မီးငယ်လည်း..ဟန်လေးနဲ့မမသိမ့်..ရန်ကုန်ကိုအတူတူသွားတော့..သူတို့နှစ်ယောက်ကိုသဘောတူတာကြောင့်မနက်စာထမင်းဝိုင်း၌
"ဖေဖေ.မေမေ..ဖွားဖွား..သမီးပြောစရာရှိတယ်"
"ဘာများလဲ.သမီး...ပြောလေ"
"ဟိုလေ..မနက်က.ဟန်လေး.ရန်ကုန်သွားတာကလေ..မမသိမ့်ကိုကားတင်ပြီးခိုးပြေးသွားတာ" လို့မီးငယ်ပြောလိုက်တော့
ဖေဖေက "ဟုတ်လို့လား..သမီးရယ်..သူတို့နှစ်ယောက်ကိုသီတင်းကျွတ်ရင်..လက်ထပ်ပေးမယ့်ဟာ"
"ဟုတ်တယ်ဖေဖေရဲ့...ဟန်လေးက..မမသိမ့်ကိုဆရာရန်နိုင်နဲ့သဝန်တိုပြီး..ခိုးပြေးသွားတာ"
"ဟန်လေး..ဟန်လေး..ငါတို့မျက်နှာအိုးမဲနဲ့သုတ်သွားတာ...သီတင်းကျွတ်ရင်လက်ထပ်ပေးမယ့်ဟာကိုကွာ" လို့ဖေဖေကပြောလိုက်တော့
ဖွားဖွားက "မောင်သော်တာတို့ကို..အကျိုးအကြောင်းသွားပြောလိုက်အုံး..သားငယ် သူတို့သမီးက..ရိုးရိုးသားသားကိစ္စရှိလို့သွားတဲ့ဟာ..ကိုယ့်လူက..ကားတင်ပြေးသွားတာ"
"ဟုတ်မေမေ..သားသွားပြောလိုက်မယ်"
မီးငယ်လည်း 'မီးငယ်ကို..ခွင့်လွှတ်ပါ.....ဟန်လေးနဲ့မမသိမ့်ရေ' လို့ စိတ်ထဲကနေပြောနေမိလိုက်တယ်
.................
ပြည်မှာဘာဖြစ်နေလဲမသိတဲ့..ဟန်လေးနဲ့သိမ့်ကတော့"8မိုင်ရောက်နေပြီလို့..မင်းသူငယ်ချင်းကိုဖုန်းဆက်လိုက်အုံး"
"အင်း...ဆက်လိုက်မယ်" ဖုန်းဆက်မလို့..ဖုန်းကိုအိတ်ထဲမှာရှာတော့..မတွေ့ဘူး
"ဟင်..ကျွန်မဖုန်းကျန်ခဲ့ပြီ.ဘယ်လိုလုပ်ရမလဲ"
"ဟာ..ဒုက္ခပါပဲ..နေအုံး.မင်းသူငယ်ချင်းဖုန်းနံပါတ်..မှတ်မိလား"
"မမှတ်မိဘူး"
"အဲဒါဆိုလည်း..မင်းတို့ချိန်းထားတဲ့နေရာမှာ..ငါလိုက်စောင့်နေပေးမယ်.တော်ကြာမင်းသူငယ်ချင်း..မလာဖြစ်ရင်...မင်းတစ်ယောက်တည်းဖြစ်နေမယ်"
"ကျွန်မက..ချိန်းထားတာမဟုတ်ဘူး..ရောက်တော့မှ..သူငယ်ချင်းကိုဖုန်းဆက်ပြီးလာခေါ်ခိုင်းမလို့ဆိုပြီး.မချိန်းတာ"
YOU ARE READING
ချစ်ခြင်းတို့တည်ရှိရာ နေရာသို့
Romanceရွှေဆံတော်ဘုရားကြီးကိုသက်သေတည်၍..ရှင်ပြန်လာမယ့်အချိန်ကိုစောင့်နေခဲ့တာပါ ပိုးသော်တာသိမ့် ငယ်ငယ်က စာသင်ခန်းထဲကblackboardမှာရေးခဲ့တဲ့ "ပိုးသော်တာသိမ့်ကိုချစ်တယ်" ဆိုတဲ့စာက..ကိုယ့်နှလုံးသားထဲက ဖြစ်တည်ခဲ့တဲ့စက...