မီးငယ်တို့..ဒီနေ့.သရေခေတ္တရာ..ပျူမြို့ဟောင်းကို.သွားမယ့်နေ့...မမသိမ့်က
"မီးငယ်တို့..အရင်သွားနှင့်ကြ မမသိမ့်တို့နောက်ကလိုက်ခဲ့မယ်..ဝင်စရာရှိသေးလို့"
"ဟုတ်..မီးငယ်တို့ကားအရင်သွားနှင့်မယ်နော်"
"Okမီးငယ်..သရေခေတ္တရာသွားတဲ့လမ်းဆုံကစောင့်နေ"
"မီးငယ်တို့သွားတော့မယ်"
မီးငယ်တို့ထွက်သွားတော့..သိမ့်တို့လည်းသက်ထားတို့သားအမိကိုသွားခေါ်ဖို့ထွက်လာခဲ့ကြတယ်သက်ထားတို့အိမ်ရှေ့ရောက်တော့..သက်ထားတို့သားအမိထွက်လာပြီး
"သွားကြမယ်..နေမပူခင်"
"သွားမယ်..ကားပေါ်တက်..သားသား.လာ..တီတီ့ဆီ"
"ဟုတ်..တီတီ"
သိမ့်တို့လည်း..မီးငယ်တို့ကိုအမှီလိုက်ဖို..သရေခေတ္တရာသွားတဲ့လမ်းဆုံကိုထွက်လာခဲ့တယ်
သရေခေတ္တရာ လမ်းဆုံရောက်တော့..
"ကို..ဟိုမှာမီးငယ်တို့ကားမဟုတ်လား"ဆိုပြီး..မသိသလိုပုံစံနဲ့မေးလိုက်တော့
"ဘယ်မှာလဲ..ပိုးရဲ့..ကိုယ်မတွေ့ဘူး" လို့မတွေ့သလိုပြန်ပြောလိုက်တယ်
"ဟိုမှာလေ..ကိုရဲ့..သူတို့ကား.ဘာဖြစ်လို့လဲမသိဘူး..ကို..ဆင်းမေးလိုက်အုံး" ဆိုပြီးမျက်စိတစ်ဖက်မှိတ်ပြလိုက်တော့
"သူတို့လည်းသရေခေတ္တရာသွားမှာထင်တယ်...ကို..သွားမေးလိုက်အုံးမယ်..ခဏစောင့်အုံး"
"သွားမေးလိုက်"
ဟန်လည်းကားပေါ်ကဆင်းပြီးမီးငယ်တို့ကားဆီလမ်းလျှောက်သွားလိုက်တယ်"မီးငယ်..ငါ့ကားပေါ်မှာနင့်ဆရာမပါတယ်.."
"ဟင်..ဟန်လေးကဘာလို့ခေါ်လာတာလဲ"
"ကျန်တာတွေဘာမှမပြောနဲ့..နင်.ငါတို့နဲ့အမှတ်မထင်ဆုံတာလို့ပဲသိထား..ငါသွားတော့မယ်"
ဟန်လေးထွက်သွားတော့..မီးငယ်လည်းဟိုရောက်ရင်တီချယ်နဲ့အမှတ်မထင်ဆုံသလိုလုပ်ရမှာပဲ..ဟန်လေးနဲ့မမသိမ့် ဘာတွေကြံစည်နေပြန်တာလဲမသိဘူး
YOU ARE READING
ချစ်ခြင်းတို့တည်ရှိရာ နေရာသို့
Romanceရွှေဆံတော်ဘုရားကြီးကိုသက်သေတည်၍..ရှင်ပြန်လာမယ့်အချိန်ကိုစောင့်နေခဲ့တာပါ ပိုးသော်တာသိမ့် ငယ်ငယ်က စာသင်ခန်းထဲကblackboardမှာရေးခဲ့တဲ့ "ပိုးသော်တာသိမ့်ကိုချစ်တယ်" ဆိုတဲ့စာက..ကိုယ့်နှလုံးသားထဲက ဖြစ်တည်ခဲ့တဲ့စက...