ဒီနေ့ဆိုရင်..ဟန်ထွက်သွားတာ..တစ်နှစ်ကျော်ပြီ...မီးငယ်လည်း..ဂုဏ်ထူး၅ဘာသာပါပြီး..သူနာပြုတက္ကသိုလ်တက်ခွင့်ရလို့.မနက်ဖြန်ဆို..ရန်ကုန်မှာကျောင်းသွားတက်ရမယ်..ဒါ့ကြောင့်.သိမ့်လည်း
"သိမ့်..ဖွားဖွားတို့ကိုပြောစရာရှိလို့ပါ"
"ဘာများလဲ..သမီးသိမ့်ပြောလေ"
"မီးငယ်လည်း..မနက်ဖြန်ရန်ကုန်ကျောင်းသွားတက်ရတော့မယ်ဆိုတော့..သမီးလည်းမနက်ဖြန်.ဖေဖေနဲ့မေမေတို့အိမ်မှာပြန်နေပြီး..သူပြန်လာမယ့်နေ့ကိုအိမ်ကနေပဲစောင့်နေပါတော့မယ်"
"အင်းးပါ..သမီး..ဦးငယ်တို့တောင်းပန်ပါတယ်နော်..အဲ့နေ့က..ဦးငယ်တို့မရှိလို့..သူ့ကိုမတားပေးနိုင်ခဲ့ဘူး"
"တော်တော်နေနိုင်တဲ့..ဟန်လေး...မိသားစုတွေဘယ်သူ့ကိုမှလည်းအဆက်အသွယ်မလုပ်..သူ့ရဲ့ရန်ကုန်ကတိုက်ခန်းမှာလည်းမနေ..ဘယ်ကိုများထွက်သွားတာလဲ"
"ဖွားဖွား..မီးငယ်တို့..ထမင်းစားကြတာပေါ့..မမသိမ့်လည်း.ထမင်းစားတော့"
အားလုံးရဲ့..အကြည့်တွေက..သိမ့်အပေါ်အားနာတဲ့အကြည့်တွေနဲ့ဘာမှဆက်မပြောတော့ပဲထမင်းစားခဲ့ကြတယ်..
************
ဟန်အခုဆိုရင်..ခွဲစိတ်အထူးကုဆေးပညာဘွဲ့လွန်..နောက်ဆုံးနှစ်ပြီးတော့မယ်..ဖေဖေ့ဘက်က.တောင်ကြီးကအန်တီလေးရဲ့ပံ့ပိုးမှုနဲ့ကျောင်းတက်ဖို့ငွေကြေးတွေရခဲ့တယ်..အန်တီလေးကိုတော့ဟန်နဲ့အဆက်အသွယ်မရဘူးလို့ပဲပြောခိုင်းထားတယ်..အခုဆိုပြည်ကိုမပြန်ဖြစ်တာ..၄နှစ်ရှိပြီ"ဟူး..."
"အမယ်လေး..ဒေါက်တာဟန်မင်းပိုင်...ဘာတွေများသက်ပြင်းချနေတာလဲ..မဟုတ်မှလွဲရော..ပြည်မှာကျန်ခဲ့တဲ့ကောင်မလေးကို..သတိရနေတာလား"
"မဟုတ်ပါဘူး..အစ်မဥမ္မာရာ...မနက်ဖြန်စာမေးပွဲဖြေရတော့မယ့်အကြောင်းကိုတွေးပြီးကြောက်နေလို့ပါ" တကယ်တော့..ဟန်နဲ့သူနဲ့ဖြစ်ခဲ့တဲ့ပြဿနာတွေအကြောင်းစဥ်းစားပြီးသက်ပြင်းချမိတာ
"ဘာမှကြောက်မနေနဲ့...ဒေါက်တာက.စာတော်ပါတယ်..wardထဲကProfessorကတောင်ပြောနေတယ်..ဟန်မင်းပိုင်က..တော်တယ်တဲ့"
YOU ARE READING
ချစ်ခြင်းတို့တည်ရှိရာ နေရာသို့
Romanceရွှေဆံတော်ဘုရားကြီးကိုသက်သေတည်၍..ရှင်ပြန်လာမယ့်အချိန်ကိုစောင့်နေခဲ့တာပါ ပိုးသော်တာသိမ့် ငယ်ငယ်က စာသင်ခန်းထဲကblackboardမှာရေးခဲ့တဲ့ "ပိုးသော်တာသိမ့်ကိုချစ်တယ်" ဆိုတဲ့စာက..ကိုယ့်နှလုံးသားထဲက ဖြစ်တည်ခဲ့တဲ့စက...