"ကို...မနက်၇နာရီထိုးနေပြီ..အိပ်ယာထတော့လေ...ကို့အတွက်.သိမ့်မနက်စာပြင်ပေးထါးတယ်..မျက်နှာသစ်ပြီးစားတော့"
"အင်းပါ..ကို.အိပ်ယာထတော့မယ်နော်...ခဏနေရင်စျေးသွားကြမယ်..ကိုယ့်သူငယ်ချင်းတွေကို..အိမ်အလည်လာဖို့ဖိတ်ထားလို့..စားစရာတွေကတော့..food pandaကနေမှာလို့ရတယ်..လိုအပ်တာလေးပဲအပြင်မှာသွားဝယ်ကြတာပေါ့"
"ဟုတ်ပါပြီ..အခုတော့မျက်နှာသွားသစ်"
သူမျက်နှာသွားသစ်တော့..သိမ့်ဆီကိုဖုန်းဝင်လာလို့ကြည့်လိုက်တော့..သက်ထားဆီက
"Hello သက်ထား"
"သိမ့်ရေ..ငါနဲ့မီးငယ်..ဒီနေ့ည.အဝေးပြေးကားနဲ့ရန်ကုန်လာမလို့..မနက်ကျ..အဝေးပြေးဂိတ်မှာငါတို့ကိုလာကြိုပေးအုံး"
"ဟင်...အေးပါ.ငါတို့မနက်ကျလာကြိုပေးမယ်..သားသားရောပါမှာလား"
"ဟဲ့..ငါက..ကလးငယ်ကိုခိုးပြေးလာတာ..သားသားကိုဘာလို့ခေါ်လာရမှာလဲ"
"ဘယ်လို...နင်က..မီးငယ်ကိုခိုးပြေးလာမလို့ပေါ့..ဟုတ်လား"
"ဟုတ်တယ်..ကိစ္စလေးတချို့ရှိသွားလို့...အခုလိုပဲစီစဥ်လိုက်ရတာ..ငါ့ကိုကူညီပါဟာ..နင်နဲ့တွေ့မှငါပြောပြမယ်"
"အေးပါ..မနက်ဖြန်နင်တို့ရောက်မယ့်အချိန်ဖုန်းဆက်လိုက်..ကို့ကိုငါပြောလိုက်အုံးမယ်"
"အင်း..အဲဒါဆိုဒါပဲနော်..မနက်ကျကားဂိတ်ကစောင့်နေ"
သက်ထားဖုန်းချသွားပြီး.ခဏနေတော့..မျက်နှာသစ်ပြီးအခန်းထဲပြန်ဝင်လာတဲ့..ဟန့်ကို
"ကို..မနက်ကျသက်ထားနဲ့ကို့ညီမကို..ကားဂိတ်မှာသွားကြိုရအုံးမယ်..သူတို့ဒီနေ့ညကားနဲ့ရန်ကုန်လာမလို့ပြောတယ်"
"ဟင်..ဟုတ်လား..အဲဒါဆိုမနက်ကျကိုယ်တို့သွားကြိုကြတာပေါ့"
"ကို့ကို..သိမ့်ပြောစရာတစ်ခုကျန်သေးတယ်"
"ဘာများလဲ.ပိုးရဲ့"
"တကယ်တော့...မီးငယ်ကိုသက်ထားကခိုးပြေးလာမှာတဲ့"
ဟန်လည်း.အံသြသွားပြီး "ဟမ်....ဘယ်လိုတွေဖြစ်ကုန်တာလဲ..မြန်လှချည်လား"
YOU ARE READING
ချစ်ခြင်းတို့တည်ရှိရာ နေရာသို့
Romanceရွှေဆံတော်ဘုရားကြီးကိုသက်သေတည်၍..ရှင်ပြန်လာမယ့်အချိန်ကိုစောင့်နေခဲ့တာပါ ပိုးသော်တာသိမ့် ငယ်ငယ်က စာသင်ခန်းထဲကblackboardမှာရေးခဲ့တဲ့ "ပိုးသော်တာသိမ့်ကိုချစ်တယ်" ဆိုတဲ့စာက..ကိုယ့်နှလုံးသားထဲက ဖြစ်တည်ခဲ့တဲ့စက...