်"

"ဟန်လေး..ကျောင်းဆက်တက်ပြီး..ဆရာဝန်အလုပ်ကို..ပြန်လုပ်တော့မယ်ဆိုတော့..အကိုကြီးဝမ်းသာပါတယ်..ဟန်လေးကထူးချွန်တဲ့ဆရာဝန်ကောင်းတစ်ယောက်ဖြစ်လာမှာပါ"

"ကျေးဇူးပါ.အကိုကြီး"

သိမ့်ရဲ့မိဘအိမ်မှာ.စကားတွေပြော.တစ်နေကုန်နေပြီး..ညစာထမင်းစားပြီးမှအိမ်ကိုပြန်လာခဲ့ကြတယ်

..........................

"ဟန်လေးနဲ့မမသိမ့်ရေ..ကျောင်းသွားကြမယ်လေ..မြန်မြန်လာကြတော့"

"လာပါပြီ.မီးငယ်ရယ်..နင်ကလည်း.တော်တော်ကျောင်းသွားချင်နေတာလား..ရိုးတော့မရိုးတော့ဘူး"

"ဟန်လေးနော်..မီးငယ်ကဘာကိုမရိုးရမှာလဲ..ထင်ချင်ရာထင်မနေနဲ့.သွားမယ်လာ..မမသိမ့်..မီးငယ်တို့နှစ်ယောက်အနောက်ခန်းကပဲထိုင်မယ်..ရှေ့ခန်းကdriverလေး..ကျောင်းကိုမောင်းတော့"

ချစ်ခြင်းတို့တည်ရှိရာ နေရာသို့Where stories live. Discover now